၂၀၁၇- ၂၀၁၈ ဘဏ္ဍာရေးနှစ်အတွင်း မွန်ပြည်နယ်တွင် လျှပ်စစ်ဓာတ်အား အပြည့်အဝ ရရှိစေရန်အတွက် ထရန်စဖော်မာ  ၇၃ လုံးကို တိုးချဲ့ တပ်ဆင်သွားမည်ဖြစ်ကြောင်း မွန်ပြည်နယ်  လျှပ်စစ်ဓာတ်အားဖြန်ဖြုရေးလုပ်ငန်းရုံးမှ ပြည်နယ်လျှပ်စစ် အင်ဂျင်နီယာမှူး ဦးသက်ပိုင်မျိုးက ပြောကြားသည်။

“လုပ်ငန်းကို မစရသေဘူး၊ တင်ဒါလည်း မဆွဲရသေဘူး၊ ပြည်နယ်အစိုးရအဖွဲက တင်ဒါခေါ်ယူလု့ိ ရပြီးလို့ ခွင်ပြုမှ တင်ဒါခေါ်ယူ ရမယ်” ဟု ၎င်းက ပြောဆိုသည်။

ပြည်နယ်အစိုးရအဖွဲ့က တင်ဒါ ခေါ်နိုင်ကြောင်း အကြောင်းကြားလာပါက လုပ်ငန်းစတင်သွားမည်ဖြစ်ပြီး၊ ထရန်စဖော်များကို ပြည်ထောင်စု ဘက်ဂျက်ဖြင့် တပ်ဆင်ခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

ထပ်မံတိုးချဲ့ တပ်ဆင်မည့် ထရန်စဖော်မာများကို မော်လမြိုင်မြို့နယ်၊ မုဒုံမြို့နယ်၊ သံဖြူဇရပ်မြို့နယ်၊   ကျိုက်မရောမြို့နယ်၊ ချောင်းဆုံမြို့နယ်၊ ပေါင်မြို့နယ်၊ သထုံမြို့နယ်၊ ဘီးလင်းမြို့နယ်နှင့် ကျိုက်ထိုမြို့နယ်တို့တွင် တပ်ဆင်သွားမည်ဖြစ်ကြောင်း ၎င်းက ထပ်မံရှင်းပြသည်။
တပ်ဆင်မည့် ထရန်စဖော်မာ အမျိုးအစားများတွင် ၁၀၀ ကေဗွီအေ၂၃ လုံး ၊ ၁၆၀ ကေဗွီအေ ခြောက်လုံး၊ ၂၀၀ ကေဗွီအေ ၄၄ လုံး တို့ပါဝင်ကြောင်း ၎င်းက ပြောဆိုသည်။

အဆိုပါ လုပ်ငန်ကို ပြည်ထောင်စု ဘက်ဂျက် ၇၄၇၄ ဒသမ ၂၂၉ ကျပ်သန်းကို အသုံးပြုသွားမည်ဖြစ်ကြောင်း မွန်ပြည်နယ် လျှပ်စစ်ဓာတ်အား ဖြန်ဖြူးရေလုပ်ငန်းရုံးထံမှ သိရသည်။

Written by – ခင်နန်းဌေး

Leave a Reply