မွန်ပြည်နယ် ထွက် ရော်ဘာများကိုတရုတ်ပြည်သို့ အများဆုံးတင်ပို့ရသော်လည်း အရည်အသွေးမမီကြောင့် ဈေးနှုန်းများ ကျဆင်းနေသည်၊

မော်လမြိုင်၊ ေမ

မွန်ပြည်နယ်၏ အဓိကထွက်ကုန်ဖြစ်သည့် ရော်ဘာသည် အရည်အသွေး မပြည့်မီသောကြောင့် ဈေးနှုန်း ဆက်တိုက်ကျဆင်းမှုနှင့် ရင်ဆိုင်နေရကြောင်း မွန်ပြည်နယ် ရော်ဘာလုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ နိုင်ကျန်ရစ်က ဟင်္သာ
မီဒီယာသို့ ပြောကြားသည်။

“မွန်ပြည်နယ်ရဲ့ လက်ရှိရော်ဘာအခြေအနေက ရောင်းသူစိတ်ကြိုက်ဈေး မဟုတ်ဘူး၊ ဝယ်သူစိတ်ကြိုက်ဈေး ဖြစ်နေတယ်၊ ပေးသလောက် ရောင်းမယ်ဆိုတာ ဖြစ်နေတယ်” ဟု၎င်းက ဆိုသည်။

လက်ရှိ ရော်ဘာဈေးနှုန်း သည် အကောင်းဆုံး RSS-3 တစ်ပေါင်လျှင် ၇ဝဝ ကျပ်၊ မြန်မာ RSS-3 တစ်ပေါင်လျှင် ၆ဝဝ ကျပ်နှင့် CSO တစ်ပေါင် လျှင် ၇ဝဝ ကျပ် ရှိနေပြီး ယခင်နှစ်တွင် ရော်ဘာပေါက်ဈေးသည် တစ်ပေါင်လျှင် ၉ဝဝကျပ်မှ ၁,ဝဝဝ ကျပ်အထိ ရှိခဲ့ကြောင်း ၎င်းက ပြောဆိုသည်။

မွန်ပြည်နယ်မှ ထွက်ရှိသော ရော်ဘာများကို တရုတ်နိုင်ငံသို့ အများဆုံး တင်သွင်းနေသော်လည်း အရည်သွေးမပြည့်မီသောကြောင့် ဈေးနှုန်းကျဆင်းနေပြီး တချို့ ရော်ဘာဒိုင်ကြီးများသည် ဂျပန်ကုမ္ပဏီ များနှင့် စာချုပ်ချုပ်ဆိုထားကြောင်း နိုင်ကျန်ရစ်က ပြောသည်။

ရော်ဘာအရည်အသွေးကောင်းထုတ်လုပ်ရန် အရင်းအနှီးမရှိသောကြောင့် ရော်ဘာကောင်းရရှိရန် တက်နိုင်သလောက်လုပ်ဆောငေ်နရကြောင်း ရေးမြို့နယ်မှ ရော်ဘာခြံပိုင်ရှင် မိအေးကြည်က ပြောသည်။

“ရော်ဘာဈေးလေး တက်လာမလားပေါ့၊ အဲဒါပဲ နားစွင့်နေတယ်၊ အရည်အသွေးမကောင်းရင်လည်း ဈေးက မရဘူးဆိုတော့ သဲတွေမပါအောင် ဂရုစိုက်နေရတယ်၊ သန့်နေအောင် လုပ်ရတယ်၊ အန်တီတို့မှာကလူရော၊ ငွေရော အင်အားမရှိဘူးလေ”ဟု ၎င်းကပြောသည်။

မွန်ပြည်နယ်တွင် ရော်ဘာစိုက်ပျိုးဧက (၅)သိန်းကျော်နှင့် စိုက်ပျိုးမှု ရပ်နားထားသောဧက(၁)သိန်းကျော်ရှိပြီး တစ်နှစ်လျှင်ရော်ဘာတန်ချိန် ၁ဝ၆,ဝဝဝတန်ထုတ်လုပ်နိုင်ကြောင်း ရော်ဘာလုပ်ငန်းရှင်များ အသင်းစာရင်းများအရ သိရသည်။

Written by ထိုက်ထိုက်

Leave a Reply