Advertisements

မော်လမြိုင်၊ စက်တင်ဘာ ၂၆

ရန်ကုန် နှင့် မန္တာလေးသို့ ပြေဆွဲနေသည့်ရထားလမ်းများ အဆင့်မြင့်တင်မှဖြစ်သည့်အတွတ် ရန်ကုန် – မော်လမြိုင် ပြေဆွဲနေသည့်ရထားအချို့ အောက်တိုဘာလ ၁ ရက်နေ့မှစတင်ပြီး ယာယီရပ်နားထာဖြစ်ကြောင်း မော်လမြိုင်မြို့ မီးရထားသွားလာရေးမန်နေဂျာ ဦးအောင်စိုးထံမှ သိရသည်။

“အချို့ရထားတွေ ရပ်နားထားပေမဲ့ကျန်တဲ့ ပြေဆွဲနေတဲ့ရထားတွေမှာတောတွဲဆိုင်း အပိုချိတ်ထား ပေးမယ်အနဲဆုံး ၃တွဲလောက်အပိုချိတ်ထား ပေးမှာဖြစ်တဲ့အတွတ်ခရီး သည်တွေအတွက် လဲအခတ်အခဲအပိုမရှိနိုင်ဘူးအားလုံးအ ဆင်ပြေအောင် စီးနိုင်မယ်”ဟု ဦအောင်စိုးမှပြောသည်။

Advertisements
data-language="en"

အောက်တိုဘာလ ၁ ရက်နေ့တွင် ရထားလမ်းများပြုပြင်ခြင်း၊ လမ်းများအဆင့်မြင့်တင်ခြင်း စီမံကိန်းကိုစတင် လုပ်ဆောင်မှဖြစ်ပေမဲ့ ရပ်ဆိုင်ထားသည့်ရထားများကို ပြန်လည်ပြေးဆွဲမည့်အချိန်ကို ၎င်းတိုလည့်အတိကျမသိ သေကြောင်းသိရသည်။

ရထားအမှတ် ၃၅ အဆန်ရထားနှင့် ၁၆ အစုံရထား ရန်ကုန်၊မော်လမြိုင် ပြေဆွဲနေသည့် ရထားတို့ကို ယာယီရပ်နားထားမှာဖြစ်ကြောင်း ၎င်းထံမှသိရသည်။

ထို့ပြင် မော်လမြိုင် နှင့် နေပြည်တော် ကိုပြေးဆွဲနေသည့် ရထားအမှတ် ၁၈၊၁၇ တို့ကိုလဲယာယီရပ်နားထား မှာဖြစ် ကြောင်းသိရသည်။

“ရန်ကုန်၊မန္တာလေးလမ်ပိုင်းအဆင့်မြင့်တင်ပြီးရင်တော့ရထားတွေပုံမှန်ပြန်လည်ပြေးဆွဲရင်တော့ရထားလမ်းပိုင်တွေလဲပိုမိုကောင်းမွန်လာမယ် ရထားကိုအသုံးပြုပြီးသွားလာ နေတဲ့သူတွေအားလုံးလဲ အဆင်ပြေစိတ်ချမ်းသာမှာပါ” ဟု ၎င်းကထပ်လောင်းပြောကြားသည်။

ပုံမှန်တိုင်းပြေးဆွဲနေမည့် ရထားများမှာ ရန်ကုန်၊ မော်လမြိုင် ပြေဆွဲနေသည့် ရထားအမှတ် ၁၇၅၊၁၇၆ တို့ဖြစ်ပြီး ပဲခူး၊မော်လမြိုင် ရထားတို့ကိုသာ ပြေဆွဲနေမည်ဖြစ်ကြောင်းသိရသည်။

ထွန်းစံ၊လဲ့လဲ့ဝင်း

Leave a Reply