Advertisements

လာမည့် ဒီဇင်ဘာ ၂၄ရက်နေ့တွင် မွေးနေ့အမှတ်တရ အဖြစ် တစ်ကိုယ်တောရှိုး ပွဲကို ရန်ကုန်မြို့ သုဝဏဘူမိကွင်းမှာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း တေးသံရှင်ဝိုင်းစုခိုင်သိန်းကပြောသည်။

” ဝိုင်းစုက ပွဲကျရင်ဆိုဖို့ သီချင်းမြုးဇစ်တွေကိုပြန်ချိန်းထားတယ်။ ပြန်တီးထားတယ်။ Intro က အစပေါ့နော်။ အကုန်ပြန်လုပ်ထားတယ်။ ပြီးတော့ ပါဖောမန့်အပြည့်လုပ်ထားတယ်။ ဝိုင်းစုရဲ့ သီချင်းခွေအသစ်တွေထွက်ထားတော့ မကြားရသေးတဲ့သီချင်းရော သူတို့ကြိုက်တဲ့သီချင်းရော မျှအောင်လုပ်ထားတယ်။ အရမ်းလည်း ကြိုးစားထားပါတယ်။သေချာလေးကိုလည်း အချိန်ယူပြင်ဆင်ထားတယ်။ ” ဟု ဝိုင်းစုခိုင်သိန်းကပြောသည်။

ဝိုင်းစုခိုင်သိန်းသည် တစ်ကိုယ်တော်ရှိုးပွဲကို ရန်ကုန်မြို့တွင် ဒီဇင်ဘာလတွင်ကျင်းပမည်ဖြစ်ပြီး လာမည့် ဇန်နဝါရီ ၁ ၆ရက်နေ့တွင်လည်း မန္တလေးမြို့တွင် ထပ်မံကျင်းပရန်ရှိကြောင်း သိရသည်။

” ပွဲမှာတော့ သီချင်းပုဒ်တိုင်းမှာ ဝိုင်းစုချည်းပဲဆိုမယ်။ တကယ်လို့ Feautrng ဆိုမယ် ဆိုရင်လည်း တစ်ပုဒ်လောက်ပဲပေါ့။ ဆိုဖြစ်မှာပါ။ သက်သက်ခေါ်ပြီးတော့ ဆိုခိုင်းတာ မ၇ှိဘူး။ သီချင်းတွေဆိုရင်လည်း မျက်လှည့်ဆို သီချင်းနဲ့လိုက်မယ့် ပါဖောမန့်တွေပါမယ်။ မယ်သီတာဆိုလည်း မယ်သီတာနဲ့လိုက်ဖက်မယ့် ပေါဖောမန့် တွေ ပါမယ်။ နောက်ပြီးတော့ ဆန်းဆန်းပြားပြားလုပ်စရာ၇ှိတယ်။ဒါကတော့ ပွဲနေ့လာကြည့်မှသိရမယ်ပေါ့နော်။ သီချင်းတွေကိုတော့ အပုဒ်သုံးဆယ်လောက်ဆိုမယ်။ ” ဟု ဝိုင်းစုခိုင်သိန်းက ထပ်မံပြောသည်။

ဝိုင်းစုခိုင်သိန်း၏ ” ဂါ” DVD Album ကို ဒီဇင်ဘာ ၁၆ရက်နေ့တွင် ဖြန့်ချီတော့မည်ဖြစ်ပြီး ယင်းနေ့တွင် တစ်ကိုယ်တော်ရှိုးအတွက် လက်မှတ်များကို စတင်ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

Written by – Hinthar Media

Advertisements
<

Leave a Reply