Rock ဂီတ ရူးသွပ်တဲ့သူ၊ အဆိုပိုင်းမှာ သာမက၊ ဖက်ရှင်နဲ့ ပါဖောမန့်ပိုင်းမှာပါ ထူးချွန်တဲ့ အမျိုးသမီးအဆိုတော် “လိမ္မော်သီး”က မွန်တိုင်းရင်းသား ရိုးရာဝတ်စုံတွေ ထုတ်လုပ်ရောင်းချ သွားမယ်လို့ သိရပါတယ်။

လတ်တလော အနုပညာ လှုပ်ရှားမှုတွေ အကြောင်းကိုတော့ “အခုလတ်တလော ကျွန်မ Recording လုပ်ဖို့ စီစဉ်ထားတယ်။ ပြီးခဲ့တဲ့ ဧပြီလ တုန်းကလည်း မန္တလေးမှာ ဖျော်ဖြေထားတော့ အခု တတိယအခွေအတွက် Recording ကိုပဲ အချိန်ပေး လုပ်ဖြစ်ပါမယ်။ ပြီးတော့ BKK Night Market ဈေးရောင်းပွဲတော်မှာ အစ်မတို့ ရိုးရာထည်တွေကို ရောင်းဖို့ရှိပါတယ်”လို့ ဆိုပါတယ်။

မွန်ရိုးရာ အထည်တွေ ရောင်းချဖြစ်ခဲ့ပုံကတော့ “ကျွန်မနဲ့ ညီမလေးက အမြဲတမ်းလိုလို မွန်ရိုးရာအထည် လေးတွေဝတ်ပြီး ဖေ့စ်ဘွတ်ခ်မှာ ဓာတ်ပုံတွေ တင်တဲ့အခါ အားလုံးက လိုချင်တယ်ဆိုပြီး မေးလာကြတယ်။ ဘယ်က ဝယ်ရမလဲဆိုပြီး အမေးများလာတော့ ညီမလေးက ရိုးရာထည်လေးတွေကို ရောင်းချင်တယ်ဆိုလို့ J&W ဆိုပြီး မွန်ရိုးရာထည်လေးတွေကို ရောင်းဖို့ ကျွန်မပါ အတူလုပ်ဖြစ် သွားတယ်။ အခုက သူများဆီက ယူပြီး ပေါ့ပေါ့ပါးပါး ရောင်းတာပါ။ ဒါပေမယ့် သိပ်မကြာခင် ကျွန်မတို့ ကိုယ်တိုင်ထုတ်တဲ့ မွန်ရိုးရာအထည်တွေ ရောင်းနိုင်အောင် စီစဉ်နေပါတယ်”လို့ ပြောပြခဲ့ပါတယ်။

ညီမလေး ဝေလာရီနဲ့အတူ J&W Clothing ဆိုင်လေးအပြင် အနုပညာအနေနဲ့ တွဲလုပ်ဖြစ်မယ့် အကြောင်းအရာတွေကိုလည်း “ကျွန်မနဲ့ ညီမလေး တွဲလုပ်ဖြစ်မှာက အတွဲသီချင်းလေးတစ်ပုဒ်ဆိုမယ်လို့ စီစဉ်ထားတယ်။ ညီမလေး ဝေလာရီရဲ့ Mini Album လေး လုပ်မယ့်အထဲမှာ တစ်ပုဒ်ကို အတူတွဲဆိုမယ်။ နောက် ကျွန်မရဲ့ MTV မှာလည်း ညီမလေးက သရုပ်ဆောင်ပေးထားပါတယ်။ သူက အသက်လည်း ငယ်သေးသလို ကလေးလည်း အရမ်းဆန်တော့ ကျွန်မနဲ့အတူ အမြဲတိုင်ပင်ပြီး လုပ်ဖြစ်ပါတယ်”လို့ ပြောပြခဲ့ပါတယ်။

တတိယ Album ထဲမှာ ဘာတွေ ထူးခြားချက်တွေ ရှိမလဲ ဆိုတာကိုတော့ ““ကျွန်မရဲ့ တတိယ Album ကို အင်ပါယာအဖွဲ့နဲ့ တီးထားပြီးပါပြီ။ ကျွန်မ Vocal သွင်းဖို့ပဲ ကျန်တော့တာပါ။ တတိယခွေကို သေချာလေး ပြင်ဆင်နေပါတယ်။ ဒုတိယ Album ကလည်း အကုန်လုံးကို Own Tune ပဲ ဖန်တီးထားတာမို့ ကျွန်မကိုယ်တိုင်လည်း အရမ်းသဘောကျသလို ပရိသတ် အားပေးမှုလည်း ရခဲ့ပါတယ်။

ပရိသတ်ဆီကနေ ကျွန်မသီချင်းကို Cover ပြန်ဆိုတာလေး တွေ့ရတော့ အရမ်းဝမ်းသာပါတယ်။ တတိယ Album ကိုလည်း ပိုကောင်းအောင် ကြိုးစားနေပါတယ်။ လတ်တလောမှာတော့ သီချင်းအဟောင်းလေးတွေပြန်ရှာပြီး နားထောင်ဖြစ်နေပါတယ်”လို့ ဖွင့်ဟခဲ့ပါတယ်။

SD

Leave a Reply