( ဓါတ်ပုံ အညွှန်း – တတိယအကြိမ်မြောက် မွန်သီးချင်းဆိုပြိုင်ပွဲ ကျင်းပနေစဉ် )

မော်လမြိုင်၊ ဖေဖော်ဝါရီ ၂ဝ ။ ။ မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ မြိုင်သာယာရပ်ကွက် ရာမညရဋ္ဌဗုဒ္ဓတက္ကသိုလ်ကျောင်းတွင် ကျင်းပခဲ့သော တတိယအကြိမ်မြောက် မွန်သီချင်းဆိုပြိုင်ပွဲ၌ ပါဝင်ယှဉ်ပြိုင်သူ ၂ဝ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ဆန်ကာတင် ခုနှစ်ဦးကို ရွေးချယ်ခဲ့ကြောင်း ယင်းပြိုင်ပွဲ ဖြစ်မြောက် စီစဉ်သူ မွန်အဆိုတော် နိုင်ဟောင်ချမ်းက ပြောသည်။

( ဓါတ်ပုံ အညွှန်း – တတိယအကြိမ်မြောက် မွန်သီးချင်းဆိုပြိုင်ပွဲ ကျင်းပနေစဉ် )
( ဓါတ်ပုံ အညွှန်း – တတိယအကြိမ်မြောက် မွန်သီးချင်းဆိုပြိုင်ပွဲ ကျင်းပနေစဉ် )

အဆိုပါ ပြိုင်ပွဲကို ဖေဖော်ဝါရီ ၁၈နေ့နှင့် ၁၉ ရက်နေ့ညက ယှဉ်ပြိုင်ဝင် ၂၀ဦးတို့ ယှဉ်ပြိုင် ခဲ့ပြီး ဖေဖော်ဝါရီ ၂၆ ရက်နေ့တွင် နောက်ဆုံးအဆင့်ပြိုင်ပွဲ(Final) ကို ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း ၎င်းကပြောသည်။

ယင်းပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်သူ ၂ဝ ဦးအနက် ငါးဦးသာ ရွေးချယ်မည်ဟု ဆိုသော်လည်း အမှတ်တူညီ နေသဖြင့် ခုနှစ်ဦး ရွေးချယ်ခဲ့ရကြောင်း နိုင်ဟောင်ချမ်းက ပြောဆိုသည်။
အဆိုပါ ပြိုင်ပွဲကို သီဆိုယှဉ်ပြိုင်သူ ၂ဝ ဦးအနက် ရွေးချယ်ခံသူ ခုနှစ်ဦးမှာ မိစဂျင်းမော်(မိသဇင်မောဝ်)၊ မိနီလာနွန်၊ မိဧကရီမွန်၊ မင်းဖိုင်ရော် (မာံဘိုင်ရီု)၊ မင်းပိုင်းဂျီ( မာံပေင်ဂျီ)၊ မင်းမနိက်ချမ်း၊ မင်းချုးတလ တို့ ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။

“အရွေးချယ်ခံရလိမ့်မယ်လို့ လုံးဝမထင်ထားဘူး ဘာဖြစ်လို့လဲဆိုတော့ ကိုယ်ရွေးထားပြီး ဆိုမယ့်သီချင်းမဟုတ်ဘဲနဲ့ သီချင်းပြောင်းဆိုလိုက်ရပေမယ့် အရွေးချယ်ခံရတယ်၊” ဟု ရွေးချယ်ခံရသည့်
အဆိုတော် မိနီလာနွန်က ပြောသည်။

မွန်သီချင်းဆိုပြိုင်ပွဲတွင် ပထမဆု၊ ဒုတိယဆု၊ တတိယဆု နှင့် နှစ်သိမ့်ဆုများ အသီးသီး ပေးသွားမည်ဖြစ်ပြီး ဆုရရှိသူများကို မွန်ဂီတအဖွဲ့များနှင့် မွန်တေးစီးရီးအခွေများ ထုတ်သည့်အခါတွင်လည်း ပါ၀င်စေမည်ဖြစ်ကြောင်း ယင်းပြိုင်ပွဲဖြစ်မြောက်ရေးအဖွဲ့ထံမှ သိရသည်။

Leave a Reply