ထားဝယ်၊ ဇူလိုင် ၂

မှတ်ပုံတင်ပြုရေး ကိစ္စများ နှင့်ပတ်သက်ပြီး လူဝင်မှုကြီးကြပ်ရေးဌာနနှင့်မှတ်ပုံတင်ဦးစီးဌာန(လဝက)ကို ကြပ်မတ်စွာကိုင်တွယ်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတမှတနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့တွင် လူဝင်မှုကြီးကြပ်ရေးနှင့်လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးအဖြစ် ဇူလိုင်လ ၁ရက်နေ့က ခန့်အပ်တာဝန်ပေးအပ်သည့်ပုလောမဲဆန္ဒနယ်အမှတ်(၁)မှတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဦးကျော်မင်း(ခ)ဦးဖိုးမင်းက ပြောကြားသည်။

“အဓိကပထမဦးဆုံးလုပ်မှာကတော့ လူဝင်မှုကြီးကြပ်ရေးဌာန(လဝက)ကို ကြပ်ကြပ်မတ်မတ်ကိုင်တွယ်သွား ဖို့ရှိတယ်“ ဟု ဦးကျော်မင်းက ဆိုသည်။

အဓိကအားဖြင့် မှတ်ပုံတင်ပြုလုပ်ရေးကိစ္စများနှင့်ပတ်သက်ပြီး အတတ်နိုင်ဆုံးပြည်သူတွေ အခက်အခဲ့နည်း သလောက်နည်းပြီး အတတ်နိုင်ဆုံးအကောင်းဆုံးဖြစ်အောင် ပြည်သူ့မျက်နှာကိုကြည့်ပြီး ဆောင်ရွက်သွား မည်ဟုဝန်ကြီးက ပြောသည်။

လူငယ်များအလုပ်အကိုင်အခွင့်အလမ်းရရှိရေးကိုစိတ်ဝင်စားပြီး လုပ်နိုင်စွမ်းအားနှင့်လုပ်နိုင်သလောက်ကြိုး စားလုပ်ကိုင်သွားမည်ဖြစ်ကြောင်း၊ တာဝန်နှင့်လုပ်ပိုင်ခွင့်ကိုလေ့လာပြီး ဥပဒေ၊နည်းဥပဒေ၊အမိန့်နှင့်ညွန် ကြားချက်အတွင်းတွင်လူငယ်များရပိုင်ခွင့်အခွင့်အရေးနှင့်လုပ်နိုင်သည့်အနေအထားကိုအတတ်နိုင်ဆုံး ဆောင်ရွက်သွားမည်ဟု ဝန်ကြီးက ဖြည့်စွက်ပြောသည်။

အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုဖန်တီးပေးနိုင်ရန်၊ ရွှေ့ပြောင်းလုပ်သားများနှင့်ပြောင်းရွှေ့နေထိုင်သူများ ဆန္ဒမဲပေးရာတွင် ယခင်ထက် ပိုမိုအဆင်ပြေ ချော့မွေ့စေရန်ရည်ရွယ်၍ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်း အားအရင်းအမြစ်ဝန်ကြီးဌာနအသစ်ကို တိုင်းဒေသကြီးနှင့်ပြည်နယ်တို့တွင်ဖွဲ့စည်းရခြင်းဖြစ်ကြောင်း အစိုးရ တာဝန်ရှိသူများ ကပြောဆိုထားသည်။

နိုင်ငံတကာရှိလူငယ်များ၏အလုပ်အကိုင်အခွင့်အလမ်းနှင့်ပတ်သက်ပြီးအတတ် နိုင်ဆုံးကြိုးစား သွား မည်ဖြစ်ပြီးနယ်စပ်ဖြတ်သန်းသွားလာမှုကို လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးနှင့်ညှိနှိုင်းတိုင်ပင်ပြီး အကောင်းဆုံး လုပ်ဆောင်သွားရန် ရည်ရွယ်ထားကြောင်း အသစ်ခန့်အပ်ခံသော လူဝင်မှုကြီးကြပ်ရေး နှင့်လူ့စွမ်းအား အရင်းအမြစ်ဝန်ကြီးဦးကျော်မငကဆိုသည်။

ဦးကျော်မင်းသည် တနင်္သာရီတိုင်းဒေသကြီးလွှတ်တော်တွင် ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေးကော်မတီ၊ ဘဏ္ဍာငွေအရအသုံးဆိုင်ရာစိစစ်အကြံပြုရေး ကော်မရှင်အကြံပြုရေးကော်မရှင်အဖွဲ့ဥက္ကဌ၊ အစိုးရ၏အာမခံ ချက်များ၊ ကတိများ၊ တာဝန်ခံချက်များနှင့်ပြည်သူများတိုင်ကြားစာနှင့် အသနားခံစာဆိုင်ရာစိစစ်ရေးကော် မတီအတွင်းရေးမှူး၊လွှတ်တော်ကိုယ်စားလှယ်များစိစစ်ရေးနှင့်လွှတ်တော်အခွင့်အရေးဆိုင်ရာကော်မတီအဖွဲ့ဝင်အဖြစ် တာဝန်ထမ်းဆောင် ခဲ့သူဖြစ်သည်။

ဦးကျော်မင်းမှာအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ပုလောမြို့နယ်အလုပ်အမှုဆောင်အဖွဲ့ဥက္ကဌတာဝန်ထမ်းဆောင်နေသူဖြစ်ပြီး အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်က တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဟောင်းေ ဒါက်တာလဲ့လဲ့မော်ကို တရားစွဲဆိုထားသည့်အမှု ၄မှုအနက် လေယာဉ်ကွင်းချုံရှင်းခကျပ်သိန်း ၄၀၀၀ကို တနင်္သာရီတိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးတွင် စတင်ဆွေးနွေးဖော်ထုတ်ခဲ့သူဖြစ်သည်။

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့တွင် ယခင်က စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ လုံခြုံရေးနှင့်နယ် စပ်ရေးရာဝန်ကြီး ဌာန၊ စိုက်ပျိုးရေ၊မွေးမြူရေနှင့် ဆည်မြောင်းဝန်ကြီးဌာန၊တိုင်ရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန၊ လူမှုရေးနှင့်စည်ပင်သာယာရေးဝန်ကြီးဌာန၊ သယံဇာတနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနတို့ဖြင့် ဝန်ကြီးဌာန ၇ခု ဖွဲ့စည်းထားသည်။

တင့်လွင်

Leave a Reply