မွန်သီချင်းသီဆိုပြိုင်ပွဲကို မော်လမြိုင်တွင် တတိယအကြိမ်မြောက် ပြုလုပ်မည်

မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် တတိယအကြိမ်မြောက် မွန်သီချင်းဆိုပြိုင်ပွဲကို ရာမည ရဋ္ဌတက္ကသိုလ်တွင် ဖေဖော်ဝါရီ ၂၆ ရက်၌ ပြုလုပ် မည်ဖြစ်ကြောင်း ပြိုင်ပွဲဖြစ်မြောက်ရေးအဖွဲ့မှ မွန်အဆိုတော် နိုင်ဟောင်းချမ်းက ပြောသည်။

ယင်းပြိုင်ပွဲကို မွန်သီချင်းဆိုချင်သည့် ဝါသနာရှင်များအားလုံး ဝင်ရောက်ယှဉ်ပြိုင်နိ်ုင်ပြီး ပြိုင်ပွဲကို ဝင်ရောက်သူများသည် ဖေဖော်ဝါရီ ၈ ရက် အထိ စာရင်းပေးသွင်းနိုင်ကြောင်း ၎င်းက ဆိုသည်။

မွန်သီချင်းသီဆိုပြိုင်ပွဲကို မော်လမြိုင်တွင် တတိယအကြိမ်မြောက် ပြုလုပ်မည်
မွန်သီချင်းသီဆိုပြိုင်ပွဲကို မော်လမြိုင်တွင် တတိယအကြိမ်မြောက် ပြုလုပ်မည်

ပြိုင်ပွဲဝင်စည်းကမ်းချက်အနေဖြင့် အသက် ၁၅ နှစ်မှ ၂၅ နှစ်အတွင်းဖြစ်ခြင်း၊ မွန်လူမျိုးဖြစ်ခြင်းနှင့် မွန်သီချင်း ဖြစ်ခြင်းဆိုသည့် သက်မှတ် ချက်များဖြင့် ဝင်ပြိုင်ရမည်ဖြစ်ကြောင်းနှင့် ဝင်ရောက်ယှဉ်ပြိုင်သူများသည် ဖေဖော်ဝါရီ ၈ ရက်တွင် အသံစမ်းသပ်ရန် လာရောက်ရမည်ဟု ၎င်းက ထပ်မံပြောသည်။

“ဒီပြိုင်ပွဲမှာ အထူးဆုသုံးဆုနဲ့ ရွေးချယ်သွားမယ်၊ ကျွန်တော်တို့က သီချင်းဆိုဝါသနာပါတဲ့ လူငယ်တွေကို ဒီအနုသုခုမပညာ လမ်းကြောင်းပေါ် ရောက်စေချင်လို့ပါ။ ကျွန်တော်တို့က အနုသုခုမပညာလူငယ်တွေကို မွေးထုတ်စေချင်လို့ပါ”ဟု မွန်သီချင်းဆိုပြိုင်ပွဲ ဖြစ်မြောက်ရေးအဖွဲ့မှ မွန်အဆိုတော် ပါမောက္ခချမ်းက ဆိုသည်။

မွန်သီချင်းဆိုပြိုင်ပွဲ ကျင်းပနေခြင်းသည် ၂၀၁၆ ခုနှစ်တွင် သုံးနှစ်ရှိပြီးဖြစ်ရာ ပထမအကြိမ်တွင် လူသိနည်းပါး ခဲ့သော်လည်း ဒုတိယ အကြိမ်တွင် လူသိများလာကြောင်းနှင့် လူသိများလာသည်နှင့်အမျှ တစ်နှစ်ထက်တစ်နှစ် ပိုမိုကောင်းမွန်လာရန် နှစ်စဉ်နှစ်တိုင်း ကြိုးစားနေကြောင်း မွန်သီချင်းဆိုပြိုင်ပွဲ ဖြစ်မြောက်ရေးအဖွဲ့မှ သိရသည်။

Leave a Reply