Advertisements

မော်လမြိုင်၊ ဧပြီ ၃

မွန်ပြည်နယ်၌ မုဒုံမြို့နယ်လုံးဆိုင်ရာ နွေရာသီမွန်စာပေသင်ကြားမှု ယခုနှစ် အစီအစဉ်တွင် ကျောင်းသား/ကျောင်းသူဦးရေ နှစ်သောင်းအထိတိုးလာကြောင်း မွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီ ဒုတိယ ဥက္ကဋ္ဌ နိုင်မွန်ရာဇာက ဟင်္သာမီဒီယာသို့ ပြောကြားသည်၊၊

ယမန်နှစ်က ဦးရေ ၁၇၀၀၀ သာ ရှိခဲ့ရာမှ ယခုနှစ်တွင် အစိုးရကျောင်းပိတ်သည်နှင့် မွန်စာပေသင်ကြားမှုကို စတင်ခဲ့သည့်အတွက် ကျောင်းသားဦးရေတိုးလာခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်၊၊

“ကလေးတွေအတွက် နောက်အခါမှာ မွန်စာကို မတတ်မနေရစိတ်နဲ့ အနာဂတ်မှာလည်း ရုံးသုံးစာအဆင့်ရောက်သည်အထိ လုပ်ဆောင်သွားချင်တယ်”ဟု နိုင်မွန်ရာဇာက ပြောသည်၊၊

အစိုးရအခြေခံပညာကျောင်းများ၌ ပထမတန်းမှ ပဉ္စမတန်းအထိ ကျောင်းချိန်ပြင်ပတွင် မွန်စာပေကို သင်ကြားနေသည်ဖြစ်ရာ နွေရာသီတွင် ယခုကဲ့သို့ သင်ယူခြင်းက ယင်းအပေါ် အထောက်အကူကောင်းတစ်ရပ်ဖြစ်လာမည်ဟု ၎င်းက ပြောသည်၊၊

မွန်ပြည်နယ်တွင် သက်ဆိုင်ရာမြို့နယ်ရှိ ဘုန်းကြီးကျောင်းများနှင့် အစိုးရကျောင်းများတွင် နွေရာသီမွန်စာပေသင်ကြားမှုအစီအစဉ်အရ ပို့ချပေးလျက်ရှိသည်။

ယခုနှစ်(၂၆)ကြိမ်မြောက် နွေရာသီမွန်စာပေ သင်တန်းဆင်းပွဲအခမ်းအနားကို မုဒုံမြို့နယ်၊ ညောင်ကုန်းတိုက်နယ်၊ ပိုင်ကမာကျေးရွာတွင် ကျင်းပမည်ဖြစ်ကာ အစိုးရအဖွဲ့နှင့် တိုင်းရင်းသားရေးရာကော်မတီများကိုပါ ဖိတ်ကြားသွားမည်ဖြစ်ကြောင်း သိရသည်၊၊

Written by ဂေထော

Advertisements
<

Leave a Reply