(ဓါတ်ပုံ အညွှန်း – မော်လမြိုင်မြို့နယ်အတွင်း ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ရွေးချယ်မှုမြင်ကွင်း)

ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများကို ဆယ်အိမ်စုမှူးများ မဲဆန္ဒဖြင့်သာ ရွေးချယ်ခြင်းသည် ရပ်ကွက်နေ ပြည်သူများ၏ ဆန္ဒများကို ထင်ဟပ်နိုင်မည်မဟုတ်ကြောင်း အုပ်ချုပ်ရေးမှူးရွေးပွဲသို့ တက်ရောက်လာသော မော်လမြိုင် ပြည်သူများထံမှ သိရှိရသည်။

အုပ်ချုပ်ရေးမှူးများကို ဆယ်အိမ်စုမှူး ကိုယ်စားလှယ်များ၏ ဆန္ဒမဲဖြင့် ရွေးချယ်မှုပုံစံမျိုးထက် ရပ်ကွက်နေ ပြည်သူများက တိုက်ရိုက်ရွေးချယ် မဲပေးသည့် ပုံစံမျိုးများဖြင့်သာ ရွေးချယ်လိုကြကြောင်း ၎င်းတို့က ပြောဆိုကြသည်။

“အခု ဒီအုပ်ချုပ်ရေးမှူးရွေးတဲ့နေရာမှာ ပြည်သူ့ဆန္ဒမဟုတ်ဘဲနဲ့ ဆယ်အိမ်မှူးဆန္ဒ ဖြစ်နေတယ်”ဟု အုပ်ချုပ်ရေးမှူး ရွေးချယ်ပွဲသို့ တက်ရောက်လာသော ဖက်တန်းနယ်မြေ ဒေါင်းမင်းရပ်ကွက်နေသူ ဒေါ်မြမြစန်းမှ ပြောသည်။

(ဓါတ်ပုံ အညွှန်း – မော်လမြိုင်မြို့နယ်အတွင်း ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ရွေးချယ်မှုမြင်ကွင်း)
(ဓါတ်ပုံ အညွှန်း – မော်လမြိုင်မြို့နယ်အတွင်း ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ရွေးချယ်မှုမြင်ကွင်း)
၂၀၁၂ ဖေဖော်ဝါရီ ၂၄ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်က အတည်ပြု ပြဌာန်းခဲ့သော ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးဥပဒေတွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို ဆယ်အိမ်စုမှူးများက ရွေးချရမည်ဟု ပြဌာန်းထား သဖြင့် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများကို ပြည်သူက တိုက်ရိုက်ရွေးချယ်ခွင့်မရှိပေ။

ထိုဥပဒေပါ အခန်း ၄ ပုဒ်မ (၇) ပုဒ်မခွဲ (စ) တွင် ပုဒ်မခွဲ (င) အရ ပြုစုသောအမည်စာရင်းပါ ပုဂ္ဂိုလ်များအနက်မှ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးတစ်ဦးကို ဆယ်အိမ်စုကိုယ်စားလှယ်များအားလုံးက လျှို့ဝှက် မဲဆန္ဒပေး၍ ရွေးချယ်စေရမည် ဟု ပြဌာန်းထားခြင်းဖြစ်သည်။

“ပြည်သူက တိုက်ရိုက်ရွေးချယ်တာကိုပဲ လက်ခံစေချင်ပါတယ်။ အုပ်ချုပ်ရေးမှူးရွေးချယ်တဲ့ ဥပဒေကို ပြည်သူတွေ သိအောင်လုပ်မှ ပြည်သူ့ ဆန္ဒနဲ့အညီ ရွေးချယ်လို့ရမယ်၊ အရင်ကဆို ဒီဥပဒေ ရှိမှန်းတောင် မသိဘူး”ဟု ဖက်တန်းနယ်မြေ ရွှေဝါဝင်းရပ်ကွက်နေသူ ကိုဗေတာကြီးက ပြောကြားသည်။

ဆယ်အိမ်စုမှူးများ ရွေးချယ်ရာတွင် အိမ်ထောင်စုဝင် တစ်ဦးချင်းစီ၏ ဆန္ဒမဲဖြင့် မဟုတ်ဘဲ၊ တစ်အိမ် တစ်ဦးသာ မဲပေးခွင့်ရကြောင်းနှင့် မဲပေးသည့်နေ့တွင်လည်း တစ်အိမ်တစ်ဦးနှုန်း တက်ရောက်နိုင်ခြင်း မရှိကြောင်း ရွှေမြိုင်သီရိရပ်ကွက်နေ ဒေါ်သီတာအေးက ပြောသည်။

မော်လမြိုင်မြို့နယ်၌ ကျေးရွာ/ရပ်ကွက်ပေါင်း ၄၂ ခုရှိပြီး၊အုပ်ချုပ်ရေးမှူးများကို ၂၀၁၆ ဇန်နဝါရီ ၁၄ ရက်နေ့ နောက်ဆုံးထား ရွေးချယ် ရမည်ဖြစ်ကြောင်း မြို့နယ်အထွေအထွေအုပ်ချုပ်ရေးမှူးဦးစီးဌာနမှ သိရသည်။

Leave a Reply