( ဓာတ်ပုံ အညွှန်း – ရပ်/ကျေး အုပ်ချုပ်ရေးမှူး ရွေးချယ်ရေးအပိုင်းတွင် အားနည်းချက်နှင့် လိုအပ်ချက်များဆွေးနွေးပွဲပြုလုပ်နေစဉ် )

မော်လမြိုင်၊ မတ် ၁၂ ။ ။ မွန်ပြည်နယ်အတွင်း ကျေးရွာများရှိ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများ ရွေးချယ်မှုတွင် ရပ်ကွက်နှင့် ကျေးရွာ အုပ်ချုပ်ရေးမှူးများ ရွေးချယ်ရေး ဥပဒေကို နားလည်မှု အားနည်းသောကြောင့် အငြင်းပွားမှုများ ဖြစ်ပေါ်နေရခြင်း ဖြစ်ကြောင်း မြန်မာနိုင်ငံရွေးကောက်ပွဲ ဆိုင်ရာ စောင့်ကြည့်လေ့လာရေးကွန်ရက်(Myanmar Election Network Observation) ဥက္ကဋ္ဌ ဦးသန့်ဇင်အောင် ပြောကြားသည်။

မတ်လ ၁၂ ရက်နေ့က စျေးကြိုရပ်ကွက် ကုန်စည်ဒိုင်ခန်းမတွင်ကျင်းပပြုလုပ်သော ရပ်/ကျေး အုပ်ချုပ်ရေးမှူး
ရွေးချယ်ရေးအပိုင်းတွင် အားနည်းချက်နှင့် လိုအပ်ချက်များဆွေးနွေးပွဲ၌ ယင်းကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်
သည်။

“များသောအားဖြင့် ရပ်မိရပ်ဖအဆင့်မှာ စောင့်ကြည့်တဲ့အခါကျတော့ ပြဿနာတွေအများကြီးရှိတယ် ပွင့်လင်းမြင်သာမှုရှိသလား၊ ပြည်သူကိုဖိတ်ကြားခြင်းရှိသလား၊ အဲ့အခြေအနေမှာ အရမ်းအားနည်းတာကို တွေ့ရတယ်။ ပြီးတော့ အုပ်ချုပ်ရေးမှူးဖြစ်ဖို့ လာဘ်ပေးလာဘ်ယူရှိတာမျိုးလည်း ကြားရတယ်”ဟု စောင့်ကြည့်လေ့လာရေးကွန်ယက် Rainmaker အဖွဲ့ဝင် ဒေါ်အေးသန္တာအောင်က ပြောသည်။

အဆိုပါ ရပ်/ကျေး အုပ်ချုပ်ရေးမှူးရွေးချယ်ရေးပိုင်းတွင် ဥပဒေပိုင်းနှင့် ပတ်သက်ပြီး ပြည်သူများ နားလည်မှု မရှိခြင်းသည် အဓိက အားနည်းချက်များဖြစ်ကြောင်း ဦးသန့်ဇင်အောင်က ပြောသည်။

( ဓာတ်ပုံ အညွှန်း – ရပ်/ကျေး အုပ်ချုပ်ရေးမှူး ရွေးချယ်ရေးအပိုင်းတွင် အားနည်းချက်နှင့် လိုအပ်ချက်များဆွေးနွေးပွဲပြုလုပ်နေစဉ် )
( ဓာတ်ပုံ အညွှန်း – ရပ်/ကျေး အုပ်ချုပ်ရေးမှူး ရွေးချယ်ရေးအပိုင်းတွင် အားနည်းချက်နှင့် လိုအပ်ချက်များဆွေးနွေးပွဲပြုလုပ်နေစဉ် )

အုပ်ချုပ်ရေးမှူးရွေးချယ်ရာတွင် ရပ်ကွက်ကျေးရွာများကို မြို့နယ်အုပ်ချုပ်ရေးမှူးမှ စိစစ်ပြီး ထောက်ခံမှသာလျှင် ခရိုင်အုပ်ချုပ်ရေးမှူးရုံးသို့ တင်ပြရခြင်းဖြစ်ကြောင်း မော်လမြိုင်ခရိုင်အုပ်ချုပ်ရေးမှူး ဦးဘုန်းမြတ်သူက ရှင်းပြ သည်။

ထို့နောက် ခရိုင်အုပ်ချုပ်ရေးမှူးမှ အတည်ပြုပေးမှသာ ရွေးချယ်ခံထားသည့် သူများက တရားဝင်ဖြစ်ကြောင်း
၎င်းက ထပ်လောင်းပြောကြားသည်။

“အုပ်ချုပ်ရေးမှူးဖြစ်ချင်ရင် လာဘ်ပေးလာဘ်ယူပေးတာမျိုးမရှိပါဘူး။ ဒေသခံတွေက ရွေးချယ်ထားတာကိုပဲ ကျွန်တော်တို့က အတည်ပြုပေးတာ ဒီရွေးချယ်မှုကလည်း ပြည်သူတွေအပေါ်မှာ အားလုံးပွင့်လင်းမြင်သာ မှု ရှိတယ်” ဟု ဦးဘုန်းမြတ်သူက ဆိုသည်။

မွန်ပြည်နယ်တွင် ရွေးချယ်ခဲ့သော ကျေးရွာအုပ်ချုပ်ရေးမှူးများသည် ယခင်က အုပ်ချုပ်ရေးမှူး ပြုလုပ်ခဲ့သူ လူဟောင်း သုံးပုံ တစ်ပုံ ပြန်လည် ရွေးချယ်ခံထားရကြောင်း မွန်ပြည််နယ် ခရိုင်အုပ်ချုပ်ရေးမှူး ဦးဘုန်းမြတ်သူ က ရှင်းပြပြော ဆိုသည်။

မွန်ပြည်နယ် ၁ဝ မြို့နယ်တွင် ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ ရွေးချယ်ရာ၌ ကျေးရွာပေါင်း ၃၀၀ကျော်ရှိသည့် အနက် ၃၂ရာခိုင်နှူန်း ကို Rainmakerအဖွဲ့မှ စောင့်ကြည့်လေ့လာခဲ့ကြောင်း အဆိုပါအဖွဲ့ ထံမှ သိရသည်။

Leave a Reply