(ဓါတ်ပုံ အညွှန်း – မွန်အမျိုးသားနေ့ကို တရားဝင်ရုံးပိတ်ရက်ရရှိရန် မွန်လူငယ်များက မွန်အမျိုးသားနေ့များတွင် နှစ်စဉ်ကမ်ပိန်းပြုလုပ်နေကြသည်။)

မော်လမြိုင် ၊ဖေဖော်ဝါရီ ၁၃ ။ ။ ၆၉ ကြိမ်မြောက်မွန်အမျိုးသားနေ့(ဗဟို) အခမ်းအနား ကျင်းပနိုင်ရေးအတွက် ရန်ပုံငွေ ကောက်ခံရရှိမှု ယခင် နှစ်များထက် နည်းပါးကြောင်း မွန်အမျိုးသားနေ့ကျင်းပရေးဗဟိုကော်မတီ ဥက္ကဋ္ဌ ဒေါက်တာမင်းကြည်ဝင်းက ဟင်္သာမီဒီယာသို့ပြောသည်။

(ဓါတ်ပုံ အညွှန်း – မွန်အမျိုးသားနေ့ကို တရားဝင်ရုံးပိတ်ရက်ရရှိရန် မွန်လူငယ်များက မွန်အမျိုးသားနေ့များတွင် နှစ်စဉ်ကမ်ပိန်းပြုလုပ်နေကြသည်။)
(ဓါတ်ပုံ အညွှန်း – မွန်အမျိုးသားနေ့ကို တရားဝင်ရုံးပိတ်ရက်ရရှိရန် မွန်လူငယ်များက မွန်အမျိုးသားနေ့များတွင် နှစ်စဉ်ကမ်ပိန်းပြုလုပ်နေကြသည်။)

၂၀၁၅ ခုနှစ်က ကျင်းပပြုလုပ်ခဲ့သည့် (၆၈)ကြိမ်မြောက် မွန်အမျိုးသားနေ့ အခမ်းအနားတွင် ရန်ပုံငွေ သိန်း ၁၄၀၀ ကျော် ရရှိခဲ့ သော်လည်း ယခုနှစ်တွင်မူ ရန်ပုံငွေအဖြစ် သိန်း ၄၅၀ ဝန်းကျင်သာ ရရှိခဲ့ကြောင်း၎င်းကပြောသည်။

“အလှူငွေကောက်ခံတယ် ၊ ပြီးတော့ ကံစမ်းမဲဖောက်ဖို့အတွက်မဲလက်မှတ်တွေကို ရောင်းချပြီး တော့ ရန်ပုံ ငွေရှာတယ်၊ ဒီနှစ်က အလှူရှင်တွေက မနှစ်ကထက်တော့ နည်းသွားတာပေါ့ အရင်နှစ်တုန်း လိုတာထက် ပိုသုံးမိလို့ အကြွေးတွေတင်တာမျိုးလည်းရှိတယ် ၊ဒီနှစ်ကိုတော့ ကျွန်တော်တို့်က ရှာလို့ရတဲ့ အပေါ်မှာပဲ ချင့်ချင့် ချိန်ချိန်အသုံးပြုသွားမှာဖြစ်ပါတယ်” ဟု ဒေါက်တာမင်းကြည်ဝင်းကဆိုသည်။

ယခင်နှစ်များကဲ့သို့ မွန်စာအတတ်ပညာ စာရေး၊စာဖတ် ပြိုင်ပွဲနှင့် မွန်သီချင်းဆိုပြိုင်ပွဲများ၊ မွန်ရိုးရာယဉ်ကျေးမှု အက ပြိုင်ပွဲများကို မွန်အမျိုးသားနေ့တွင် ထည့်သွင်း ပြုလုပ်သွားမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

(၆၉)ကြိမ်မြောက်မွန်အမျိုးသားနေ့ကို ဖေဖော်ဝါရီ ၂၄တွင် ချောင်းဆုံမြို့နယ်၌ ကျင်းပသွားမည်ကြောင်း အဆိုပါ ကော်မတီထံမှသိရသည်။

Leave a Reply