မွန်အမျိုးသားကွန်ဖရင့် ကို ကြားအင်ဆိပ်ကြီးမြို့နယ်၊ တောင်ပေါက်ကျေးရွာအုပ်စု၊ ပေါလောကုန်းရွာတွင် ကျင်းပလျှက်ရှိပြီး ယင်းကွန်ဖရင့် တွင် ၂၁ ရာစုပင်လုံညီလာခံအတွက် မွန်လူမျိုးတို့ အသံတစ်သံတည်း ထွက်ပေါ်နိုင်ရေး မွန်ပါတီ များစည်းလုံး ညီညွတ်ရေး ကိစ္စများ ဆွေးနွေး လျက်ရှိ ရာ ကွန်ဖရင့် တက်ရောက် လာ သူများ ၏ အမြင် များကို မေးမြန်း ၍ ဖော်ပြလိုက်ရပါသည်။

Naing ta ha Mon
နိုင်သဟမွန်(ထိုင်းရောက်မွန်လူမျိုးများအဖွဲ့ အထွေထွေအတွင်းရေးမှူး)

တစ်သံတည်းဖြစ်လာဖို့က ဘယ်အပိုင်း ဘယ်ကိစ္စမှာလဲပေါ့။ အမြင်တစ်တစ်ထပ်တည်းကျဖို့က ဖြစ်နိုင်ရလည်း ဖြစ်မယ်၊ မဖြစ်လာနိုင်ရင်လည်း မဖြစ်လာနိုင်ဘူး။ ဒါပေမယ့် အနည်းဆုံးတော့ ၂၁ ရာစုပင်လုံညီလာခံမတက်ခင် ကျွန်တော်တို့မွန်လူမျိုးအားလုံးက တစ်သံတည်းဖြစ်လာမယ်။ ဒါပေမယ့် အမြင်တွေကျတော့ တစ်ထပ်တည်းကျမှာ မဟုတ်ဘူး။ ဒီအစည်းအဝေးမှာကတော့ အနည်းဆုံး မရရှိသေးတဲ့ အခက်အခဲတွေ အတွေ့အကြုံတွေကို ဒီကွန်ဖရင့်ကလည်း မကျင်းပရတာကြားပြီးဆိုတော့ စည်းလုံးညီညွတ်ရေးနဲ့ပတ်သက်ပြီး ကောင်းလာလိမ့်မယ်။ ဒီကွန်ဖရင့်မှ နိုင်ငံရေးအချိုးအကွေ့ကြီးကြီးတစ်ခုဖြစ်နေတယ်လို့ မြင်ပြီးတော့ တက်လာတယ်။ ဘာကြောင့်လဲဆိုတော့ ၂၁ ရာစုပင်လုံညီလာခံနဲ့ပတ်သက်နေတယ်။ ဒီကွန်ဖရင့်မရှိခဲ့ဘူးဆိုလို့ရှိရင် ကျွန်တော်တို့ခေါင်ဆောင်တွေ သွားရောက်ဆွေးနွေးမယ်ဆိုရင် တွန်းအားမရှိဘူး။ ဆိုလိုချင်တာက ဒီလိုကွန်ဖရင့်ကြောင့် ကျွန်တော်တို့ခေါင်ဆောင်တွေ သွားရောက်ဆွေးနွေးမယ်ဆိုလို့ရှိရင် တွန်းအားတစ်ခုခုဖြစ်စေလိမ့်မယ်။ နောက်ပြီး ဒီကွန်ဖရင့်က တစ်မျိုးသားလုံးဖြစ်နေတဲ့အတွက် တစ်မျိုးသားလုံးထောက်ခံတဲ့အသံတွေ ဖြစ်လာလို့ ယုံကြည်တယ်။ ဒီကွန်ဖရင့်ပြီးရင် မွန်တစ်မျိုးသားလုံးအတွက် ရှေးဆောင်အဖွဲ့အစည်းတစ်ဖွဲ့ အမြဲတမ်းရှိနေရမယ်။ ဘာအဖွဲ့ဖြစ်ဖြစ် ဘာနာမည်နဲ့ဖြစ်ဖြစ် ရှိနေရမယ်။

