Photo by – ဒေါတ်တာတင်မျိုးလွင်

မော်လမြိုင်မြို့၊ ဖေဖော်ဝါရီ ၁၆ ။ ။ မွန်အမျိုးသားပါတီ (MNP) ၏ သထုံမြို့နယ် ဥက္ကဋ္ဌ နိုင်အုန်းရွှေသည် ဖေဖော်ဝါရီ ၁၂ ရက်နေ့ နံနက် ၁ နာရီ အချိန်တွင် ကွယ်လွန်ခဲ့ကြောင်း သထုံမြို့နယ် မွန်အမျိုးသားပါတီဝင်ထံမှ သိရသည်။

Photo by – ဒေါတ်တာတင်မျိုးလွင်
Photo by – ဒေါတ်တာတင်မျိုးလွင်

သထုံမြို့နယ် မွန်အမျိုးသားပါတီ (MNP) ဥက္ကဋ္ဌ နိုင်အုန်းရွှေသည် သထုံမြို့၊သိမ်ဆိပ်ရှိ နေအိမ်တွင် ကွယ် လွန်ခဲ့ခြင်းဖြစ်ပြီး ၎င်းကွယ်လွန်ချိန်တွင် အသက် (၆၈) နှစ် ရှိပြီးဖြစ်ကြောင်း မွန်အမျိုးသားပါတီဝင် ဒေါက်တာ တင်မျိုးလွင်က ပြောသည်။

“စျာပနအခမ်းအနားမှာ ဗဟိုကော်မတီအဖွဲ့ တွဲဖက်အတွင်းရေးမှူး နိုင်စိုးမြင့်က အမိန့်စာပြန်ပေးခဲ့တယ်”ဟု ၎င်းက ပြောသည်။

နိုင်အုန်းရွှေ၏ ဈာပနအခမ်းအနား ကို ဖေဖော်ဝါရီလ ၁၅ ရက်နေ့ ညနေ ၁ နာရီအချိန်တွင် သထုံမြို့ သိမ်ဆိပ် သုဿန်တွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

သထုံမြို့နယ် မွန်အမျိုးသားပါတီ(MNP) ဥက္ကဋ္ဌ နိုင်အုန်းရွှေသည် ယင်းပါတီ၏ ဗဟိုကော်မတီဝင်တစ်ဦးဖြစ်ပြီး ၂၀၁၃ ခုနှစ် မှစတင်ကာ သထုံမြို့နယ် MNP ပါတီ ဥက္ကဋ္ဌအဖြစ် ကွယ်လွန်သည့် အချိန်ထိ တာဝန်ထမ်းဆောင် ခဲ့ကြောင်း သိရသည်။

Leave a Reply