ယခုအပတ်အနုပညာကဏ္ဍတွင် ကိုယ်ပိုင် တေးစီးရီးခွေ ပထမဆုံး ထုတ်ဝေတော့မည့် မွန်အမျိုးသမီးတေးသံရှင် အိုင်စွမ် (အာဲသြန်) ၏ အနုပညာလှုပ်ရှားမှုအခြေအနေများကို သိရှိနိုင်ရန် ဟင်္သာမီဒီယာက ဆက်သွယ်မေးမြန်းထားသည်များကို ပြန်လည်ဖော်ပြပေးလိုက်ပါသည်။

image-0-02-03-691b67dab6ed44518f2643b97a1eeb8450e3dc4d4c843bf759427b607c38695e-v-copy

ဟင်္သာမီဒီယာ ။ ။ မင်္ဂလာပါ ၊ လက်ရှိ အိုင်စွမ်(အာဲသြန်)ရဲ့ အနုပညာလှုပ်ရှားမှုအခြေအနေလေးတွေကို ပြောပြပေးပါဦး။
အိုင်စွမ် ။ ။ လက်ရှိမှာ အိုင်စွမ် ထုတ်ဖို့ ခွေတစ်ခွေရှိတယ်။ မြန်မြန်ဖြန့်နိုင်ဖို့ ကြိုးစားနေပါတယ်။ အခုတော့ မိုးရာသီလဲကုန်တော့မယ်။ နွေရောက်တာနဲ့ ကျိုက်မရောမြို့နယ်နဲ့ ရေးမြို့နယ်မှာ ဂီတဖျော်ဖြေသွားဖို့ရှိပါတယ်။

ဟင်္သာမီဒီယာ ။ ။ အခုအခွေလုပ်တာ ဘယ်လောက်ထိ ပြီးပြီးလဲ။
အိုင်စွမ် ။ ။ အခုက တော်တော်များများပြီးနေပြီ။

ဟင်္သာမီဒီယာ ။ ။ အခွေနာမည်က ဘာလဲ။ ဘယ်တော့လောက် အခွေစဖြန့်ဖို့ စီစဉ်ထားလဲ။
အိုင်စွမ် ။ ။ အခွေနာမည်ကတော့ “ငါ့ဆန္ဒ မင်း”။ခန့်မှန်ထားတာကတော့ သီတင်းကျွတ်လကုန်လောက် ဒီတေးစီးရီကို စဖြန့်ဖို့စီစဉ်ထားတယ်။ အချိန်နည်းနည်းနှေးလဲ နှေးသွားနိုင်တယ်။ ဘာကြောင့်လဲ ဆိုတော့ အခွေလုပ်တာ မပြီးသေးလို့။ အခွေပြီးတာနဲ့ စဖြန့်သွားမယ်။ ကိုယ့်ရဲ့မွန်လူမျိုးရှိနေတဲ့ နေရာဒေသတိုင်းမှာ လိုက်ဖြန့်သွားဖို့ စီစဉ်ထားပါတယ်။

ဟင်္သာမီဒီယာ ။ ။ သီချင်းခွေ ဘယ်နှစ်ခွေလောက် ထွက်ထားပြီးပြီးလဲ။
အိုင်စွမ် ။ ။ ဒီလို အခွေထုတ်တာ ဒါက ပထမအကြိမ်ပဲဖြစ်ပါတယ်။ ဟိုတုန်းက အကိုဂီတနဲ့ တစ်ကြိမ် ထွက်ဖူးပါတယ်။ အတွဲသီချင်းပေါ့နော် “ငါတို့ကိုသနားပါ” ဆိုတဲ့ သီးချင်း နာမည်နဲ့ အကိုဂီတနဲ့ တွဲပြီး ထွက်ဖူးတယ်။ အဲဒါက အကိုဂီတိ အခွေ အထဲမှာ တစ်ပုဒ်ပါပဲ။

ဟင်္သာမီဒီယာ ။ ။ပထမဆုံးကိုယ်ပိုင်တေးစီးရီး ထုတ်ဖြစ်တဲ့အကြောင်းလေး သိပါရစေ။
အိုင်စွမ် ။ ။ တေးသံရှင်တစ်ယောက်အနေနဲ့ပေါ့နော် ကိုယ်ပိုင် အခွေထွက်သင့်တာပေါ့။ အဲ့ဒါမှ ဖျော်ဖြေရေးထွက်တဲ့အခါ ပရိသတ်တွေ ကိုယ့်ကိုပိုပြီးသိလာများမယ်။ အိုင်စွမ်ကို အားပေးနေသော ပရိသတ်များအတွက် ဒီအခွေကို ထုတ်ဖြစ်ပါတယ်။ နောက်လဲ ဆက်လက်ထုတ်သွားအစီအစဉ်ရှိပါတယ်။

