Advertisements

အကယ်ဒမီအိန္ဒြာကျော်ဇင်အတွက် နောက်ထပ်အကယ်ဒမီချိန်နိုင်သည့် ဇာတ်ကားကောင်းတစ်ကား မကြာမီ ရုံတင်ပြသတော့မည်ဖြစ်သည်။ ဒါရိုက်တာဝိုင်းရိုက်ကူးထားသည့် “ရင်ဘတ်ထဲကဓား”ဇာတ်ကားတွင် မပြေလည်သည့် အိမ်ထောင်ရေးကို ခါးစည်းခံပြီး ရင်ဘတ်ထဲတွင် အိမ်ထာင်ရေးဓားတစ်ချောင်း စိုက်ဝင်ခံရသည့်မိန်းမအဖြစ် ပီပြင်စွာသရုပ်ဆောင်နိုင်ခဲ့သည့် အိန္ဒြာကျော်ဇင်က ” အိန္ဒြာကျော်ဇင်အနေနဲ့ ပြောရမယ်ဆိုရင် အိမ်ထောင်မပြုတာ၊ ယောက်ျားမယူတာကောင်းတယ်။ ကိုယ့်စိတ်နဲ့နှိုင်းပြောရရင် အိမ်ထောင်ပြုရင် ကလေးမွေးရမှာပဲ။ ကလေးမွေးရရင် ကလေးပေါ်မှာပူရတဲ့အပူကြောင့် အပူတွေမများစေချင်တာ။အိမ်ထောင်ပြုရင်တော့ ကလေးကယူမှာပဲ။ အဲဒီတော့ အစောကြီးကတည်းက ယောက်ျားပါမယူနဲ့ပြီးရော”ဟု အရွှန်းဖောက်ဖြေကြားသည်။

ထိုစကားက အတည်ဟုတ်မဟုတ်၊ အိမ်ထောင်ရေးပြဿနာ တကယ် ရှိ၊မရှိနှင့်ပတ်သက်ပြီးလည်း “လင်မယားချင်းဖြစ်တဲ့ ပြဿနာက အရမ်းကိုရှားပါတယ်။ ဒါပေမဲ့ကလေးအပေါ်မှာထားတဲ့ အပူဟာ ဘာနဲ့မှမတူတဲ့အပူပဲ။ သူတို့ နေမကောင်းလို့ပဲဖြစ်ဖြစ်၊ ဆေးရုံ၊ ဆေးခန်း သွားရတာပဲဖြစ်ဖြစ်။ ကလေးတွေကို အပ်ထိုး
တော့မယ်ဆိုရင် ကိုယ့်မှာနေစရာနေရာမရှိတော့ဘူး။ အဲဒီမှာတင် ရုပ်ကြီးတွေကကျပြီး ရယ်လို့လည်းမရ၊ပြုံးလို့လည်းမရတော့ဘူး။ သားသမီးကြောင့်ရတဲ့အပူဟာ ဘယ်လိုမှ မခံစားနိုင်တော့ဘူး။ ကျန်းမာရေးကြောင့်တင်ပဲလားဆိုတော့လည်း မဟုတ်ပြန်ဘူး။ ကျောင်းထားဖို့ကိစ္စလည်း ပြဿနာတက်ပြီ။ဒီခေတ်ကျမှပဲရှုပ်နေတာပဲ။ ကိုယ်တွေ ခေတ်တုန်းက ရှိတဲ့ကျောင်း သွားတက် ပြီးပြီ။ British Wayလား။American Way လား။ ရှုပ်နေတာပဲ။ သားသမီးနဲ့ပတ်သက်လို့ကတော့လေ သူတို့တွေ အိမ်ထောင်ရက်သားတွေကျတဲ့အချိန်ထိပေါ့။ ဒါပေမဲ့ အဲဒီအချိန်ထိလည်းပူနေရတာပါပဲ။ အခုထိလည်း အူဝဲအမေက လွတ်မှမလွတ်တာ”ဟုလည်းပြောပြခဲ့သည်။

အပြင်ဘဝတွင် အရမ်းကောင်းမွန်သည့် အိမ်ထောင်ရေးကို ပိုင်ဆိုင်ထားသည့်အိန္ဒြာကျော်ဇင်က ဇာတ်ရုပ်ပီပြင်သွားမှုအပေါ် “ဒီဇာတ်ကောင်အပေါ်မှာမူတည်တာပေါ့နော်။ လရိပ်ဝေးလို့ ကိုယ့်ကိုယ်ကိုယ် ကိုယ်တိုင်ခံစားပြီးတော့ သူဖြစ်နေတဲ့ သူရဲ့ခံစားချက်တွေ အပေါ်မှာပဲ၊ ပြောရတဲ့ ဒိုင်ယာလော့ခ်တွေအပေါ်မှာပဲ အိုင်တင်တွေနဲ့တစ်ခါတည်း အကုန်ပါသွားတာပေါ့။အပြင်မှာ လင်မယားပေမဲ့ ဇာတ်ကားထဲကို ရောက်သွားရင်တော့ အဆင်မပြေတဲ့ လင်မယားမျိူး ကိုယ့်ရဲ့စိတ်ထဲမှာ ခံစားပြီးလုပ်ခဲ့တာဖြစ်တဲ့အတွက် သူဘာသာသူ တစ်ခါတည်းပါသွားတာပေါ့။ အူဝဲတို့က ဒါရုပ်ရှင်ရိုက်ကြတာပဲ ရိုက်ကွင်းပေါ်မှာ ဆင်းန် ဖြုတ်လိုက်ပြီ ရူတင်ကနေအိမ်ကိုပြန်ပြီဆိုရင် အလုပ်အတူတူလုပ်နေတဲ့သဘောတရားအရ ဒီနေ့သရုပ်ဆောင်တဲ့အထဲမှာ အိုက်တင်လေးတွေကတော့ ဘယ်လိုလေးလုပ်ခဲ့တာအဆင်ပြေရဲ့လား။ အဲဒီလိုလေးတွေ ဆွေးနွေးညှိနှိုင်းဖြစ်တယ်။ ရိုက်ကွင်းမှာ ရိုက်တော့မယ်ဆိုရင်တော့ ရန်သူတွေဖြစ်သွားကြတာပေါ့”ဟုလည်းဆိုပါသည်။

အိန္ဒြာကျော်ဇင်ကကိုယ်တိုင်ကလည်းအရမ်းကြိုးစားထားပါကြောင်း၊ အကယ်ဒမီမရခဲ့ရင်လည်း မရဘူးလို့ဘဲမှတ်ပါကြောင်း၊ အရမ်းကြီးလည်းမမျှော်မှန်းထားပါကြောင်း၊ ဘယ်ကားနဲ့မှ၊ ဘယ်နှစ်ကမှ၊ ဒီကားလေးနဲ့တော့ ငါအကယ်ဒမီလိုချင်တယ်ဆိုတဲ့စိတ် တစ်ခါမှ မထည့်ထားကြောင်း၊ လိုတော့လိုချင်သော်လည်းစိတ်ထဲတွင် အရမ်းပြင်းပြင်းထန်ထန်ထည့်ထားလျှင် ကိုယ်ပဲခံစားရမည်ဟုလည်းပြောပြခဲ့သည်။ ရင်ဘတ်ထဲကဓား”ရုပ်ရှင်ကားကြီးကို အောက်တိုဘာလ ၂၇ ရက်တွင်ရုံတင်ပြသတော့မည်ဖြစ်သည်။

Advertisements
<

Leave a Reply