Advertisements

မကြာခင် ပွင့်လင်းရာသီရောက် တော့မှာမို့ ခရီးသွားရာသီကာလ ပြန် လည် စတင်လာပါတော့မယ်။ ဒီလိုကာလ မှာ ဘယ်ကိုသွားရမလဲလို့ စဉ်းစားနေရင် တော့ အတွေ့အကြုံအသစ်တွေ ရနိုင်တဲ့ ခရီးစဉ်အသစ်တစ်ခုဖြစ်တဲ့ နယ်စပ်ဖြတ် ကျော်ခရီးစဉ်တစ်ခုသွားရင် ကောင်းမယ် လို့ ထင်ပါတယ်။ ဒီခရီးစဉ်ကတော့ တကယ့်ကို အတွေ့အကြုံကောင်းတွေကို ရရှိစေမှာပါ။

အဲဒီခရီးစဉ်ကတော့ တရုတ်ပြည် ရန်ကျိုးပြည်နယ်ထဲက မှန်တံတားမျှော်စင် ခရီးစဉ်ဖြစ်ပါတယ်။ ဒီခရီးစဉ်ကို ပထမဆုံး စီစဉ်သူက သုခမိန် မြန်မာပြည်အနှံ့ ဘုရားဖူးပို့ဆောင်ရေးပိုင်ရှင် ဦးမျိုးကြီး ဖြစ်ပါတယ်။

ဒီလို နယ်စပ်ဖြတ်ကျော်ခရီးစဉ်တွေ က အခုနောက်ပိုင်းမှာ ဖွံ့ဖြိုးလာပါတယ်။ အထူးသဖြင့် နယ်စပ်ဖြတ်ကျော်ပြီး ခရီး စဉ်တွေကို အများစုသွားကြတာက ထိုင်း ပါ၊ ထိုင်းနိုင်ငံရဲ့ ဒုတိယမြို့တော်ဖြစ်တဲ့ ကန်ချနာပူရီမြို့နယ်ထဲကို လည်ပတ်ပြီးရင် အယုဒ္ဒယမြို့နယ်ကို လည်ပတ်ပြီး ထိုင်းနိုင်ငံရဲ့ထင်ရှားတဲ့မြဘုရားကို လည်ပတ်ကြတဲ့ နယ်စပ်ဖြတ်ကျော်ခရီးစဉ်ပါ။

အခုနောက်ထပ် နယ်စပ်ဖြတ်ကျော် ပြီး တရုတ်ပြည် ရန်ကျိုးပြည်နယ်ထဲက မှန်တံတားမျှော်စင်ကို သွားရောက်လည် ပတ်မယ့်ခရီးစဉ်ကို ခရီးသွားကုမ္ပဏီတစ်ခု က ပထမဆုံး စတင်အကောင်အထည်လိုက် တာဖြစ်ပါတယ်။

အခုချိန်မှာ နယ်စပ်ဖြတ်ကျော်ခရီး သွားလုပ်ငန်းဟာ အလွန်ကိုဖွံ့ဖြိုးလာသလို သွားရောက်လည်ပတ်တဲ့ ခရီးသွားတွေအ တွက်လည်း ဗဟုသုတတွေ၊ အတွေ့အ ကြုံကောင်းတွေ ရရှိစေမယ့် ခရီးစဉ်တစ်ခု ဖြစ်လာမှာပါ။

နယ်စပ်ဖြတ်ကျော်ပြီး တရုတ်ပြည် ရန်ကျိုးပြည်နယ်ထဲက မှန်တံတားမျှော် စင် ခရီးစဉ်ကို သွားလည်ပတ်ကြမယ်ဆိုရင် …ခရီးစဉ်ကိုတော့ ခြောက်ညအိပ် ခုနှစ်ရက်ခရီးစဉ် သတ်မှတ်ထားတယ်လို့ စီစဉ်သူ ဦးမျိုးကြီးက ပြောပါတယ်။

ရန်ကုန်ကနေ စတင်ထွက်ခွာပြီး မန္တလေးရွှေမြို့တော်၊ ပြင်ဦးလွင်မြို့၊ ကွတ် ခိုင်၊ နောင်ချို၊ သီပေါ၊ လားရှိုး၊ မူဆယ်ကို သွားတဲ့ခရီးမှာ လမ်းကမြို့တွေကို ဝင် ရောက်လည်ပတ်နိုင်မယ့် အစီအစဉ်တွေ ကိုလည်း ဆွဲထားပါတယ်။

