မေလကုန် တွင်မွန်ပြည်နယ် ဝန်ကြီးချုပ်က ပြည်နယ်သူ၊ပြည်နယ်သားများထံ သို့ အစိုးရ ၏ ရက်ပေါင်း တစ်ရာ မူဝါဒ အလုံးစုံ ကိုထုတ်ပြန်မည် ဟုပြောဆိုထားသည်။
မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးမင်းမင်းဦး က မေလ မတိုင်ခင် ကတည်းက ရက်ပေါင်းတစ်ရာ စီမံကိန်းများ နှင့် ပတ်သက် ပြီး အချို့အချက်များ ကို သတင်းမီဒီယာ အချို့သို့ ပြောဆိုထားခြင်းများလည်း ရှိပြန်သည်။

editor copy

ထိုအချက်များ ထဲ တွင် မွန်ပြည်နယ်တွင် မင်းမူနေသော လောင်းကစား ၊ မူးယစ်ဆေးဝါး စသည့် တရား ဥပဒေစိုးမိုးရေး ကိစ္စများ လမ်း ၊လျှပ်စစ်မီး၊ သောက်သုံးရေ အခက်အခဲ စသော မြို့ပြအခြေခံ အဆောက်အဦ ချို့တဲ့ မှု ကိစ္စရပ်များ ရော်ဘာနှင့် အခြားသီးနှံများ စိုက်ပျိုးရေးလုပ်ငန်းဖွံမှု ကိစ္စရပ် များ ပါဝင် နေသည်။

ယင်းလုပ်ငန်း အများစု သည် မွန်ပြည်နယ် အတွက် အဓိက အသက်သွေးကြော ကိစ္စ များ နှင့် အရေး တကြီး လိုအပ်နေသော တရားဥပဒေ စိုးမိုးရေး ကိစ္စ ရပ်များဖြစ်နေသောကြောင့် ရက်တစ်ရာ အတွင်းလုပ်ဆောင်ပေးမည့် အစီစဉ်ကို ကြိုဆိုရပါမည်။

သို့သော် ယင်း စီမံကိန်းများ ကို ယခင်ပြည်နယ် အစိုးရ နှင့် ပြည်နယ် အုပ်ချုပ်ရေး အဖွဲ့ အစည်းများကလည်း စီမံကိန်း ရေးဆွဲကာ လက်ပူတိုက် ဖြေရှင်းခဲ့ဖူးသည်။
ယခု အစိုးရ အနေနှင့် လည်း ထိုကဲ့သို့သော မြို့ပြဖွံဖြိုးရေး စီမံကိန်းများ ၊တရားဥပဒေ စိုးမိုးရေး ကိစ္စ ရပ်များ ကို ရက်တစ်ရာ စီမံကိန်းသာမက စဉ်ဆက်မပြတ် ဖွံဖြိုးရေး ကို သယ်ဆောင်နိုင်မည့် စီမံကိန်းမျိုးလည်း အဆင်သင့် ထားရှိ ရန်လိုအပ်မည်ဖြစ်သည်။

ဥပမာ အားခြင့် အခြေခံ ဥပဒေအရ ပြည်နယ်များအတွက် ပေးအပ်ထားသော ဥပဒေပြုခွင့် အရဆောင်ရွက် နိုင်မည်ဖြစ်သော ဓာတ်မဟာလိုင်းပြင်ပ လျှပ်စစ်ဓာတ်အားပေဝေရေး မူဝါဒများ ၊ ဥယျာဉ်ခြံမြေ ဖွံဖြိုးရေး မူဝါဒများ ၊ မြို့ပြ ရေပေးဝေရေး စီမံကိန်းများ ပြည်နယ်ဥပဒေ ချုပ်နှင့် ပြည်နယ် ရဲတပ်ဖွဲ့ ပူးပေါင်းဆောင်ရွက် နိုင်မည့် မှုဝါဒများ ကို ရေး ဆွဲကာပြည်နယ်သူပြည်နယ် သားများ ရေရှည် ဖွံဖြိုးရေး ဆောင်ကျဉ်း ပေးရန်လိုအပ်ကြောင်း တိုက်တွန်းလိုက်ရပါသည်။

အယ်ဒီတာ
(၂၈.၅.၂၀၁၆)

Leave a Reply