ရန်ကုန် – မော်လမြိုင် လေယာဉ် အထူးခရီးစဉ် ပြေးဆွဲမည်

ရေကြီးရေလျှံမှုများကြောင့် ကားလမ်း၊ ရထားလမ်းများ ခေတ္တပိတ်ထားရသည့် ရန်ကုန်-မော်လမြိုင်လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြုံနေရချိန်တွင် မြန်မာအမျိုးသားလေကြောင်းလိုင်းမှ ဇူလိုင် ၃၀ ရက်တွင် ခေါက်ရေတိုး ပြေးဆွဲမည်ဖြစ်သည်။

” တနင်္လာနေ့မှာ ရန်ကုန်ကနေ ၁၁ နာရီခွဲ၊ မော်လမြိုင်ကနေ ၁၂ နာရီခွဲ အသွားအပြန် တစ်ကြောင်းထပ်တိုးမယ်” ဟု မွန်ပြည်နယ်အစိုးရအဖွဲ့ စည်ပင်သာယာရေးနှင့်ဆောက်လုပ်ရေးဝန်ကြီး မင်းကျော်လွင်က ဟင်္သာသို့ပြောသည်။

ကျန်ရှိသောရက်များတွင် ပုံမှန်အချိန်များအတိုင်း ရန်ကုန်-မော်လမြိုင် လေကြောင်းခရီးစဉ်များဆက်ရှိနေမည်ဖြစ်ပြီး လာမည့် တနင်္လာနေ့တစ်ရက်ကို အထူးခရီးစဉ်အဖြစ် ပြေးဆွဲရန်စီစဉ်ထားခြင်းဖြစ်သည်။

ATR-72 အမျိုးအစား​လေယာဉ်​ကို အသုံးပြုပြေးဆွဲမည့် မြန်မာအမျိုးသား လေကြောင်းလိုင်း၏ အဆိုပါခရီးစဉ်တွင် လူကြီးတစ်ဦးလျင်​ ကျပ်(၅၃၀၀၀)၊အသက်​(၁၂)နှစ်​​အောက်နှင့်​(၂)နှစ်​အထက်​က​လေးတစ်​ဦးလျင်​ ကျပ် (၃၈၈၅၀)၊ (၂)နှစ်အောက်ရင်​ခွင်​ပိုက်​က​လေးတစ်​ဦးလျင်​ကျပ်(၁၃၀၀၀)စသည့် ပုံမှန်နှုန်းထားများအတိုင်းကောက်ခံသွားမည်ဟု သိရသည်။

သတင်း – ခေတ်မင်း

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်

This site uses Akismet to reduce spam. Learn how your comment data is processed.