မန္တလေးရွှေမြို့တော်မှာ လည်ချင်ရင် ကားလေးတွေနဲ့ ကိုယ့်အစီအစဉ်နဲ့ လည် ပတ်နိုင်တယ်လို့ သိရပါတယ်။

နိုဝင်ဘာ ၁၁ ရက်ညမှာ ရန်ကုန်က နေ စတင်ထွက်ခွာပြီး ၁၂ ရက်နေ့ဆို မန္တလေးကို ရောက်ပါမယ်။ မန္တလေးမှာ ကားလေးတွေနဲ့လည်မယ်။ မန္တလေးမှာ လည်ရင် ခြောက်ထောင် ခုနစ်ထောင် လောက်ကုန်ကျမယ်။ အင်းဝမြို့ဟောင်း၊ငါးရံ့မင်းလှိုဏ်ဂူရှိတဲ့ ရန်ကင်းတောင်၊ မန္တ လေးတောင်၊ ရွှေကျောင်းကြီး၊ မန္တလေး နန်းတွင်း စတာတွေကို လည်ပတ်ကြအုံး မှာပါ။

ပြီးတာနဲ့ ညနေကို ပြင်ဦးလွင်မြို့ ဆက်တက်ပါမယ်၊ ပြင်ဦးလွင်မြို့မှာ ညအိပ် မယ်။ ပြင်ဦးလွင်မြို့မှာတော့ ဘုန်းကြီး ကျောင်းပဲ စီစဉ်ထားပါတယ်။ တတ်နိုင်လို့ ဟိုတယ်မှာတည်းမယ်ဆိုလည်း ကိုယ့်အစီ အစဉ်နဲ့ တည်းနိုင် တယ်လို့ သိရပါတယ်။

မနက်ပိုင်းကို ပြင်ဦးလွင်မြို့မှာ လည် မယ်။ ပြင်ဦးလွင်မြို့ လည်ပြီးတာနဲ့ နေ့ခင်း ပိုင်းကိုတစ်ခါတည်း လားရှိုးကိုတက်ပါမယ်။ နိုဝင်ဘာ ၁၃ ရက်ညမှာ လားရှိုူးမှာ အိပ် မယ်။ အဲဒီမှာလည်း ဘုန်းကြီးကျောင်းပါပဲ။ ၁၄ ရက် မနက်ကို လားရှိုးက ရေပူစမ်းကို သွားလည်မယ်။ ရေပူစမ်းကနေ မူဆယ်ကို ခရီးဆက်မယ်။

မူဆယ်ရောက်ရင် ဟိုတယ်မှာ ည အိပ်မယ်။ ညကျရင် မူဆယ်ဈေးကွက်ကို လေ့လာရင်း လည်ပတ်ကြဖို့ စီစဉ်ထားပါ တယ်။

ကိုယ့်ဒေသနဲ့မတူတဲ့ ညဈေးကွက် အခြေအနေတွေကို လေ့လာခွင့်ရမယ် ပေါ့။ မူဆယ်မှာ မြိုင်တောရွာကို လည် ချင်တယ်ဆိုရင် ဒေသခံတုပ်တုပ်လေး တွေစီစဉ်ပေးမယ်။ ဒါကတော့ ကိုယ့်အစီ အစဉ်နဲ့ပေါ့။ ပြီးရင် မူဆယ်ဟိုတယ်မှာ ည အိပ်ပါမယ်။ ဒီဟိုတယ်အိပ်ခတွေကိုတော့ ပေးစရာ မလိုပါဘူး။

နိုဝင်ဘာ ၁၅ ရက် မနက်မှာ တရုတ် ပြည် ရန်ကျိုးကိုသွားမယ်။

အဲဒီမှာ မှန်တံတားမျှော်စင်ကိုတက် မယ်။ တရုတ်ပြည် ဝင်ကြေးကိုလည်း ထပ် ပြီး ပေးစရာမလိုပါဘူး။ မှန်တံတား မျှော်စင်က ရန်ကျိုးပြည်ရဲ့ ခရီးသွား logo တစ်ခုပါလို့ စီစဉ်သူဦးမျိုးကြီးက ပြောပြ ပါတယ်။

