Advertisements

မော်လမြိုင်၊ မေ၂၁

မွန်ပြည်သစ်ပါတီကို မွန်အရပ်ဖက်အဖွဲ့အစည်းကွန်ရက်အနေနှင့် လိုအပ်သည့် နည်းပညာများကို ပံ့ပိုးကူညီသွားမည် ဖြစ်ကြောင်း အဆိုပါ အရပ်ဖက်အဖွဲ့အစည်းကွန်ရက် ဦးဆောင်ကော်မတီဝင် နိုင်မင်းအောင်ထူးကပြောသည်။

မေလ၂၀ရက်နေ့ မော်လမြိုင်မြို့ မြိုင်သာယာရပ် ပိုင်ခေတ်ခန်းမတွင် ကျင်းပခဲ့သော မွန်အရပ်ဖက်အဖွဲ့အစည်း ကွန်ရက် အစည်းအဝေးတွင် မီဒီယာများကို ယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

Advertisements
data-language="en"

“မွန်ပြည်သစ်ပါတီကို ပံ့ပိုးတာ တိုက်ရိုက်တော့ မဟုတ်ဘူး၊ မွန်ပြည်သစ်ပါတီက NCAလမ်းကြောင်း ဒီငြိမ်းချမ်းရေး အခင်းအကျင်းမှာ လိုအပ်တဲ့ နည်းပညာပံ့ပိုးမှုတို့ မူဝါဒရေးရေးဆွဲမှုစတဲ့ ပူးပေါင်းဆောင် ရွက်လို့ရ တဲ့အရာတွေကို ပါဝင်ဆောင်ရွက်ဖို့ အဲလိုဆုံးဖြတ်ထားတာ ရှိတယ်”ဟု နိုင်မင်းအောင်ထူး ကပြော သည်။

ဒါ့အပြင် မွန်အမျိုးသားရေးကိစ္စ မွန်လူမျိုးတွေအတွက် အကျိုးရှိတဲ့ကိစ္စတွေကို လိုအပ်သည့်နေရာကနေ မွန်ပြည်သစ်ပါတီကို ကူညီသွားမည်ဟုလည်း ဆိုသည်။

မွန်အရပ်ဖက်အဖွဲ့အစည်းအနေနှင့် မွန်ဒေသနှင့် မွန်တိုင်းရင်းသားအရေးကိုလုပ်ကိုင်နိုင်ရန် မဟာဗျူဟာများ ရေးဆွဲထားကြောင်း နိုင်မင်းအောင်ထူးက ဆိုသည်။

မွန်အရပ်ဖက်အဖွဲ့ အစည်းများ အနေနှင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေး လူငယ်ဖွံ့ဖြိုးရေး ကိစ္စများကို လုပ်ဆောင်ခဲ့ကြသော်လည်း ယခု မွန်အရပ်ဖက်အဖွဲ့အစည်းကွန်ရက် အနေဖြင့် မွန်အမျိုးသားနိုင်ငံရေးကို ဝင်ရောက် ကူညီလာနိုင်ကြောင်း မွန်စာရေးဆရာအသင်း နိုင်ဝဠက ပြောသည်။

မွန်အရပ်အဖက်အစည်းညီလာခံကို ဧပြီ ၂၆၊၂၇၊၂၈တွင် မော်လမြိုင်၊ရာမညဟိုတယ်၌ ကျင်းပပြုလုပ်ခဲ့ပြီး မွန်အရပ်ဖက်အဖွဲ့အစည်း ကွန်ရက်ဖွဲ့စည်းရန် သဘောတူညီချက် ရရှိခဲ့ခြင်းလည်းဖြစ်သည်။

မွန်အရပ်ဖက်အဖွဲ့အစည်းကွန်ရက်အစည်းအဝေးကို ညီလာခံမှ ရွေးချယ်ထားသော ဒေသအလိုက်၊ ခေါင်းစဉ် အလိုက်ကိုယ်စားလှယ် ၄၄ဦးမှ ၂၇ဦးတက်ရောက်ခဲ့ကြသည်။

ရန်လင်းအောင်

Leave a Reply