Nain Tin aung
နိုင်တင်အောင်(မွန်အမျိုးသားပါတီ ဒုတိယ ဥက္ကဋ္ဌ – ၁)
ဒီကိစ္စနဲ့ပတ်သက်ပြီး ယနေ့နိုင်ငံရေးအခြေအနေအချိုးအကွေ့မှာ လွတ်လပ်ရေးယူမယ်ဆိုရင် တစ်သံတည်းမဖြစ်လို့ မရတော့ဘူး။ တစ်သံတည်းဖြစ်ရမယ်။ ဒီကွန်ဖရင့်ကို တက်ရောက်လာတာ ကျွန်တော်ရဲ့သဘောထားက ဒီကွန်ဖရင့်အပေါ်မှာ အရမ်းလေနက်တယ်။ ဘာကြောင့်လဲဆိုတော့ ဒီနေ့အမျိုးသားတော်လှန်ရေး အမျိုးသားလှုပ်ရေးကိစ္စတွေမှာ နှစ် ၇၀ ရောက်မှ ဒီလိုအစည်းအဝေးမျိုးကို အခုမှ တွေ့ဖူးတော့တယ်။ ဘာအစည်းအဝေးလည်းဆိုတော့ အစိုးရရော ဗမာစစ်တပ်ရော အားလုံးက ဒီမိုကရေစီဖက်ဒရယ်ကို လက်ခံလာတယ်။ တိုင်းရင်းသားတွေလည်း ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးမယ်။ သူတို့လက်ခံလာလို့ အခု ဒီအချိုးအကွေ့မှာ တိုက်ပွဲတွေ နှစ် ၇၀ ကြားပြီးမှ ဒီလိုအသီးအပွင့်မျိုးကို ရရှိလာတယ်။ ဒီကွန်ဖရင့်မှာ မျှော်လင့်တာကတော့ စည်းလုံးညီညွတ်ရေးပါပဲ။ စည်းလုံးညီညွတ်ရေးရှိမှ ကျွန်တော်တို့ လူမျိုးမျှော်မှန်းထားတာကို တည်ဆောက်လို့ရမယ်။ စည်းလုံးညီညွတ်ရေးမရှိ ကိုယ့်ဘာသာကိုယ်လုပ် သူ့ဘာသာသူလုပ်မယ်ဆိုလို့ရှိရင် ကျွန်တော်တို့ အောင်မြင်မှုရရှိပေမယ့်လည်း ပြီးပြည့်စုံမှာ မဟုတ်ဘူး။

Mi Ngwe lay
မိငွေလေး (မွန်လူမှုအဖွဲ့အစည်းကိုယ်စာလှယ်)
အခုမှာက သူတို့ရည်မှန်းချက်နှစ်ချက်ရှိတယ်။ ၂၁ ပင်လုံညီလာခံတက်ရောက်မယ်ဆိုလို့ရှိရင် ကျွန်မတို့ လူမျိုးမှာ တစ်သံတည်းဖြစ်ဖို့ အဲဒါကြောင့် သူတို့က ဒီပွဲကို ကျင်းပတယ်။ နောက်တစ်ချက်က စည်းလုံးညီညွတ်ရေးပါ။ ဒါပေမယ့် တစ်သံတည်းထွက်ပေါ်လာဖို့ကိုဘဲ သူတို့ အဓိကထားတယ်။ ကျွန်မတို့ ပြန်လည်သုံးသပ်ကြည့်မယ်ဆိုရင် မွန်နိုင်ငံရေးပါတီအားလုံးမပါဝင်လာဘူး။ ဒါပေမယ့် လူမျိုးရေးဘက်ကို ကြည့်မယ်ဆိုရင် အခုတက်ရောက်လာတဲ့ကိုယ်စာလှယ်တွေအားလုံး အများစုက အမျိုးသားရေးမှာ ဦးဆောင်တဲ့သူတွေပဲဖြစ်တယ်။ နောက်ပြီးတော့ AMDP ဖက်ဒရယ်မူနဲ့ ဒီကတင်ပြကြတဲ့ဖက်ဒရယ်မူတွေ သိပ်ကွာခြားမှုမရှိဘူး။ အဖြေကတော့ အပြည့်အစုံမရရင်လည်း ထိုက်သင့်သလောက်တော့ ကျွန်မတို့ ဆွေးနွေးလို့ရတဲ့အချက်လောက်တော့ ရရှိလာမယ်။ ကျွန်မအမြင်တစ်ယောက်အနေနဲ့ပြောရရင်တော့ ၂၁ ပင်လုံညီလာခံအတွက် တစ်သံတည်းထွက်ပေါ်လာနိုင်မယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီပွဲမကျင်ပခင်ကလည်း ကျွန်မတို့ မွန်လူမှုအဖွဲ့အစည်းတွေ ဖက်ဒရယ်နဲ့ပတ်သက်တဲ့ မူတစ်ခုကို ဆွေးနွေးခဲ့တယ်။ ဖက်ဒရယ်နဲ့ပတ်သက်ရင်တော့ သိပ်ကွာခြားမှှုမရှိကြဘူး။ သိပ်မကွားဘူးဆိုတော့ အခုကျွန်မတို့ ညှိနှိုင်းဆွေးနွေးလို့ရမယ်လို့ မြင်တယ်။ ဒီကွန်ဖရင့်မှာ ကျွန်မတို့ ယုံကြည့်မှုတစ်ခုခုရှိနေလို့ ဒီဆွေးနွေးပွဲက ကောင်းတဲ့ရလဒ်တွေ အမျိုးသားရေးအတွက် ရလဒ်ကောင်းတစ်ခုခုထွက်လာမယ်လို့ ယုံကြည့်ပြီးတော့ တက်ရောက်လာတယ်။ ကျွန်မတို့က မျှော်လင့်ချက်တစ်ခုပဲရှိတယ်။ ဘာလဲဆိုတော့ ၂၁ ရာစုပင်လုံမှာ မွန်လူမျိုးတွေ တစ်သံတည်းထွက်ပေါ်လာဖို့နဲ့ တင်ပြနိုင်ဖို့ပဲ။ ဒီကွန်ဖရင့်က လူစုံတက်ရောက်တဲ့အတွက် ဒီနေ့မှ ဆွေးနွေးချက်များမယ် ဒီဆွေးနွေးမှုက အရာထင်လိမ့်မယ်လို့ ကျွန်မထင်တယ်။