အဲဒီမှာ ဈေးဝယ်လည်ပတ်ဖို့ ဈေး တော့ မရှိပါဘူး။ မှန်တံတားပဲ ရှိပါတယ်။ မှန်တံတားမျှော်စင်ကနေ ပြန်လာရင်ဈေး ဝယ်ဖို့အတွက် ရွှေလီဈေး၊ ကြယ်ခေါင် ဈေးကိုလည်း ဝင်လည်ပတ်မယ်။

ပြီးရင် မူဆယ်ကို ပြန်မယ်။ ဟိုတယ် မှာ ညအိပ်မယ်။ ဈေးဝယ်တာ အားမရရင် မကျေနပ်သေးရင် မူဆယ်ဈေးကိုထပ်ပတ် နိုင်ပါတယ်။ ဈေးဝယ်ဖို့တော့ ပိုက်ဆံသာ အများကြီးထည့်ဖို့ မမေ့နဲ့ပေါ့။

၁၆ ရက် မနက်ကို မူဆယ်ကနေ ပြန်ထွက်လာမယ်။ ညကို ပြင်ဦးလွင် မြို့မှာပဲပြန်အိပ်မယ်။ အဲဒီနောက် ၁၇ ရက် မနက်ကို ပြင်ဦးလွင်မြို့ကနေ ပြန်ဆင်းပြီး ရန်ကုန်ကို ပြန်ဆင်းလာမယ်။ ဒီခရီးစဉ် အားလုံးကို နှစ်သိန်းခွဲ သတ်မှတ်ထားပါ တယ်။ ဒီနှစ်သိန်းခွဲမှာ ထမင်းကျွေး မပါ ဘူးလို့ သုခမိန်ဘုရားဖူးပို့ဆောင်ရေးက ဦးမျိုးကြီးက ပြောပါတယ်။

နှစ်သိန်းခွဲမှာက တရုတ်ပြည်မှာ လည်ပတ်ဖို့ စာအုပ်လုပ်ခရယ်၊ တရုတ် ပြည်လည်ပတ်ခရယ်၊ မူဆယ်မှာ ဟိုတယ် နှစ်ညအိပ်ခရယ်၊ ကားခရယ်ကိုသာ ပါဝင် ပါတယ်။ လမ်းမှာစားတာ သောက်တာက တော့ ကိုယ့်ဘာသာ အစီအစဉ်နဲ့စိတ် ကြိုက်ရွေးချယ်နိုင်ပါတယ်လို့ ဆိုပါတယ်။
တရုတ်ပြည်ထဲကို broader pass စာအုပ်နဲ့ပဲ ဝင်လည်ပတ်ကြမှာဖြစ်ပါတယ်။

ဒီလိုနယ်စပ်ဖြတ်ကျော်ပြီး ခရီးစဉ် တွေကို စီစဉ်လာတာက ၂၀၁၅ နောက် ပိုင်းလောက်မှာ သိသာလာပါတယ်။ ၂၀၁၆ ခုနှစ် နောက်ပိုင်းမှာတော့ တကယ့် ကို ဖွံ့ဖြိုးလာခဲ့ပါတယ်။ အိမ်နီးချင်း နိုင်ငံ တွေကလည်း ကိုယ့်နိုင်ငံထဲကို နယ်စပ် ဖြတ်ကျော်ပြီး လည်ပတ်လာသလို မြန်မာ ခရီးသွားတွေကလည်း နယ်စပ်ကိုဖြတ် ကျော်ပြီး ဈေးဝယ် လည်ပတ်ကြတာတွေ ကို စိတ်ဝင်စားလာကြပါတယ်။ ဒီလိုခရီး တွေသွားရောက်ရတာဟာ တကယ့်ကို ခရီး သွားအတွေ့အကြုံတွေ များစွာရသလို ခရီးသွားခြင်းအနှစ်သာရတွေကိုလည်းရရှိ စေနိုင်မှာမို့ နယ်စပ်ဖြတ်ကျော်ပြီး သွား ကြည့်ဖို့ လမ်းညွှန်ပေးလိုက်ပါတယ်။

Written by – နှင်းဆီသခင်

Advertisements
<

Leave a Reply