Advertisements

ထားဝယ် ၊ ဇန်နဝါရီ 

တနင်္သာရီတိုင်းဒေသကြီးတွင် ယခု၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်အတွင်း ပြီးခဲ့သည့်ကိုးလတာ၌ တရားမဝင်သစ် ဖမ်းဆီးရမိခဲ့မှုပမာဏမှာ ယမန်နှစ် တစ်နှစ်လုံးစာထက် ၇၂ ကုဗတန်ကျော် ပိုမိုခဲ့ပြီဖြစ်ကြာင်း တိုင်းဒေသကြီးသစ်တောဦးစီးဌာနထံမှ သိရသည်။

၂၀၁၆-၁၇က တရားမဝင်သစ် ၁၈၇၁ ဒသမ ၁၅ကုဗတန် ဖမ်းဆီးခဲ့ကြောင်း။ယခုဘဏ္ဍာနှစ်အစမှ ၂၀၁၈နှစ်ဆန်း၊ ဒုတိယသီတင်းပတ်အတွင်း၌ ၁၉၄၃ဒသမ၇၅ ကုဗတန်ဖမ်းဆီးနိုင်ခဲ့ကြောင်း ယင်းဌာနထံမှ သိရသည်။

ယင်းသို့ ပမာဏသာလွန် ဖမ်းဆီးနိုင်ခဲ့ခြင်းမှာ သစ်တောဦးစီးဌာနအနေဖြင့် အားစိုက်ဆောင်ရွက်ခဲ့ခြင်းအပြင် ပြည်သူများကလည်း တစ်ဖက်တစ်လမ်းမှပူးပေါင်းပါဝင်မှုလည်းတဖက်မှပါဝင်ခြင်းကြောင့်ဖြစ်ကြောင်း အထက်ပါဌာန၊ ညွန်ကြားရေးမှူး ဦးကျော်ဇေယျက “ပြည်သူရဲ့ပါဝင်မှုဆိုတဲ့နေရာမှာ hot line ဖုန်းနံပါတ်တွေ ကြေငြာထားပြီးတော့သတင်းပေးတာတွေရှိတယ်။ သတင်းပေးတဲ့အပေါ်မှာပဲ ပိုပြီးတော့ဆောင်ရွက်နိုင်ခဲ့တ ဲ့အပိုင်းတွေရှိလာတဲ့ တစ်ပိုင်းပါတယ်” ဟု ၎င်းက ဆိုသည်။

ထို့အပြင်ရန်ကုန်တိုင်းဒေသကြီးမှ ပြည်ပသို့သစ်မှောင်ခိုတင်ပို့မှုကို ပိတ်ဆို့ဖမ်းဆီးခဲ့ရာ မွန်ပြည်နယ်ဖက်မှတဆင့် စက်လှေများဖြင့် ပင်လယ်ရေကြောင်းအတိုင်းခိုးထွက်လာစဉ် ရေတပ်သင်္ဘောနှင့် တွေ့ရှိဖမ်းမိခြင်းကြောင့်လည်း ယခုကဲ့သို့ ပမာဏ ပိုဖမ်းမိလာနိုင်ခဲ့ကြောင်း ၎င်းကဖြည့်စွက်ပြောသည်။

ယင်းတိုင်းဒေသကြီးတွင် မြိတ်ခရိုင်မှာ တရားမဝင်သစ်ဖမ်းဆီးရမိမှုအများဆုံးဖြစ်ပြီး ဒုတိယမှာကော့သောင်းခရိုင်ဖြစ်သည်ဟု သိရသည်။

တရားမဝင်သစ်များ၏ အဓိကဈေးကွက်မှာ ထိုင်းနိုင်ငံဖြစ်သည်ဟု ကျွန်းစုမြို့နယ်မှ Green Network Tanintharyi Region မှ ဦးမျိုးဦးက ပြောသည်။

မြိတ်ခရိုင်၊တနင်္သာရီမြို့နယ်သစ် တောဦးစီးဌာနမှလည်း ယခုလ ၇ ရက်က တောင်ဖရူးကြိုးပြင်၊တာပလပ်ချောင်းဝန်းကျင်၌ တရားမဝင် ပျဉ်းမသစ် ၉၇ တန်ကျော် ဖမ်းဆီးရမိခဲ့သည်။

တနင်္သာရီတိုင်းဒေသကြီးအနေဖြင့် ယခုနှစ်အတွင်း သစ်တန်ပမာဏ ၁၈၀၀၀ ထုတ်ရန် မြန်မာ့သစ်လုပ်ငန်းအနေဖြင့် လျာထားပြီးလက်ရှိအချိန်တွင်လည်း သစ်ထုတ်နေဆဲဖြစ်သည်ဟု သိရသည်။

Written by တင့်လွင်

Advertisements
<

Leave a Reply