အစိုးရ သံဃာစာမေးပွဲကြီးတွင် မွန်ဘာသာဖြင့် ဖြေဆိုခွင့်ရသောနှစ် ၁၀ဝ ပြည့်အထိမ်းအမှတ်ပွဲကြီးကို မတ် ၈ ရက် (တပို့တွဲလဆုတ် ၁၄ ရက်) တွင် မော်လမြိုင်မြို့ရှိ သာသနာ ၂၅၀ဝ တွင် ကျင်းပမည်ဖြစ်ကြောင်း ရိုးဂိုးကျောင်းဟောင်းမှ စာချဆရာတော် ဘဒ္ဒန ္တသုခိတ က မိန့်ကြားသည်။
အခမ်းအနားပြုလုပ်နိုင်ရေးအတွက် ရာမညနိကာယ ဓမ္မာစရိယအဖွဲ့ ဗဟိုကော်မတီနှင့် မြို့နယ်ကော်မတီ ဝင်များဖြစ်သည့် သံဃာတော်အပါး ၆၀ ကျော်က ဇန်နဝါရီ ၉ ရက်တွင် မော်လမြိုင်မြို့၊ သာသနာ ၂၅၀ဝ တွင် အစည်းအဝေး ကျင်းပခဲ့ကြောင်း ဆရာတော်က ဆိုသည်။
ယင်းအခမ်းအနားကို မြန်မာနိုင်ငံမှ ပင့်ဖိတ်သံဃာများအပြင် သီရိလင်္ကာနိုင်ငံမှ ရာမည နိကာယဂိုဏ်းမှ သံဃာများ၊ ထိုင်းနိုင်ငံတက္ကသိုလ် မဟာစူလာ လိုင်
“၁၂၇၇ ခုနှစ် (မြန်မာသက္ကရာဇ်) မှ ၁၃၇၇ ခုနှစ်ထိ အစိုးရသံဃာစာမေးပွဲကြီးကို မွန်ဘာသာနဲ့ ဖြေဆိုခွင့်ရခဲ့တာ နှစ် ၁၀ဝ ပြည့်သော နှစ်ဖြစ်တယ်။ ကြားမှာလည်း တစ်ချို့နှစ်တွေမှာ ဖြေဆိုခွင့် မရတာလည်း ရှိခဲ့တယ်။ ၁၃၄၆ ခုနှစ်မှ ၁၃၅၉ ခုနှစ်ထိ မွန်ဘာသာဖြေဆိုခွင့် မရခဲ့ဘူး။ ၁၄ နှစ် နစ်နားသွားပါတယ်။ ၁၃၅၉ ခုနှစ်မှ ပြန်လည် ဖြေဆိုခွင့်ရရှိခဲ့တယ်”ဟု ဆရာတော်က ဆိုသည်။
အဆိုပါနေ့ နံနက် ၇ နာရီတွင် နှစ် ၁၀ဝ ပြည့်အခမ်းအနားသို့ ရမညရဋ္ဌ တက္ကသိုလ်မှ သာသနာ ၂၅၀ဝ ထိ သံဃာတော်များက ကြွချီမည်ဖြစ်ကြောင်း ဆရာတော် ဘဒ္ဒန ္တသုခိတ က မိန့်သည်။