Advertisements

မော်လမြိုင် ဖေဖော်ဝါရီ ၇

ရေးမြို့နယ်၊ ရန်ကြီးအောင်ရပ်ကွက်တွင် ၂၀၁၆ ခုနှစ်က ဖြစ်ပွားခဲ့သည့် ထော်လာဂျီမှ ဆိုင်ကယ်ကို ဝင်တိုက်ခဲ့သည့် အမှုတွင် ထော်လာဂျီမောင်းနှင်သည့် ဦးညီညီလင်း အစား ဦးသိန်းသန်းစိုးကို တရားရုံးမှ အမိန့်ချမှတ်ခဲ့ခြင်းအပေါ် ကျေနပ်မှုမရှိသည့်အတွက် နိုင်ငံတော် သမ္မတထံ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ တတိယအပတ်က တိုင်ကြားခဲ့ကြောင်း သိရသည်။

ယင်း တိုင်ကြားမှုများကို ယာဉ်တိုက်ခံရသည့် ဒေါ်အုံးဝင်း အပါအဝင် ၈၈ မျိုးဆက်၊ ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူမှုအဖွဲ့အစည်း ကွန်ရက်မှ လိုက်လံ ကူညီ၍ ဇန်နဝါရီလ ၇ ရက်နေ့က မြန်မာပြည်တောင်ပိုင်း ဂျာနယ်လစ် ကွန်ရက်ရုံးခန်းတွင် မီဒီယာများအား သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။

Advertisements
data-language="en"

အဆိုပါ ဖြစ်စဉ်တွင် ဆိုင်ကယ်အတိုက်ခံရသည့် ဒေါ်အုံးဝင်းမှာ ညာဘက်ခြေထောက်(ပေါင်မှ) ဖြတ်ခဲ့ရပြီး ၎င်းအား ဝင်တိုက်သည့် ထော်လာဂျီ ယာဉ်မောင်းမှာ ဦးညီညီလင်းဟု သိရှိနေသော်လည်း ပြစ်မှုကျူးလွန်သူဘက်မှ နောက်တိုး တရားခံအဖြစ် တင်သွင်သည့် ဦးသိန်းသန်းစိုးကို ရေးမြို့နယ် တရားရုံးက ၂၀၁၉ ခုနှစ် ဇန်နဝါရီလတွင် ထောင်ဒဏ်တစ်နှစ် အမိန့်ချမှတ်ခဲ့ကြောင်း အထက်ပါကွန်ရက် အဖွဲ့ဝင် ဦးခင်မောင်သိန်းမှ ပြောသည်။

ထို့ပြင် ယင်းအမှုတွင် လာဘ်ပေးလာဘ်ယူမှုများရှိနေသည်ဟု ယုံကြည်ပြီး တရားဥပဒေစိုးမိုးမှု အားနည်းလျက်ရှိနေသည့်အတွက် အမှန်အတိုင်းဖြစ်ပေါ်စေရန် သမ္မတထံသို့ တိုင်ကြားထားခြင်းဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

Written by တေဇ

Leave a Reply