Naing Ye Zaw
နိုင်ရဲဇော် (မွန်သမိုင်းသုတေသနတွဲဖက်အတွင်းရေးမှူး)

တစ်သံတည်းထွက်ဖို့က ညှိနှိုင်းဆွေးနွေးမှုတွေ သေသေချာချာလုပ်ဖို့လိုမှာပေါ့နော်။ တစ်သံတည်းထွက် သွားတာသည် စိတ်တူကိုယ်တူ ထွက်သွားတဲ့အသံမျိုး ဖြစ်ဖို့က ညှိနှိုင်းဆွေးနွေးမှုက ကြေလည်အောင် လုပ်နိုင်မှရမယ်။ ဒီဟာက ဘာပဲပြောပြောပေါ့နော် ကိုယ့်လူမျိုးရဲ့ စည်းလုံးညီညွတ်မှုကို ပြသတယ်။ နောက်ပြီးတော့ ကိုယ့်လူမျိုးတွေရဲ့ နိုင်ငံရေးကို ကိုယ့်လူမျိုးတွေ ဆွေးနွေးတိုင်ပင်တယ်ဆိုပြီးတော့ ဘာပဲပြောပြော ကောင်းတဲ့အလားလာပါပဲ။ဒါပေမယ့် အပြုသဘောဘက်ကို ဆောင်သွားနိုင်ဖို့ ဆွေးနွေးနိုင်ဖို့ တက်ရောက်စဉ်းစားပေးနိုင်ဖို့ ဒါကတော့ တက်ရောက်တဲ့သူတွေ စိတ်ထဲမှာ ထည့်ထားဖို့ လိုမယ်။ အပြုသဘောဆောင်တဲ့ အတွေးအခေါ်မျိုးနဲ့ ဆွေးနွေးမယ် သုံးသပ်မယ် အဖြေရှာမယ်ဆိုရင်တော့ ဒါကအကောင်းဘက်ကို ဦးတည်မယ်လို့ မျှော်လင့်ပါတယ်။ သူတို့ပေးထားတာ နှစ်ခုမြင်တာပေါ့နော်။ တစ်ခုကတော့ ငြိမ်ချမ်းရေးညီလာခံကို တက်တဲ့အခါမှာ အတွေးအခေါ်တစ်ခုတည်းနဲ့ မွန်တွေရဲ့ ကိုယ်စာပြုအတွေးအခေါ်မျိုး အယူအဆမျိုး ပါသွားဖို့ နောက်တစ်ခုကတော့ ကျွန်တော်သိရသလောက်တော့ဆိုရင် တစ်ခုတည်းသော ပါတီ ညီညွတ်တဲ့နိုင်ငံရေးအဖွဲ့အစည်းတစ်ရပ်ကို တည်ထောင်ဖို့ဆိုတဲ့ဟာမျိုး ဒီ issu နှစ်မျိုးနဲ့လုပ်တယ်လို့ သိတယ်။ သိတဲ့အတွက် ဒီ issu နှစ်မျိုးလုံးကို အောင်မြင်အောင် လုပ်နိုင်ဖို့ ဆန္ဒပြုတယ်။ ဒီထက်တိုးတက်တဲ့ နိုင်ငံရေးအဖွဲ့အစည်း လူမှုအဖွဲ့အစည်းပေါ်ပေါက်လာဖို့ ဒါဟာ ကြိုးစားမှုတစ်ခုပဲလို့ မြင်ပါတယ်။ ဒါမျိုးလည်း ကိုယ်ကြိုးစားနိုင်ပါစေလို့ ဆန္ဒပြုပါတယ်။

Naing ta la chan
နိုင်တလချမ်း(မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ ဗဟိုကော်မတီ)

