ယာယီပိတ်ထားသော စာသင်ကျောင်း ၄၃ ကျောင်း ကျန်ရှိနေဆဲ

မော်လမြိုင်၊ သြဂုတ် ၈

မွန်ပြည်နယ်တွင် ပြီးခဲ့သည့် ဇူလိုင် ၂၃ ရက်မှ စကာ ရေကြီးရေလျှံမှုကြောင့် စာသင်ကျောင်း ၁၅၈ ကျောင်းပိတ်ထားရပြီး သြဂုတ် ၆ ရက်အထိစာရင်းအရ ပြန်လည်ဖွင့်လှစ်ရန် ၄၃ ကျောင်း ကျန်ရှိနေသေးကြောင်း မွန်ပြည်နယ် အခြေခံပညာရေးဦးစီးဌာန ပြည်နယ်ပညာရေးမှူးရုံးထံမှ သိရသည်။

မွန်ပြည်နယ်၌ မိုးများအဆက်မပြတ်ရွားသွန်းခြင်း မြစ်ရေကြီးဖြင့် တောင်ကျရေများကြောင့် ကျိုက်ထိုမြို့တွင် စာသင်ကျောင်း (၃) ကျောင်း၊ ဘီးလင်းမြို့နယ်တွင် စာသင်ကျောင်း (၇၄) ကျောင်း၊ သထုံမြို့နယ်တွင် (၂၈) ကျောင်း၊ ပေါင်မြို့နယ်တွင် (၉) ကျောင်း၊ မော်လမြိုင်မြို့နယ်တွင် (၈) ကျောင်းနှင့် ကျိုက်မရောမြို့နယ်တွင် (၃၆) ကျောင်း စုစုပေါင်း ၁၅၈ ကျောင်း ပိတ်ထားရပြီးနောက် ယနေ့အချိန်အထိ (၄၃)ကျောင်းမှာ ဖွင့်လှစ်ရန် ကျန်နေခြင်းဖြစ်သည်။

“ပိတ်ထားတဲ့ ကျောင်းတွေကိုတော့ သြဂုတ် ၆ ရက်နေ့အထိ စာသင်ကျောင်း (၁၁၅) ကျောင်းကို ပြန်လည်ဖွင့်လှစ်ပေးနိုင်ခဲ့ပြီး ကျိုက်မရောမြို့နယ်မှာ ပိတ်ထားတဲ့ စာသင်ကျောင်း (၃၆) ကျောင်းကိုတော့ လတ်တလော ပြန်လည် ဖွင့်လှစ်နိုင်ဖို့ စီစဉ်ဆောင်ရွက်နေပါတယ်” ဟု မွန်ပြည်နယ်၊ အခြေခံပညာရေးဦးစီးဌာန ညွှန်ကြားရေးမှူး (စီမံ) ဒေါ်လဲ့လဲ့ကြည်က ပြောကြားသည်။

ရေကြီးနစ််မြုပ်မှုကြောင့် စာသင်ကျောင်းပေါင်း ၁၅၈ ကျောင်းရှိ ကျောင်းသား၊ ကျောင်းသူ ၃၈,၅၆၈ ဦးအတွက် ကျောင်းသုံး ဗလာစာအုပ်များ၊ ကျောင်းဝတ်စုံများနှင့် ကျောင်းသုံးစာရေးကိရိယာပစ္စည်းကို ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်းလည်း ၎င်းက ဆက်ပြောသည်။

Written by ခေတ်မင်း

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်

This site uses Akismet to reduce spam. Learn how your comment data is processed.