မော်လမြိုင် အောက်တိုဘာ

မွန်ပြည်နယ် လွှတ်တော်၏ ဓာတ်လှေကား တပ်ဆင်မှုမှာ လက်ရှိတွင် ၇၀ ရာခိုင်နှုန်းအထိ ပြီးစီနေပြီ ဖြစ်ကြောင်း လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာ အောင်နိုင်ဦးက အောက်တိုဘာ ၁၈ ရက်က ဟင်္သာမီဒီယာသို့ ပြောဆိုသည်။

ယင်း ဓာတ်လှေကား တည်ဆောက်မှု လုပ်ငန်းစဉ်ကို စက်တင်ဘာလကုန်ပိုင်းက စတင်ခဲ့ခြင်း ဖြစ်ပြီ အောက်တိုဘာလကုန်ပိုင်း၌ အပြီးသတ်နိုင်မည်ဟု ၎င်းက ပြောသည်။

“အဓိကရည်ရွယ်ချက်ကတော့ သက်ကြီးရွယ်အိုတွေနဲ့ မသန်စွမ်းတွေ လာရောက်တဲ့အခါ အဆင်ပြေစေဖို့၊ နောက်ပြီး ပစ္စည်းအတင်အချလုပ်တဲ့အခါမှာလည်း လွယ်ကူစေဖို့အတွက် လုပ်ဆောင်ရတာဖြစ်ပါတယ်”ဟု ၎င်းက ပြောသည်။

ယင်းဓာတ်လှေကားကို ခွင့်ပြုရန်ပုံငွေ ကျပ်သိန်း ၈၇ဝ ကျပ်ဖြင့် လုပ်ဆောင်ခဲ့ခြင်း ဖြစ်ပြီး၊ Spectrum Light Group ကုမ္ပဏီမှ တာဝန်ယူကာ တည်ဆောက်နေကြောင်း ဒေါက်တာ အောင်နိုင်ဦးက ဆိုသည်။

ဓာတ်လှေကား တည်ဆောက်ခြင်းကြောင့်လွှတ်တော်သို့ လာရောက်ကြသော မသန်စွမ်းပုဂ္ဂိုလ်များနှင့် သက်ကြီးရွယ်အိုများ ဝှီးချဲ့ဖြင့် လာရောက်ရာတွင်လည်း လွယ်ကူအဆင်ပြေစေရန်အတွက် ဖြစ်ကြောင်း ဆက်လက်ပြောသည်။

ယင်း ဓာတ်လှေကားမှာ ၁၀၀၀ ကီလိုဂရမ်အထိ ခံနိုင်ဝန်ရှိပြီး၊ လူ ၁၃ ဦးခန့် လိုက်ပါ စီးနင်းနိုင်မည် ြ
ဖစ်သည်။

ထိုက်ထိုက်

Leave a Reply