Advertisements

ရန်ကုန်၊ အောက်တိုဘာ ၁၂ ရက်။

ရခိုင်ပြည်နယ်မှ ပဋိပက္ခဖြစ်ပွားနေသည့် ဒေသများ၌ ပြန်လည်နေရာချထားရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုး ရေးလုပ်ငန်းများကို အဓိကထားလုပ်ဆောင်နေကြောင်း ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက ပြောဆိုလိုက်သည်။

စစ်တွေမြို့ရှိ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး၊ ဝန်ကြီးချုပ်ဧည့်ခန်းမ၌ အောက်တိုဘာ ၁၁ ရက်က အနောက်ဘက် နယ်စပ်ဒေသ ရခိုင်အမျိုးသားနယ်မြေပြန်လည်တည်ဆောက်ရေးကော်မတီအဖွဲ့နှင့် ပြည်နယ်အစိုးရအဖွဲ့တို့ ရခိုင်ပြည်နယ်အရေး ဆွေးနွေးရာတွင် ယင်းကဲ့သို့ပြောဆိုခြင်းဖြစ်သည်။

“ခုဖြစ်နေတဲ့အခြေအနေတွေကို ကျွန်တော်တို့ ပြည်ထောင်စုအစိုးရနဲ့ တိုင်ပင်ဆွေးနွေးထားပြီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်စုပြောသွားတဲ့ မူ(၆)ချက်ထဲမှာလည်း ပြန်လည်နေရာချထားရေးကိစ္စ တည်ငြိမ်အေးချမ်း ရေးနဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေကိုလည်း လုပ်ဆောင်ပေးနေပါတယ်။ အဓိက လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်မီး၊ ဖုန်းဆက်သွယ်ရေးကောင်းမွန်လာစေရန် ရခိုင်မြောက်ပိုင်းဒေသကို ဦးစားပေးဆောင်ရွက်ပြုလုပ်ပေးနေပါ တယ်။”ဟု ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုကပြောသည်။

ရခိုင်ပြည်နယ်တွင် လမ်းပန်းဆက်သွယ်ရေးခက်ခဲကာ ရေလမ်းခရီးဖြင့် အများဆုံးသွားလာနေရခြင်းကြောင့် မကြာခဏလှေတိမ်းမှောက်မှုများဖြစ်ပွားကာ ဒေသခံများ သေဆုံးခြင်းများ ကြုံတွေ့နေရကြောင်း သိရသည်။

ရခိုင်ပြည်နယ်အတွင်း လက်ရှိဖြစ်ပွားနေသည့်ပဋိပက္ခများကြောင့် ဒေသခံတိုင်းရင်းသားများ နေရပ်စွန့်ခွာတိမ်း ရှောင်နေရခြင်းကို ပြန်လည်နေရာချထားပေးရန်လည်း အရေးကြီးနေကြောင်းသိရသည်။

“အဓိက လက်ရှိဖြစ်ပွားခဲ့တဲ့အရေးအခင်းမှာ အိုးအိမ်စွန့်ခွာထွက်ပြေးလာတဲ့ ရခိုင်ဒုက္ခသည်တွေကို ရုပ်ပိုင်းစိတ် ပိုင်းဆိုင်ရာ ပံ့ပိုးကူညီပြီး စားနပ်ရိက္ခာတွေအတွက် လက်ရှိလုပ်ပေးနေပါတယ်။ ရခိုင်ဒုက္ခသည်တွေရဲ့လုံခြုံမှု၊ ဘဝပြန်လည်ထူထောင်ဖို့အတွက် ကျွန်တော်တို့အနေနဲ့ လိုအပ်တဲ့ဖက်က ပံ့ပိုးပါဝင်တိုက်တွန်းပေးပါမယ်။ နိုင်ငံ တော်အစိုးရနှင့် ပြည်နယ်အစိုးရကလည်း နားလည်မူနဲ့ခွင့်ပြုပေးစေချင်ပါတယ်။”ဟု အနောက်ဘက်နယ်စပ်ဒေသ ရခိုင်အမျိုးသားနယ်မြေပြန်လည်တည်ဆောက်ရေးကော်မတီဥက္ကဌ ရခိုင်သမိုင်းသုတေသီ ဒေါက်တာအေး ချမ်းကပြောသည်။

ရခိုင်ပြည်နယ် ပြန်လည်ထူထောင်ရေးလုပ်ငန်းလုပ်ဆောင်ရန်အတွက် အနောက်ဘက်နယ်စပ်ဒေသ ရခိုင်အမျိုး သား နယ်မြေပြန်လည်တည်ဆောက်ရေးကော်မတီကို ရခိုင်ပြည်နယ်ဝန်ကြီးချုပ်က လက်ခံကြိုဆိုသည်ဟု ယင်း အစည်းအဝေးတွင်ပြောကြားလိုက်ကြောင်း သိရသည်။

Written by – MMK

Advertisements
<

Leave a Reply