မွန်အမျိုးသားနေ့ တရားဝင်ရုံးပိတ်ရက်ရရှိရေး ပြည်သူ့သဘောထားလက်မှတ်များကိုမုဒုံမြို့နယ်၊ ဝင်းစိန်တောရ၊ အာဇာနည်ကုန်းတွင်ကျင်းပသည့် ၆၉ ကြိမ်မြောက် မွန်တော်လှန်ရေးနေ့အခမ်းအနားတွင် ကောက်ခံခဲ့ကြောင်းတက်ရောက်လာသူများကဟင်္သာမီဒီယာသို့ ပြောကြားသည်။

mon-national-day

အဆိုပါလက်မှတ်များကို ၆၉ ကြိမ်မြောက် မွန်တော်လှန်ရေးနေ့အခမ်းအနားဖြစ်မြောက်ရေးကော်မတီကဦးဆောင် ကောက်ခံ၍ ရရှိလာသည့် ပြည်သူ့သဘောထားလက်မှတ်များကိုအစိုးရထံသို့ တင်ပြမည်ဖြစ်ကြောင်း ၎င်းက မိန့်ကြားသည်။

ထို့အပြင်သဘောထားလက်မှတ်ကောက်ခံမှုကိုမွန်တော်လှန်ရေးနေ့ အခမ်းအနားတွင်သာမကမွန်တိုင်းရင်းသားများအတွက် အထင်ကရဖြစ်သည့် အခမ်းအနားနေ့ရက်များတွင်ထပ်မံကောက်ခံသွားမည်ဖြစ်ကြောင်းဦးဆောင်သူများကပြောကြားသည်။

အဆိုပါ အခမ်းအနားသို့ လူဦးရေထောင်ကျော် တက်ရောက်ခဲ့ပြီးနိုင်ငံရေးတက်ကြွလှုပ်ရှားသူ၊ မွန်လူမှုအဖွဲ့အစည်းများ၊ မွန်တေးသံရှင်များ၊ မြို့နယ်အသီးသီးမှ မွန်လူမျိုးများတက်ရောက်လာကြပြီးကျဆုံးသွားသည့် မွန်တော်လှန်ရေးခေါင်ဆောင်များကိုဂုဏ်ပြုသည့်အနေဖြင့် လွမ်းသူ့ပန်းခွေများကိုချခဲ့သည်။

ထို့ အပြင် MCL ကုမ္ပဏီမှဘိလပ်မြေစက်ရုံသုံးကျောက်မီးသွေးလျှပ်စစ်ဓာတ်အားစက်ရုံတည်ဆောက်နေမှုကိုကန့်ကွက်ကြောင်းလက်မှတ်များလည်းကောက်ခံခဲ့သည်။

Leave a Reply