ဟင်္သာမီဒီယာ ။ ။ သီချင်းတွေရော ဘယ်နှစ်ပုဒ်ပါလဲ။
အိုစွမ် ။ ။ တစ်ခွေထဲမှာ လုံး ၁၀ ပုဒ်ပါပါတယ်။

ဟင်္သာမီဒီယာ ။ ။ သီချင်းတွေကရော ဘာအကြောင်းတွေလဲ။
အိုင်စွမ် ။ ။ ဒီအခွေက လူမျိုးရေးဆိုင်ရာသီချင်းတွေပါတယ်။ အချစ်ရေးဆိုင်ရာ သီချင်းပါတယ်။ ပညာပေးဆိုင်တဲ့ သီချင်းတွေလဲ ပါတယ်။

ဟင်္သာမီဒီယာ ။ ။ တေးရေးတွေကရော ကိုယ်တိုင်ပဲလား။
အိုင်စွမ် ။ ။ အိုင်စွမ် ကိုယ်တိုင်းရေးထားတာ မရှိပါဘူး။ အစီအစဉ်ကတော့ နဒီ ကူညီပေးတယ်။ တေးရေးဆရာကတော့ မွန်ချမ်းမွန်၊ ဗလာဲမွန်လွီရတ်၊ ဝန်စဝ်၊ ဗညာဂံင်သာံ၊ပါရဂူဟံသာ၊ ဥပါဒါန်၊ Eco-တာရာ၊ ထဝ်အး။ ဒီဆရာတွေက ရေးပေးတယ်။

ဟင်္သာမီဒီယာ ။ ။ ဘယ်စတူဒီယိုတွေမှာ အသံသွင်းထားလဲ။ဘယ်လောက်လောက် ကုန်ကျခဲ့လဲ
အိုင်စွမ် ။ ။ မော်လမြိုင်မှာပဲ။ ရာမညရဋ္ဌ ကျောင်းမှာ အသံသွင်းထားပါတယ်။ အသံသွင်း အခွေထုတ်တာက သိန်း ၃၀ ကျော်ကုန်ကျပါတယ်။ စီဒီ ခွေဘဲ ထုတ်တော့ ကုန်ကျတာ နည်းနည်းသက်သာတယ်။

ဟင်္သာမီဒီယာ။ ။ အိုင်စွမ် ဂီတလောကကို ဘယ်အချိန်က စပြီး ဝင်ရောက်ခဲ့လဲ ။
အိုင်စွမ် ။ ။ ၂၀ဝ၈ ခုနှစ်က အနုပညာလောကထဲကို စတင်ဝင်ရောက်ဖြစ်ပါတယ်။ ဂီတမွန်အဖွဲ့မှာ သီချင်းဆိုတယ်။ ဟိုတုန်ကဆို အခက်အခဲတော့နည်နည်းရှိတာပေါ့။ စစတုန်က ဖေဖေမေမေလဲ သိပ်ပြီး အားမပေးဘူး။ အချိန်ကြာလာမှ အဖေအမေတွေ အားပေးလာတယ်။ ဒီနှစ်ကျမှ အိုင်စွမ် ကိုယ်ပိုင်ခွေ ထုတ်ဖြစ်ခဲ့ပါတယ်။

ဟင်္သာမီဒီယာ ။ ။ ပထမဆုံး တေးစီးရီးထုတ်တယ်ဆိုတော့ ဘယ်လိုအခက်အခဲမျိုးနဲ့ တွေခဲ့ရလဲ။
အိုင်စွမ် ။ ။ အခက်အခဲကတော့ အများကြီးကြုံတွေ့ခဲ့ရပါတယ်။ သွားရ လာရတယ်။ သီချင်းတွေ ရှာရတယ်။ သီချင်းတွေ စုဆောင်ထားရတယ်။ ဒါကတော့ တေးစီးရီးထုတ်တဲ့ တေးသံရှင်တိုင်ပေါ့နော် အခက်အခဲဆိုတာ လူတိုင်းတွေ့ကြုံရမှာပဲ။

ဟင်္သာမီဒီယာ ။ ။ ပရိသတ်တွေကို ဘာများပြောချင်ပါသေးလဲ။
အိုင်စွမ် ။ ။အိုင်စွမ်ကို အားပေနေတဲ့ ပရိသတ်တွေကို ကျေးဇူးတင်လျက်ရှိပါတယ်။ မွန်တေးစီးရီးမူရင်း အခွေကို များများအားပေးပါလို့ ပြောချင်တယ်။ အိုင်စွမ်လည် အနုပညာအလုပ်နဲ့ပတ်သက်ပြီး ရှေ့ဆက်လုပ်သွားမှာပါ။
image-0-02-03-78e46cad987163457580f607de3ee74b6f3bbf26d2a9b67b2156a6be3438aa79-v-copy

Leave a Reply