မော်လမြိုင်၊ ဖေဖော်ဝါရီ ၂၆ ။ ။ လာမည့် ၂၀၁၇ ခုနှစ်တွင် (၇၀) ကြိမ်မြောက် မွန်အမျိုးသားနေ့ (ဗဟို) ကျင်းပရန်အတွက် မွန်အမျိုးသားနေ့ အထိမ်းအမှတ်အလံကို ကျိုက်မရောမြို့နယ်သို့ သယ်ဆောင်သွားမည်ဖြစ်ကြောင်း (၇၀) ကြိမ်မြောက် ကျိုက်မရောမြို့နယ် မွန်အမျိုးသားနေ့ (ဗဟို) ကျင်းပရေးတာဝန်ခံ မိစန္ဒာနန်က ဟင်္သာမီဒီယာသို့ ပြောကြားသည်။

Mon-Flat“ကျွန်မတို့ အထိမ်းအမှတ်အလံတော်ကို (၆၉) ကြိမ်မြောက် မွန်အမျိုးသားနေ့ ဗဟို အခမ်းအနားကနေပဲ ယူဆောင်ခဲ့သေးတယ်၊ ကျွန်မတို့ ကောပလိုင်းဆရာတော် ပြောတဲ့အတိုင်း အထိမ်းအမှတ် အလံတော်ကို ဘိုးနက်ရွာမှာ ခဏထားခဲ့တယ်၊ ကျွန်မတို့ အစည်းအဝေးထိုင်ပြီးမှ လာရောက်ယူဆောင်သွားမယ်”ဟု ၎င်းက ပြောသည်။

မွန်အမျိုးသားနေ့ (ဗဟို) အထိမ်းအမှတ်အလံတော်ကို လက်ခံခဲ့ပြီး တစ်ခြားရွာမှာ ထားခဲ့သည်ကို လူအများက လာမည့်နှစ်တွင် ကျိုက်မရောမြို့နယ်တွင် ကျင်းပမပြုလုပ်နိုင်မည်ကို သံသယဝင်နေ၍ (၇၀) ကြိမ်မြောက် မွန်အမျိုးသားနေ့ (ဗဟို) ကို ကျင်းပနိုင်ဖို့ရန် ကျိုက်မရောမြို့နယ်တွင် ဆရာတော်များနှင့် နွေရာသီ မွန်စာသင်ကြားရေးအဖွဲ့များ အစည်းအဝေးထိုင် ဆုံးဖြတ်ထားပြီးဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။

“ကျွန်မတို့က မွန်အမျိုးသားနေ့ (ဗဟို) အထိမ်းအမှတ်အလံတော်ကို ရသွားပြီးဆိုတော့ ကျွန်မတို့ ဖြစ်အောင် လုပ်မယ်၊ သံသယမဖြစ်ကြပါနဲ့”ဟု ၎င်းက ပြောသည်။

၂၀၁၆ ခုနှစ် ဖေဖော်ဝါရီ ၂၄ ရက်က (၆၉) ကြိမ်မြောက် မွန်အမျိုးသားနေ့ (ဗဟို) အခမ်းအနားကို ချောင်းဆုံမြို့နယ် (ဘီလူးကျွန်း)၊ ကလော့ကျေးရွာတွင် ကျင်းပခဲ့သည်။

Leave a Reply