မော်လမြိုင် ၊ ဖေဖော်ဝါရီ ၁၂ ။ ။ မွန်ဘာသာ ဖြင့် သီဆိုထားသော အဆိုတော် နဒီ၏ “ရင်ခွင်ရှိုက်သံ” တစ်ကိုယ်တော် တေးစီးရီးကို အွန်လိုင်းပေါ်တွင် ပထမဦးဆုံးရောင်းချလျက်ရှိကြောင်း အဆိုတော် နဒီက ဟင်္သာ မီဒီယာ သို့ပြောကြားသည်။

na-di

ဖေဖော်ဝါရီလ ၈ ရက်နေ့မှ စတင် ရောင်းချခဲ့ခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။

“မွန် သီချင်းတွေကို မွန်လူမျိုးတွေ ဝယ်ယူရလွယ်အောင်လို့၊ တစ်ချို့တွေက သူတို့မူရင်းခွေတွေကို ရှာ
မတွေ့လို့၊ ကူးခွေတွေ ဝယ်ကျတော့အဆိုတော်တွေ အရမ်းနစ်နာတယ်၊ အဲ့လိုမဖြစ်ရအောင် အွန်လိုင်းမှာ
ရောင်းဖို့ ဆုံးဖြတ်လိုက်တယ်၊ပရိသတ်တွေလည်း မူရင်းအခွေကို အားပေးကြပါ”ဟု အဆိုတော် နဒီက ပြောသည်။

အဆိုပါ တေးစီးရီးကို အွန်လိုင်းတွင် ရောင်းချခြင်းအပြင် MTV အခွေကို ကို ဖေဖော်ဝါရီလ ၁၁ ရက်နေ့က
မွန်ပြည်နယ် အတွင်း စတင်ဖြန့်ချီ လျှက်ရှိကြောင်း ၄င်းကပြောသည်။

တေး သီချင်း စုစုပေါင်း ၁၁ ပုဒ်ပါ၀င်ပြီး အချစ်သီချင်းများ၊ ပညားပေး တေးသီချင်းများ အဆိုပါတေးစီရီးတွင်
ပါ၀င်ကြောင်း အဆိုတော် နဒီကပြော သည်။

မွန် အဆိုတော် နဒီ တေးစီးရီးကို www.Myanmar Music Store.com တွင် သီချင်း တစ်ပုဒ်လျှင် ၃၀၀ကျပ်၊
တေး အယ်ဘမ် တစ်ခုလုံးကို ၁၈၀၀ကျပ် ဖြင့် MPTဖုန်းဘေ၊ Master/Visa ကတ်များ ၊ MyanPay ကတ်နှင့် Y-payကတ်များ ဖြင့် ၀ယ်ယူနို်င်ကြောင်း အဆိုနဒီ၏ တေးသီချင်းအယ်ဘမ် ဖြန့်ဖြူးပေးသူများထံမှသိရှိရသည်။

ထို့အပြင် MPT နံပါတ် ၈၂၀၄ နှင့် ၁၈၈၉၉ တို့ကို စာပေးပို့၍ ဝယ်ယူ နားဆင်နိုင်ကြောင်း အဆိုပါ အွန်းလိုင်း သီချင်းစျေးကွက်အတွင်း မှ သိရှိရသည်။

Leave a Reply