ကျွန်တော့်အမြင်အရဆိုရင် တက်ရောက်လာတဲ့သူတွေရဲ့ဆန္ဒအားလုံး တစ်သံတည်းဖြစ်သွားဖို့က လက်ကျန်ဒီနှစ်ရက်ထဲမှာ ဖြစ်မလာနိုင်ဘူး။ ဒါပေမယ့် အနီးကပ်ဆုံးကတော့ သူတို့ အကျဉ်းချုပ်ပြီးတော့ သူတို့ ဖြတ်သွားမယ်။ သူတို့ဆုံးဖြတ်ချက်အဖြစ်သတ်မှတ်သွားနိုင်မယ်။ အမှန်တကယ်တော့ တင်ပြနေတဲ့စာတမ်းလောက်က အကုန်လုံးသဘောတူညီချက်ယူရမယ်ဆိုရင် အချိန်လည်း အများကြီးပေးရလိမ့်မယ်။ တက်ရောက်လာတဲ့ကိုယ်စာလှယ်တွေကလည်း မွန်လူမျိုးကို ကိုယ်စာပြုတဲ့သူတွေအကုန်လုံးလည်း မပြောနိုင်သေးဘူး။ ကျန်နေသေးတဲ့ တတ်သိပညာရှင်တွေ ဥပဒေကိုနားလည်းတဲ့လူတွေ အများကြီးကျန်းနေသေးတယ်။ အချုပ်အားဖြင့်ပြောရရင် ဒီပွဲက ကျွန်တော်တို့ တစ်မျိုးသားလုံးလို့ ပြောလို့မရသေးဘူး။ ဒီပွဲက မွန်လူမျိုးကို ကိုယ်စာပြုတဲ့အစည်းအဝေးဖြစ်နေတော့ ကျွန်တော်က ပုဂ္ဂိုလ်ရေးအနေနဲ့ဆိုရင်တော့ ဘယ်နေရာမှာပဲ ရောက်နေရောက်နေ ဘယ်နေရာမှာပဲရှိနေရှိနေ ဘယ်နေရာမှာပဲ တာဝန်ထမ်းဆောင်နေပါစေ ဒီလိုပွဲမျိုးမှာ တက်ရောက်သင့်တယ်လို့ ယုံကြည့်ပြီးတော့ ကျွန်တော်တို့က တက်ရောက်နားထောင်ပြီးတော့ အခြေအနေအရပေးလာရင်တော့ ဆွေးနွေးအကြံပြုမယ်။ အဲဒီလိုရည်ရွယ်ချက်ကြောင့် တက်ရောက်လာတယ်။ မျှော်လင့်ချက်ကြီးကြီးမားမားတော့ သိပ်မရှိဘူး။ ဒါကတော့ ၂၁ ပင်လုံအတွက် အသံတွေစုစည်းဖို့ဆိုတော့ ထိုက်သင့်သလောက်ပဲ ရသွားနိုင်မယ်။ တစ်မျိုးသားလုံးပြီးပြည့်စုံတာကို ရသွားမနိုင်ဘူးလို့ မြင်တယ်။ နိုင်ငံရေးအဖွဲ့အစည်းတွေအားလုံးပါဝင်လာဖို့ မွန်တစ်မျိုးသားလုံးလူမှုအဖွဲ့အစည်းတွေအားလုံးပါဝင်လာဖို့ အချိန်များများပေးပြီးတော့ ဆွေးနွေးညှိနှိုင်းအမြင်ဖလှယ်ကြပြီးတော့ အဲဒီတော့မှ ပြီးပြည့်စုံတဲ့အမြင်သဘောထားတွေဖြစ်လာနိုင်မယ်။ မွန်လူမျိုးအတွက် ပင်လုံမှာ နိုင်ငံရေးပါတီ၊ မွန်လက်နက်ကိုင်အဖွဲ့အစည်း၊ လူမှုအဖွဲ့အစည်းတွေပါမယ်။ ပင်လုံရောက်ရင်တော့ တစ်သံတည်းဖြစ်စေတယ်။ ဒါမှ လူမျိုးအတွက် တန်းဖိုးရှိမယ်။ ပင်လုံရောက်ရင် မွန်တွေ တစ်သံတည်းဖြစ်မလာဘူးဆိုရင် သူများလည်း အထင်သေးမယ်။ မွန်တို့ ရည်မှန်းထားတဲ့အတိုင်းလည်း ဖြစ်မလာဘူး။ တက်ရောက်တဲ့သူတွေအားလုံး ပါတီအစွဲ၊ ပုဂ္ဂိုလ်ရေးအစွဲတွေ ဘေးဖယ်ထားပြီးတော့ မွန်လူမျိုးကို ကိုယ်စာပြုပြီးတော့ မွန်လူမျိုးတို့ရဲ့ အကျိုးစီးပွားကို ပေါ်လွင်အောင် ဆွေးနွေးသွားပါလို့ တိုက်တွန်းချင်တယ်။

Leave a Reply