မွန်ပြည်သစ် ပါတီ၏ နဝမ အကြိမ်မြောက် ပါတီ ညီလာခံကို ရေးချောင်းဖျားရှိ ပါတီ ဗဟို ဌာနချုပ်စခန်း၌ ယခု ၂၀၁၅ ခုနှစ် ဒီဇင်ဘာ လကုန်မှ စ၍ ၂၀၁၆ ခုနှစ် ဇန်နဝါရီ လဆန်း အထိ ကျင်းပသွားမည် ဖြစ်သည်။ ထိုပါတီ ညီလာခံ၌ မွန်ပြည်သစ် ပါတီ၏ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူး အဖွဲ့များ ဗဟို အလုပ်အမှုဆောင် ကော်မီတီများ၊ ဗဟို ကော်မီတီ များကို ပြန်လည် ရွေးချယ် သွားရန် ရှိသည်။ ထို့ပြင် ပါတီ၏ ရှေ့ဆက် သွားမည့် လမ်းစဉ် မူဝါဒ များနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဆိုင်ရာ ကိစ္စရပ် များကိုလည်း ထိုညီလာခံ၌ ပြန်လည် သုံးသပ် ကြရန် ရှိနေပါသည်။ (ဓါတ်ပုံ – ဇာတာမာန်)

Leave a Reply