Advertisements

မော်လမြိုင်၊ ဇူလိုင်

မော်လမြိုင်မြို့၊ အောက်ကျင်းရပ်ကွက်၊ ဒိုက်ဝန်းကွင်းရပ်ရှိ အမှတ် (၁၂)ယာဉ်ထိန်းရဲမှူးရုံး၊ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်းအတွင်း သိမ်းဆည်းထားသော လိုင်စင်မဲ့ကားများမှ ကားဘက်ထ္တရီများကို ခိုးယူခဲ့သူအား အရေးယူထားကြောင်း ဒိုက်ဝန်းကွင်းနယ်မြေရဲစခန်းမှ သိရသည်။

ဇွန်လ ၂၆ရက်တွင် ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူး၊ ဒုရဲမှူး ခင်မောင်အေးသည် မော်လမြိုင်မြို့၊ ပြည်နယ်ခန်းမတွင် တာဝန်ထမ်းဆောင်နေစဉ် ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်းအတွင်း နေထိုင်ကြသော တပ်ဖွဲ့ဝင်များ၏ ဇနီးများမှ အောက်ကျင်းရပ်ကွက်၊ အနောက်ရှမ်းကုန်းလမ်းနေ ကိုဇော်မင်းလတ်(ခ) ငပိန် မှ ပလာယာ၊ ဝက်အူလှည့်တို့ဖြင့် ယာဉ်ထိန်းရုံးဝင်းအတွင်း ထိန်းသိမ်းထားရှိသော လိုင်စင်မဲ့မော်တော်ယာဉ်များအား လိုက်လံဖွင့်နေပြီး ဆာလာအိတ် (၂)လုံး ယူဆောင်၍ ထွက်သွားကြောင်း ဖုန်းဆက်အကြောင်းကြားခဲကြောင်း မှတ်တမ်းတွင် ဖော်ပြထားသည်။

ယင်းနောက် ဒုရဲမှူး ခင်မောင်အေးနှင့် တပ်ဖွဲ့ဝင်များသည် ပြည်နယ်ခန်းမမှ ပြန်လာပြီးနောက် သက်သေများရှေ့တွင် ဇော်မင်းလတ်(ခ) ငပိန်အား ခေါ်ဆောင်၍ ၎င်း လိုက်လံဖွင့်လှစ်ခဲ့သော မော်တော်ယာဉ်(၅)စီးကို စစ်ဆေးရာ ရှေ့ဖုံးများပွင့်နေပြီး ကားဘက်ထ္တရီအိုးများ ခိုးယူထားသည့်ကို တွေပရှိရကြောင်း ဖော်ပြထားသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သတ်ပြီး ဇွန်လ ၂၇ရက်တွင် ဇော်မင်းလတ်(ခ) ငပိန် အပေါ် အရေးယူပေးပါရန် ဒုရဲမှူး ခင်မောင်အေးက တိုင်တန်းခဲ့သောကြောင့် မော်လမြိုင်မြို့၊ ဒိုက်ဝန်းကွင်းနယ်မြေရဲစခန်းမှ (ပ)၆၅၃/၂ဝ၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၇၈ အရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

Written by ထိုက်ထိုက်

Advertisements
<

Leave a Reply