Advertisements

မော်လမြိုင် ဇန်နဝါရီ

၇၂ ကြိမ်မြောက် မွန်အမျိုးသားနေ့ နီးကပ်လာသဖြင့် မွန်ရိုးရာဝတ်စုံအနီရောင် အော်ဒါမှာယူမှု ပိုမိုများပြားလာသည်ဟု မွန်တို့မြေ မွန်ရိုးရာအထည်ထုတ်လုပ်ရေးမှ မိမိုးမိုးကပြောသည်။

“အနီကတော့ သွက်တယ်။ တခြားအရောင်က သိပ်မသွက်ဘူး။ အခုက အနီရောင်နှင့် ပတ်သက်တာ အရောင်းသွက်တယ်” ဟုဆိုသည်။

Advertisements
data-language="en"

မွန်ပုဆိုး အနီ၊ ထဘီ အနီ၊ တိုက်ပုံ၊ ခေါင်းပေါင်းနှင့် ပဝါများမှာ ဒီဇင်ဘာလကတည်းက အရောင်းသွက်နေပြီး ဆယ်မြို့နယ်မှ အော်ဒါမှာယူနေကြောင်း ၎င်းက ပြောသည်။

“ခါတိုင်းနှစ်ထက် ပိုပြီး တအားရောင်းရတာ မရှိဘူး။ ခါတိုင်းနှစ်လောက်ပဲနှုန်းက အဲလောက်ပဲသွားတယ်” ဟု ၎င်းင်းကထပ်မံပြောသည်။

ယခုနှစ် မွန်အမျိုးသားနေ့ဗဟိုအခမ်းအနားကို ပဲခူးမြို့တွင် ကျင်းပမည်ဖြစ်သောကြောင့် ပဲခူးဘက်ကို အာရုံစိုက်ကာ ပစ္စည်းပိုဝင်အောင် ဖြန့်ချိရောင်းချနေပြီး ပွဲတက်ဝတ်စုံအဖြစ် သင့်လျော်သည့် ပိုးထည်များ ရောင်းအားကောင်းသည်ဟုဆိုသည်။

“မွန်ထဘီ မွန်လုံချည်ဈေးကွက်က ဟိုးလွန်ခဲ့တဲ့ လေးငါးနှစ်ကစာရင် အများကြီးပဲ ဖွံ့ ဖြိုးလာပြီ။ ဈေးကွက်မှာ နေရာတစ်နေရာ ရလာပြီ။  တခြားတိုင်းရင်းသားတွေလည်း စိတ်ဝင်စားလာတယ်” ဟု မိမိုးမိုးက ပြောသည်။

ထုတ်လုပ်မှုနည်းပညာ တိုးတက်လာသည့်အတွက် မွန်ထဘီများ အရောင်အသွေးနှင့် ဆန်းသစ်မှု အားကောင်းလာပြီး လူများကို ဆွဲဆောင်လာနိုင်ကြောင်းနှင့် နိုင်ငံရေးအပြောင်းအလဲကြောင့် တိုင်းရင်းသားဝတ်စုံများမှာ အခမ်းအနားများတွင် နေရာရလာသည့်အတွက် အခြားဒေသမှ မှာယူမှုများပင် ရှိလာကြောင်း ပြောဆိုသည်။

တပို့တွဲလဆုတ် ၁ ရက်နေ့တွင် ကျရောက်သော မွန်အမျိုးသားနေ့၏ ၇၂ ကြိမ်မြောက်အခမ်းအနားကို ၂ဝ၁၉ ခုနှစ် ဖေဖော်ဝါရီလ ၂ဝ ရက်နေ့တွင်ကျင်းပမည်။

စန္ဒာဉာဏ်

Leave a Reply