Advertisements

မော်လမြိုင်၊ ဇွန်

မွန်ပြည်နယ်တွင် မိုးဦကျကာလ၌ ယိုဒယား စားသောက်ကုန်ပစ္စည်း တချို့ အရောင်းအဝယ် အေးနေကြောင်း ယိုဒယား စားသောက်ကုန် ရောင်းဝယ်ရေး လုပ်ငန်းရှင်များထံမှ သိရသည်။

အရောင်းထိုင်နေသည့် ပစ္စည်းများတွင် အသားလုံး၊ ကွတ်တီယိုနှင့် ရေခဲမုန့် ပစ္စည်း အပါအဝင် စားသောက်ကုန် တချို့ အရောင်းအဝယ် ပါးနေသည်ဟု မော်လမြိုင်မြို့ဈေးကြီးမှ ယိုဒယားစားသောက်ကုန် ရောင်းဝယ်ရေးဆိုင်မှ ကိုကောင်းထက်က ဟင်္သာမီဒီယာသို့ပြောဆိုသည်။

“မိုးတွင်းက အရောင်းဝယ်ပါးတယ်၊ ပြီးခဲ့နှစ်က အရောင်းဝယ် ကောင်းတယ် အခုတစ်နှစ်ထက်တစ်နှစ်ကျသွားတယ် ဒီနှစ်ပိုဆိုးတယ်ပြောရမယ်”ဟု ၎င်းက ပြောသည်။

ယခုလို အရောင်းအဝယ် ပါလာခြင်းမှာ မဖြစ်မနေ စားသုံးနေရသည့် ဆန်၊ ဆီ၊ ငရုတ်၊ ကြက်သွန်တို့ ဈေးနှုန်းမြင့်တက်လာမှုကြောင့်လည်း ပါဝင်နေသည်ဟု ၎င်းက သုံးသပ်ပြောဆိုသည်။

“အရောင်းဝယ်ပါးတယ် ဒီကြားထဲ ဘတ်ဈေးနှုန်းမြင့်လို့ အခြားဆိုင်တွေနဲ့ယှဉ်ရောင်းရတယ်ဆိုတော့ ဈေးမြင့်ရင် မရောင်းရဘူး”ဟု လဝီနွန် ယိုဒယားစားသောက်ကုန်ပစ္စည်း ရောင်းဝယ်ရေးဆိုင်မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

လက်ရှိ ဘတ်ဈေးမှာ မြန်မာကျပ်ငွေ တစ်ထောင်လျှင် ၄၂ ဘတ်အထိ ရှိနေပြီး၊ ထိုဈေးနှုန်းသည် ဧပြီနှင့် မေလ နှစ်လ ဆက်တိုက် အပြောင်းအလဲ မရှိဘဲ ရပ်တည်နေသည်။

ယိုးဒယား စားသောက်ကုန်ပစ္စည်းများကို ထိုင်းနိုင်ငံ မဲဆောက်မြို့မှ တစ်ဆင့် ကရင်ပြည်နယ် မြဝတီမြို့ထို့မှတဆင့် မော်လမြိုင်သို့တင်သွင်း လျက်ရှိသည်။

Written by ဂေထော

Advertisements
<

Leave a Reply