Advertisements

မင်းပြား၊ အောက်တိုဘာ ၁၃ ရက်။

ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)မှ ဒုတိယပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးခိုင်မျိုးထွန်းအား ထောင်ဒဏ်(၁) နှစ်နှင့် (၆)လ ကျခံစေရန် စစ်တွေမြို့နယ်တရားရုံးက အောက်တိုဘာ ၁၂ ရက်တွင်အမိန့်ချမှတ်လိုက်ကြောင်း သိရှိရသည်။

အဆိုပါ ထောင်ဒဏ်ချမှတ်ခံရခြင်းသည် ရခိုင်တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့(Arakan Army)နှင့် တပ်မတော်တို့ ၂၀၁၅ ခုနှစ်တွင် ဖြစ်ပွားခဲ့သည့်တိုက်ပွဲတွင် တပ်မတော်က အရပ်သားများအား ပေါ်တာဆွဲ၍ လူသားဒိုင်းကာအဖြစ်ပြု လုပ်ခဲ့သည်ဟု ဗိုလ်မှူးခိုင်မျိုးထွန်းက ရခိုင်ပြည်လွှတ်မြောက်ရေးပါတီ(ALP)ကိုယ်စား စာထုတ်ခဲ့ခြင်းကြောင့် တပ်မတော်က တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

“NCA နဲ့ လက်မှတ်ထိုးထားတယ်။ အခုမြင်တာက NCA က စာရွက်ပဲမြင်တယ်။ တကယ်ဆို NCA ပါ ဥပဒေအ တိုင်း အမိန့်ချဖြေရှင်းသင့်တယ်။ အဲဒီအတိုင်းမဖြေရှင်းဘဲ ယခုလိုလုပ်တာဟာ အာဏာရှင်တချို့က အမိန့်ချတယ်လို့ ခံစားရတယ်။”ဟု ထောင်ဒဏ်ကျခံရသူ ဗိုလ်မှူးခိုင်မျိုးထွန်းက ပြောသည်။

ဗိုလ်မှူးခိုင်မျိုးထွန်းသည် ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၅၀၅(ခ/ဂ)ဖြင့် တရားစွဲဆိုခံရခြင်းဖြစ်ပြီး တရားရုံးချိန်းအကြိမ် (၄၀)ခန့်ရင်ဆိုင်ခဲ့ကာ အချုပ်တွင် (၁)နှစ်နှင့် (၂)လ ကျခံခဲ့ရပြီးဖြစ်ကြောင်း သိရသည်။

“ပထမ သတင်းပေးတိုင်ချက်ကိုယ်တိုင်က ဒုတိယသက်သေခံချက်နဲ့ ဖြစ်နေတယ်။ အမှန်တကယ်က မူရင်း သက်သေခံချက်နဲ့သာ တရားစွဲရမှာပါ။ ဥပဒေအကြောင်းအရ စွဲချက်မတင်သင့်ပါဘူး။ ရှေ့နေတစ်ယောက် အမြင်နဲ့ ပြောရမယ်ဆိုရင် စွဲချက်မတင်ဘဲနဲ့ လွှတ်ပေးသင့်တဲ့အမူမျိုးဖြစ်ပါတယ်။”ဟု အဆိုပါအမူတွင် တရားခံဖက်မှ လိုက်ပါဆောင်ရွက်နေသူ တရားလွတ်တော်ရှေ့နေ ဒေါ်မေသက်ခိုင်က ပြောသည်။

လက်ရှိတွင် ဗိုလ်မှူးခိုင်မျိုးထွန်းသည် ထောင်ဒဏ်(၁၄)လကျခံခဲ့ရပြီးဖြစ်ရာ လျှော့ရက်များဖြင့် နောက်ထပ်(၃) လခန့် ထောင်ကျခံရမည်ဖြစ်ကြောင်း သိရသည်။

Written by – MMK

Advertisements
<

Leave a Reply