Advertisements

မော်လမြိုင်၊ ဒီဇင်ဘာ ၅

ရော်ဘာစက်ရုံပြောင်းရွှေ့ရေးတိုက်တွန်းကြောင်းအဆိုကို အတည်ပြုထားပြီးဖြစ်သည်ဟုဆိုကာ လွှတ်တော်အတွင်းပြောဆိုခဲ့သော မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံ၏ သတိပေးစကားသည် ဥပေဒ ဘောင်ကိုကျော်လွန်နေကြာင်း မွန်ပြည်နယ် လွှတ်တော် ဥက္ကဋ္ဌ ဒေါ်တင်အိက တုံ့ပြန်ပြောကြားသည်။

“လွှတ်တော်မှာ ကတိဝင်ထားတဲ့ မေးခွန်းတွေ အတည်ဖြစ်ထားတဲ့အဆိုတွေ ဥပဒေတစ်ရပ်လိုမျိုး လိုက်နာ ရမယ်။ ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် အတည်ဖြစ်ထားတဲ့အဆိုကို အစိုးရက ဆောင်ရွက်ရမယ်။ အဲဒါကို ဝန်ကြီးချုပ် ကနေပြီးတော့ ဒီအဆိုကို အစကတည်းက ဘာဖြစ်တယ် ညာဖြစ်တယ်။ ဆင်ခြင်တုံတရားမရှိဘူးလို့ လွှတ်တော်ကို သူပြောသွားပါတယ်။ သူပြောတဲ့စကားတွေက ဥပဒေ ဘောင်မဝင်ပါဘူးလို့ အန်တီပြောချင်တယ်”ဟု ဒေါ်တင်အိက ပြောသည်။

ရော်ဘာစက်ရုံပြောင်းရွှေ့မှုနှင့် ပတ်သက်ပြီး အဆိုအတည်ပြုထားပြီးဖြစ်သော်လည်းမည်သို့ဆက်လက်ဆောင်ရွက်နေကြောင်း မေးခွန်းထပ်မံ မေးမြန်းသောကြောင့်ဟုဆိုကာ ဒေါက်တာအေးဇံက “ဒီအဆိုကို စတင်ကတည်းက ကျွန်တော်သတိပေးပါတယ်။ လွှတ်တော်ကိုလည်း သတိပေးပါတယ်။ မဖြစ်လာနိုင်တဲ့ကိစ္စတွေကို အဆိုပြုတင်သွင်းလာတာ လွှတ်တော်ဥက္ကဋ္ဌအနေနဲ့ အလေအနက်စဉ်းစားထားဖို့ လိုပါတယ်”ဟု ဒီဇင်ဘာ ၄ ရက်နေ့က ကျင်းပသည့် လွှတ်တော်အစည်းအဝေးတွင် ပြောဆိုထားသည်။

ပြည်နယ်လွှတ်တော်ဥက္ကဌ ဒေါ်တင်တင်အိကမူ လွှတ်တော်ကိုယ်စားလှယ် တင်ပြလာသည့်အဆိုကလည်း ပြည်သူများအတွက် အကျိုးရှိစေမည့်အဆိုများဖြစ်ပြီး အစိုးရအတွက် အခက်အခဲဖြစ်စေမည့်အဆိုများ မဟုတ်ကြောင်း အဆိုတင်သွင်းသည့်အခါတွင်လည်း တစ်ဖက်နှင့် တစ်ဖက် အချက်အလက်စုံလင်စွာ အကြိတ်အနယ်ဆွေးနွေးကြပြီး ကန့်ကွက်သူရှိပါက မဲခွဲဆုံးဖြတ်ရမည်ဖြစ်ကြောင်း ဆိုသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၅၈ (က) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်က အခါအားလျော်စွာ ချမှတ်သည့် အုပ်ချုပ်ရေးဆိုင်ရာ ဆုံးဖြတ်ချက်များကို အကောင်အထည်ဖော်ဆောင်ရွက်ရမည်ဟုလည်းကောင်း၊ မိမိ၏ အကောင်အထည်ဖော်ဆောင်ရွက်ချက်များကို သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်သို့ ပြန်လည် အစီရင်ခံရမည်ဟုလည်းကောင်း ရှင်းရှင်းလင်းလင်း ပြဋ္ဌာန်းထားကြောင်း မွန်ပြည်နယ်လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာအောင်နိုင်ဦးက ရှင်းပြသည်။

“ကျွန်တော်မြင်တာကတော့ မလုပ်ဆောင်နိုင်တာက တစ်ပိုင်းပေါ့။ ဒါပေမယ့် လုပ်ဆောင်သွားမယ့်အတွက်ကိုပဲ ဘယ်အဆင့်ကို ကိုယ့်အတွက် အခက်အခဲဖြစ်နေတာကိုပဲ စောင်းပေးပြီးတော့ ပြောသင့်တယ်”ဟု ဒေါက်တာ အောင်နိုင်ဦးက ပြောသည်။

ရော်ဘာရုံများကို ခရီးသွားပြည်သူများ လွတ်ကင်းရာနှင့် အတည်တကျနေထိုင်ကြသော ရပ်ကွက်ပြည်သူ များနှင့် ကင်းဝေးရာသို့ ပြောင်းရွှေ့ပေးရန် အလေအနက်တိုက်တွန်းကြောင်းအဆိုကို စက်တင်ဘာလ ၈ ရက်က ကျင်းပသည့် ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် သတ္တမပုံမှန် အစည်းအဝေး (ပဉ္စမ)မြောက်နေ့တွင် အတည်ပြုထားပြီးဖြစ်သည်။

Written by ရွှေရိုး

Advertisements
<

Leave a Reply