ရန်ကုန် – မော်လမြိုင် အဝေးပြေးလမ်းမရှိ စစ်တောင်းတံတား မှ စတင်၍ မော်လမြိုင်မြို့အထိ လေးလမ်းသွား လမ်း တိုးချဲ့ဖောက်လုပ်သွားမည် ဖြစ်ကြောင်း စိုက်ပျိုးရေးနှင့် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဦးထွန်းဋ္ဌေးက ဟင်္သာမီဒီယာသို့ပြောကြားသည်။

yg-mlm-road

ထို့အပြင် သထုံမြို့နယ် မှ ကရင်ပြည်နယ် မြိုင်ကလေးမြို့အထိလည်း လေးလမ်းသွား တိုးချဲ့ဖောက် လုပ်မည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

အဆိုပါ ရန်ကုန်-မော်လမြိုင် အဝေးပြေးလမ်းမ နှင့် သထုံ -ဘားအံ အဝေးပြေးလမ်းမသည် နှစ်လမ်းသွားလမ်း များ အဖြစ်သာ ဖောက်လုပ်ထားခြင်းကြောင့် ထပ်မံတိုးချဲ့ဖောက်လုပ်ခြင်း ဖြစ်သည်။

အဆိုပါလမ်းများကို ရွှေသံလွင် ဟိုင်းဝေးကုမ္ပဏီလီမိတက် မှ BOT စနစ်ဖြင့် တာဝန်ယူ ဆောက်လုပ်နေခြင်းဖြစ်ကြောင်း အစိုးရအဖွဲ့ရုံးမှသိရသည်။

လေးလမ်းသွားတိုးချဲ့ဖောက်လုပ်ရန်အတွက် စုစုပေါင်းလမ်းအရှည် ၁၁၁မိုင်ရှိကာ အလျား လက်ရှိအချိန်တွင် နှစ်လမ်းသွား ဟိုင်းဝေးလမ်းကြီး အဆင့်သာရှိပြီး ၉၃မိုင် ၄ဖာလုံကို လေးလမ်းသွားအဖြစ်သို့တိုးချဲ့ဖောက်လုပ်ခြင်းဖြစ်ကြောင်း ဦးထွန်းဋ္ဌေးက ဆိုသည်။

အဆိုပါစီမံကိနး်ကို ၂နှစ်အတွင်း အပြီးသတ် ဖောက်လုပ်သွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။ “အခုလို တိုးချဲ့ဖောက်လုပ်လိုက်တော့ ယာဉ်အန္တရာယ်လမ်း အန္တရာယ်ကင်းရှင်းရေးကို အထောက်အကူ ပြုတာပေါ့၊ ခရီးလည်း အမြန်ရောက်တာပေါ့”ဟု ဦးထွန်းဌေးက ဆိုသည်။

လေးလမ်းသွားဖောက်လုပ်ရန်အတွက် စစ်တောင်း-ကျိုက်ထိုလမ်းပိုင်းတွင် ၂၃မိုင် ၁ဖာလုံ၊ ကျိုက်ထို-သထုံ-မော်လမြိုင်လမ်းပိုင်းတွင် ၆၄မိုင် ၆ဖာလုံနှင့် သထုံ-မြိုင်ကလေးလမ်းပိုင်းတွင် ၆မိုင် ၅ဖာလုံတို့ကို တိုးချဲ့ဖောက် လုပ်မည် ဖြစ်ကြောင်း ဦးထွန်းဌေးက ပြောသည်။

အဆိုပါ လေးလမ်းသွား ဖောက်လုပ်ခြင်းလုပ်ငန်းကို ၁.၆.၂၀၁၆တွင် စတင်ပြီး ၃၁.၅.၂၀၁၈အထိ ပထမအဆင့် အနေဖြင့် တိုးချဲ့ဖောက်လုပ်သွားရန် လျာထားကြောင်း ၎င်းထံမှ သိရသည်။

Leave a Reply