( ဓါတ်ပုံ – အညွန်း – တတိယအကြိမ် မွန်သီချင်းဆိုပြိုင် ပွဲဝင်ရန် လျှောက်ထားသူများအသံစမ်းသပ်မှု ပြုလုပ်နေစဉ် )

မော်လမြိုင် ၊ ဖေဖော်ဝါရီ ၁၀ ။ ။တတိယ အကြိမ်မြောက် မွန်သီချင်းဆိုပြိုင်ပွဲဝင်ရန် လျှောက်ထားသူ ၅၀ ဦး ကို မော်လမြိုင်မြို့ရာမညရဋ္ဌ ဗုဒ္ဓတက္ကသိုလ် ကျောင်းတွင် ဖေဖော်ဝါရီလ ၉ ရက်နေ့မှ စတင်ကာ အသံစစ်ဆေး စမ်းသပ်မူများ ပြုလုပ် နေကြောင်း ယင်းပြိုင်ပွဲ စီစဉ်သူ မွန်ဂီတအဖွဲ့ဝင် နိုင်ဟောင်ချမ်းက ဟင်္သာမီဒီယာ သို့ပြောကြားသည်။

အဆိုပါ အသံ စမ်းသပ်မှုများ ပြုလုပ်နေသည့် ပြိုင်ပွဲဝင်ရန်လျှောက်ထားသူ ၅၀ဦး အနက် ၂၀ဦး သာပြိုင်ပွဲဝင်ရန် ရွေးချယ်မည် ဖြစ်ကြောင်း ၄င်းကပြောသည်။

“မွန်ဂီတအဖွဲ့က ဒိုင်လူကြီး ငါးယောက်ကနေ ပြိုင်ပွဲဝင်တွေရဲ့ အသံနေ အသံထား ကို အကဲဖြတ်ပြီး ရွေးချယ်မှု တွေပြုလုပ်နေပါတယ်၊အဲ့ဒီထဲက စင်ပေါ် တက်သင့်တက်ထိုက်တဲ့ သူတွေကိုရွေးချယ်သွားမှာ ဖြစ်ပါတယ်၊ အရင်နှစ်တွေ က စာရင်းပေးထားတဲ့ ပြိုင်ပွဲဝင်တွေကို စင်ပေါ် တစ်ခါတည်းတင်ပြီး ပြိုင်ခိုင်းတယ်၊ ဒီနှစ်တော့ စမ်းသပ်ဖို့လိုတယ်ထင်လို့ လုပ်ရတာပါ”ဟု အဆိုပါသီချင်းဆို ပြိုင်ပွဲ၏ ဒိုင်အဖွဲ့ဝင် နိုင်ဟောင်ချမ်း က ပြောသည်။

( ဓါတ်ပုံ – အညွန်း – တတိယအကြိမ် မွန်သီချင်းဆိုပြိုင် ပွဲဝင်ရန် လျှောက်ထားသူများအသံစမ်းသပ်မှု ပြုလုပ်နေစဉ် )
( ဓါတ်ပုံ – အညွန်း – တတိယအကြိမ် မွန်သီချင်းဆိုပြိုင် ပွဲဝင်ရန် လျှောက်ထားသူများအသံစမ်းသပ်မှု ပြုလုပ်နေစဉ် )

တတိယ အကြိမ်မြောက် မွန်သီချင်းဆိုပြိုင်ပွဲကို မော်လမြိုင်မြို့ ရာမညရဋ္ဌ ဗုဒ္ဓတက္ကသိုလ် ကျောင်းတွင် ဖေဖော်ဝါရီလ ၁၈ရက်နေ့နှင့်၁၉ရက်နေ့ နှစ်ရက်ဆက်တိုက်ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း အဆိုပါဒိုင် အဖွဲ့ဝင်များက ပြောသည်။

“ဒီပြိုင်ပွဲဝင်မယ့် လူ ၂၀ ကနေပြီးတော့ ငါးယောက်ကို ရွေးချယ်ပြီးဆုပေးမှာပါ၊ ဆုရထားတဲ့ သူတွေက မွန်ဂီတအဖွဲ့မှာ အဖွဲ့ဝင်လို့ရတယ်၊အခွေထုတ်တဲ့အခါမှာလည်း ပါ၀င်လို့ရပါတယ်၊ ဆုတွေကတော့ ထုတ်မပြော သေးပါဘူး၊”ဟု နိုင်ကောင်ချမ်းက ပြောသည်။

မွန် သီချင်းဆို ပြိုင်ပွဲဝင်ရောက် သူများသည် မွန်ဘာသာဖြင့် ရေးစပ်ထားသော သီချင်းများ ဖြင့်ဝင်ရောက် သီဆိုရမည် ဖြစ်ပြီး ယခုအကြိမ်ပြုလုပ်ခြင်း သည် တတိယအကြိမ်မြောက် ကျင်းပခြင်းဖြစ်သည်။

Leave a Reply