Advertisements

မော်လမြိုင်၊ အောက်တိုဘာ

မွန်ပြည်နယ်အတွင်းရှိ ကျေးရွာများနှင့် ရပ်ကွက်များတွင် ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးအမှုများအတွက် အုပ်ချုပ်ရေးမှူးများတာဝန်ခံရမည်ဖြစ်ကြောင်း ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာအေးဇံက ပြောဆိုသည်။

စက်တင်ဘာလ ၂၃ ရက်က ကျိုက်ထိုမြို့ သာသနာဗိမာန်တွင် ပြုလုပ်သည့်ဒေသခံပြည်သူများတွေ့ဆုံပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာအေးဇံက ယင်းကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။

“ကျွန်တော်အတိအလင်း ပြောထားပြီးသားပါ ဆေးပြားရောင်းဝယ်ဖောက်ကားနေတာတွေ မိမိရပ်ကွက်အတွင်းမှာ ပထမအကြိမ်ဖြစ်ရင် ကျွန်တော်ခွင့်လွှတ်ပါတယ် ဒုတိယအကြိမ်ထပ်ဖြစ်ရင်တော့ သတိပေးမှာဖြစ်ပြီး တတိယအကြိမ်ကျရင်တော့ ရပ်ကွက်အုပ်ချုပ်ရေးမှူးက အဓိကကျတဲ့သူဖြစ်လာမှာ ဖြစ်တယ်”ဟု ၎င်းက ဆိုသည်။

အဆိုပါမူးယစ်ဆေးပြားများမှာ ယခင်ခေတ်ကသုံးစွဲသည့် ဘိန်းထက်အဆများစွာပြင်းထန်ပြီး ဆေးဖြတ်သည့်အနေအထားတွင်လည်း နဂိုအတိုင်းပြန်လည်မရောက်ရှိနိုင်သည့်အတွက် ဆေးပြားသုံးစွဲရောင်းဝယ်ဖောက်ကားမှုများကို မည်သည့်မျက်နှာမှ မထောက်ဘဲ ဖမ်းဆီး အရေးယူသွားမည်ဟု ၎င်းက ပြောသည်။

မူးယစ်ဆေးဝါးသုံးစွဲမှု လျော့နည်းစေရေးအတွက် ရပ်ကွက်အုပ်ချုပ်ရေးမှူးအပြင် အခြားအဖွဲ့အစည်းများမှလည်း ပူးပေါင်းကူညီကာ အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်ရန်လိုအပ်ကြောင်း မွန်ပြည်နယ် မူးယစ်ဆေးဝါးဆန့်ကျင်ရေး အသင်းဥက္ကဋ္ဌဦးနေဝင်းက ပြောဆိုသည်။

“ဝန်ကြီးချုပ်ပြောတာလည်းမှန်ပါတယ် ဒါပေမဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးမှာပဲ တာဝန်ရှိတာမဟုတ်ဘူး အကုန်လုံးက ဒီအပေါ်မှာ ပါဝင်လာဖို့လိုအပ်တယ်”ဟု ၎င်းက ဆိုသည်။

မော်လမြိုင်မြို့ သာယာအေးရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးတင့်လွင်က ”ကျွန်တော်တို့ဘက်ကတော့ တွေ့ရင်သတင်းပေးအကြောင်းကြားမှာပေါ့ ကိုယ့်ရပ်ကွက်ထဲမှာ အဲ့လိုဖြစ်ရင်တော့ သတင်းမပေးဘဲ ဘယ်သူကနေမလဲ မူးယစ်ဆေးဝါးနဲ့ ပတ်သက်ပြီး သတင်းကြားရင်တော့သက်ဆိုင်ရာတာဝန်ရှိသူတွေနဲ့ပူးပေါင်းပြီး ဆောင်ရွက်သွားမှာပဲ”ဟု ဆိုသည်။

လက်ရှိ မွန်ပြည်နယ်တွင် WY ဆေးပြားများနှင့် ပတ်သက်၍ ပင်ရင်းဒိုင်များမရှိသော်လည် းအခြားပြည်နယ်များမှ စိမ့်ဝင်လာသည့် ဆေးပြားသောင်းနှင့်ချီ ရောင်းဝယ်မှုအချို့ရှိနိုင်ပြီ းရေးမြို့နယ်တွင် အများဆုံးသုံး
စွဲမှုတွေ့ရကြောင်း ဝန်ကြီးချုပ်က ပြောထားသည်။

သက်ပိုင်

Advertisements
<

Leave a Reply