Advertisements

မော်လမြိုင်၊ သြဂုတ် ၁

မွန်လူငယ် မူဝါဒ မူကြမ်းတွင် လူငယ်နှင့် ဘာသာ၊ သာသနာကို ထည့်သွင်းထားသော်လည်း ဘာသာရေးကို အခြေခံထားခြင်း မဟုတ်ကြောင်း မွန်လူငယ်ဆုံရပ် (MYF) အကြံပေး နိုင်ညာဏ်စိုက်ရာမာဉ်က ပြောသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ မွန်လူငယ်မူဝါဒတစ်ရပ်ကို ရေးဆွဲအကောင်အထည်ဖော်နိုင်ရေးအတွက် သြဂုတ်လ ၁ ရက်နေ့က မုဒုံမြို့နယ်၊ တာပသွန်ကျေးရွာရှိ အောင်မေတ္တာဘုန်းတော်ကြီးကျောင်းတွင် ယင်းကိစ္စနှင့် ပတ်သက်၍ မူဝါဒရေးဆွဲရေးကော်မတီက အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။

Advertisements
data-language="en"

“ဆွေးနွေးတဲ့အခါကျတော့ ကျွန်တော်တို့ ဘယ်လိုသွားတွေ့လဲဆိုတော့ လူငယ်နဲ့ ဘာသာ၊ သာသနာထည့်လိုက်ခြင်းအားဖြင့် ဗုဒ္ဓဘာသာကို ဦးတည်သွားတဲ့အနေအထားတစ်ခု မဟုတ်ဘူး။ ဆိုလိုတာက မွန်မှာ ဗုဒ္ဓဘာသာရှိသလို ခရစ်ယာန်လည်းရှိတယ်။ ဒီကိုးကွယ်တဲ့ဘာသာတွေပေါ့နော်။ ဆိုလိုတာက ဒီဘာသာရေးနဲ့ ပတ်သက်ပြီး တော့မှ လူငယ်တစ်ယောက်အနေနဲ့ သိသင့်သိထိုက်တာတွေ လေ့လာသင့်လေ့လာထိုက်တာတွေ လေ့လာဖို့ ကျွန်တော်တို့ ဒါကို မြှင့်တင်ဖို့ပေါ့နော်။ အဲဒီအယူအဆနဲ့ ကျွန်တော်တို့ ထည့်သွင်းထားတာဖြစ် တယ်”ဟု နိုင်ဉာဏ်စိုက်ရာမာဉ်က ပြောသည်။

မွန်လူငယ်မူဝါဒတစ်ရပ်ကို ရေးဆွဲချမှတ်နိုင်ရေးအတွက် လွန်ခဲ့သည့် သုံးနှစ်ခန့်က ကြိုးပမ်းလာခဲ့သော်လည်း ယနေ့အချိန်ထိ အကောင်အထည်ဖော်နိုင်ခြင်း မရှိခဲ့သောကြောင့် ယင်းမူဝါဒကို အကောင်အထည်ဖော်နိုင်စေ ရေး ကော်မတီတစ်ရပ်ဖွဲ့စည်းပြီး ဆောင်ရွက်နေလျက်ရှိကြောင်း မူဝါဒရေးဆွဲရေးကော်မတီများက ဆိုသည်။

မွန်လူငယ်နှင့် ပတ်သက်၍ အဖွဲ့အစည်းများစွာရှိနေပြီး ယင်းအဖွဲ့အစည်းများက အမျိုးသားရေးလမ်းကြောင်း ပေါ်မှာ အတူတကွလျှောက်လှမ်းနေသည့်အနေအထားတစ်ခုသို့ ရှိနေသော်လည်း လက်တွေ့ဆောင်ရွက်မှုများ ဆောင်ရွက်သည့်အခါ အမြင်မတူမှုများရှိနေကြောင်း နိုင်ညာဏ်စိုက်ရာမာဉ်က ရှင်းပြသည်။

“ဒီမူဝါဒမရှိတဲ့အခါကျတော့ သူ့အလုပ် ကိုယ့်အလုပ် ဘယ်လိုပြောရမလဲဆိုတော့ အမြင်မတူမှုတွေ ဖြစ်ခဲ့တာပေါ့နော်။ မူဝါဒတစ်ခုကို ရေးဆွဲနိုင်လို့ရှိရင် ဒီမူဝါအပေါ်မှာ အားလုံးပါဝင်နိုင်တဲ့အနေအထားတစ်ခုကို တည်ဆောက်လို့ရတယ်။

အတူတကွပူးပေါင်းပြီးတော့ အကောင်အထည်ဖော်နိုင်တယ်လို့ ကျွန်တော်တို့ မျှော်မှန်းတယ်”ဟု ၎င်းက ဆက်လက်ပြောကြားသည်။

မွန်လူငယ်မူဝါဒမူကြမ်းကို ရေးဆွဲပြီးသည့်အခါ မွန်လူငယ်များ၏အသံ ပါဝင်လာနိုင်စေရေးအတွက် မူဝါဒမူကြမ်းကို ချပြသွားမည်ဖြစ်ပြီး ဒုတိယအကြိမ်ကျင်းပမည့် မွန်လူငယ်ညီလာခံတွင် အတည်ပြုနိုင်စေရန် တင်ပြသွားမည်ဖြစ်ကြောင်း သိရသည်။

ဒုတိယအကြိမ် မွန်လူငယ်ညီလာခံကို ကျင်းပနိုင်စေရေး ကြိုတင်ညှိနှိုင်းအစည်းအဝေးတစ်ရပ်ကို ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလအတွင်းက မုဒုံမြို့နယ်၊ တာပသွန်ကျေးရွာရှိ ကျောင်းသစ်ဘုန်းတော်ကြီးကျောင်းတွင် ပြုလုပ်ခဲ့သော်လည်း အကောင်အထည်ဖော်နိုင်ခြင်း မရှိသေးပေ။

ပထမအကြိမ် မွန်လူငယ်ညီလာခံကို၂၀၁၄ ခုနှစ်၊ မေလ ၁ ရက်နေ့မှ ၃ ရက်နေ့အထိ မော်လမြိုင်မြို့ရှိ သာသနာ ၂၅၀၀ တွင် ကျင်းပခဲ့သည်။

ရွှေရိုး

Leave a Reply