မော်လမြိုင်၊ မေ ။      ။ မွန်လူမျိုး မပါဝင်သည့်အတွက်ကြောင့် မွန်ပြည်နယ် ကုန်သည်များနှင့် စက်မှု လက်မှု လုပ်ငန်းရှင်အသင်း ရွေးကောက်ပွဲကို ရွေ့ဆိုင်းလိုက်ကြောင်း အဆိုပါ အသင်း ဥက္ကဌ ဦးလှရှိန်က ပြောကြားသည်။

“မွန်ပြည်နယ် စက်မှုဝန်ကြီးက  မွန်လူမျိုးတွေကို မွန်ပြည်နယ်ကုန်သည်အသင်းမှာ မွန်လူမျိုးတွေကို ထည့်စေချင်တယ် အဲဒါကြောင့် အလုပ်အမှုဆောင်ရွေးချယ်ပွဲကို ရွေချယ်ဖို့ ဆိုင်ငံ့ထားတာဖြစ်တယ်” ဟု ၎င်းက ဆိုသည်။

အသစ်ပြန်လည် ရွေးကောက်တင်မြှောက်မည့် အလုပ်မှုဆောင် ရွေးချယ်ပွဲကို ဇွန်လ ပထမအပတ်တွင် ပြုလုပ်ရန် စီစဉ်ထားကြောင်း ၎င်းက ပြောဆိုသည်။

 “ရွေးချယ်ပွဲ မလုပ်ခင်မှ ဘယ်လိုပုံစံနဲ ရွေချယ်သွားမလဲဆိုုတဲ့ အစည်းအဝေတွေပြုလုပ်သွားမယ်၊ အမှုဆောင်အဖွဲ့ရဲ့ သုံးသပ်ချက်မဟုတ်ပဲနဲ့ မွန်ပြည်နယ် အစိုးရရဲ စီမံခန့်ခွဲမှုတွေပါတဲ့ စနစ်နဲ ရွေးချယ်သွားမယ်” ဟု မွန်ပြည်နယ် စက်မှုလက်မှု ကုန်သည်လုပ်ငန်းရှင်အသင်း၏ အတွင်းရေးမှူ ဦးထင်အောင်ကျော်က ဆိုသည်။

ရွေးကောက်ပွဲအတွက် ရွေးချယ်မည့် စည်းမျဉ်းစည်းကမ်းများကို အသင်းဝင်များအား ချပြသွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။
မွန်ပြည်နယ် ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်အသင်းကို သုံးနှစ်တစ်ကြိမ် ပြန်လည်ရွေးချယ်ပြီး လက်ရှိတွင် အသင်းဝင် ၅၀၀ ကျော် ရှိနေသည်။

Written by – ခင်နန်းဌေး

Leave a Reply