မော်လမြိုင်၊ ဖေဖော်ဝါရီ ၂၂ ။ ။ ဖေဖော်ဝါရီ ၂၄ ရက်တွင် ကျရောက်မည့် (၆၉) ကြိမ်မြောက် မွန်အမျိုးသားနေ့ကို ဂုဏ်ပြုကြိုဆိုသောအနေဖြင့် အမျိုးသားနေ့ ကျင်းပပြုလုပ်မည့်နေရာများ၌ မွန်အမျိုးသားနေ့ ဖြစ်ပေါ်လာပုံကို အများသိရှိစေရန် လက်ကမ်း စာစောင် များ အခမဲ့ဖြန့်ဝေ သွားမည်ဖြစ်ကြောင်း အဆိုပါ လှုပ်ရှားမှု ပြုလုပ်နေသူ နိုင်ကိုသူက ဟင်္သာမီဒီယာသို့ ပြောကြားသည်။

mon-national-day
“ဒီလက်ကမ်းစာစောင်ကို တစ်ချို့မြို့နယ်က မရဘူး၊ ကျွန်တော်လက်လှမ်းမှီသော မြို့နယ်များကို ပို့ပေးတယ်၊ တစ်ချို့နေရာတွေက ကျွန်တော်လက်လှမ်းမမှီဘူးဖြစ်နေတယ်”ဟု ၎င်းက ပြောသည်။

မွန်အမျိုးသားနေ့ အခမ်းအနားကျင်းပပြုလုပ်မည့် ဒေသများမှ မျိုးချစ်ပုဂ္ဂိုလ်များအနေဖြင့် မွန်အမျိုးသားနေ့ ဖြစ်ပေါ်လာပုံ လက်ကမ်းစာစောင် များကို ၀ိုင်းဝန်းကူညီဖြန့်ဝေပေးစေလိုကြောင်းနှင့် ဖြန့်ဝေပေး လိုသော ဆန္ဒရှိသူများက ဆက်သွယ်နိုင်ပါကြောင်း ၎င်းက ဆိုသည်။

“၂၀၁၃ ခုနှစ်တွင် ရန်ကုန်မှာ ပြုလုပ်တဲ့ မွန်အမျိုးသားနေ့အခမ်းအနားမှာဆိုရင် တစ်ခြားတိုင်းရင်းသား တွေလည်း လာကြတယ်၊ မွန်အမျိုးသားနေ့ ဘယ်လိုဖြစ်ပေါ်လာသလဲဆိုတာ သူတို့ကမေးကြတယ်၊ တိုင်း ရင်းသားညီအစ်ကို တွေကိုလည်း သိရှိစေချင်တယ်” ဟု ၎င်းက ပြောသည်။

၂၀၁၄ ခုနှစ်တွင် မွန်အမျိုးသားနေ့ ဖြစ်ပေါ်လာပုံကို ဗွီနိုင်ဖြင့်ထုတ်ပြီး ရန်ကုန်၊ မော်လမြိုင် မွန်အမျိုးသားနေ့ ကျင်းပရေး(ဗဟို)နှင့် တစ်ခြားဒေသတွင် လက်လှမ်းမှီသလောက်ဖြန့်ဝေခဲ့ကြောင်း သိရသည်။

Leave a Reply