မော်လမြိုင်၊ မတ် ၃ ။ ။ မွန်ဘာသာဖြင့် ပထမပြန်စာမေးပွဲ ဖြေဆိုခွင့် ရရှိခြင်းနှစ်၁၀၀ ပြည့် အထိမ်းအမှတ် အခမ််းအနားကို မွန်ပြည် နယ်၊ မော်လမြိုင်မြို့၊ သာသနာ ၂၅၀၀ တွင် မတ်လ ၈ ရက်နေ့၌ ကျင်းပမည် ဖြစ်ကြောင်း ဗိုလ်တစ်ထောင် ကျောင်း ဆရာတော် ဘဒ္ဒန္တကေသရက ဟင်္သာမီဒီယာသို့ မိန့်ကြားသည်။

MP

ပါဠိပထမပြန်စာမေးပွဲတွင် မွန်ဘာသာဖြင့် ဖြေဆိုခွင့်ရရှိနိုင်ရန် မွန်သံဃာတော်များနှင့် မွန်ပညာရှင်များကြိုးပမ်း ခဲ့မှုကို ဂုဏ်ပြုသော အားဖြင့် ယင်းအခမ်းအနား ကျင်းပခြင်း ဖြစ်ကြောင်း အဆိုပါ ဆရာတော် ကဆက်လက်မိန့် ကြားသည်။

အခမ်းအနားတွင် မွန်လူမျိုးများ၏ ရှေ့ဟောင်း စာပေများ၊ ရှေ့ဟောင်းအသုံးအဆောင်ပစ္စည်းများ ပြသသွား မည်ဖြစ်ပြီ ဖြစ်ကြောင်း ယင်းပွဲ စီစဉ်သူများ ထံမှသိရှိရသည်။

“ဒါက မွန်လူမျိုးရဲ့ လက္ခဏာတစ်ရပ်ဖြစ်တယ်၊ တိုင်းရင်းသားများအားလုံးထဲမှာ မွန်လူမျိုးတစ်မျိုးသာ ကိုယ့်ဘာသာစာပေနဲ့ ဖြေခွင့်ရခဲ့တာ ဂုဏ်ယူပါတယ်၊ ဒီလိုကိုယ့်ဘာသာစာပေနဲ့ ဖြေခွင့်ရတဲ့အတွက်ကြောင့် မွန်စာသင်တိုက်လည်းရှိလာခဲ့တယ်၊ မွန်သာသနာ၊ သံဃာများလည်း ပြန့်ပွားလာတယ်၊ လူမျိုးရဲ့စာပေကို ထိန်းသိမ်းတာဖြစ်တယ် ”ဟု ဆရာတော် ဦးကုမ္မာရ က မိန့်ကြားသည်။

ကောဇာသက္ကရာဇ် ၁၂၇၇ ခုနှစ် အင်္ဂလိပ်အစိုးရခေတ်တွင် မွန်ဘာသာဖြေဆိုခွင့်ကို ရရှိခဲ့ပြီး ၁၃၄၆ ခုနှစ်တွင် မွန်ဘာသာဖြေဆိုခွင့်ကို ပြန်လည်ပိတ်ပင်ခံခဲ့ရ၍ ရာမညနိကာယရဟန်းသံဃာတော်များ ဆက်လက် ကြိုးစားခဲ့ပြီး မွန်ပြည်သစ်ပါတီက ဖြေဆိုခွင့်ကို ပြန်တောင်းဆိုခဲ့ရာ ၁၃၅၉ မှာ မွန်ဘာသာဖြင့် ဖြေဆိုခွင့်ကို ပြန်လည်ရရှိ ခဲ့ခြင်း ဖြစ်သည်။

၁၃၇၇ ခုနှစ်တွင် မွန်သံဃာတော်များ အစိုးရစာမေးပွဲမှာ မွန်ဘာသာဖြေဆိုခွင့် နှစ်တစ်ရာပြည့်ခဲ့ပြီး ဖြစ်ကြောင်း နှင့် ပါဠိပထမပြန်စာမေးပွဲကို မွန်ဘာသာဖြင့် ဖြေဆိုခွင့် နှစ် ၁၀၀ ပြည့် အထိမ်းအမှတ်ကို ရာမညနိကာ ယသံဃာတော်များ ဦးစီးဦးဆောင်၍ မွန်တစ်မျိုးသားလုံး အင်အားစုံညီစွာ ၀ိုင်းဝန်းကူညီကာ ဆင်ယင်ကျင်း ပခြင်းဖြစ်ကြောင်း သိရသည်။

Leave a Reply