(ဓါတ်ပုံ အညွှန်း – ရပ်နားထားသောယာဉ်ကို ဝင်တိုက်မိပြီး တိမ်းမှောက်သွားသော် မော်တော်ယာဉ်)

မော်လမြိုင်၊ ဖေဖော်ဝါရီ ၄ ။ ။ မော်လမြိုင်မြို့၊ ဘိုကုန်းနယ်မြေ၊ သိမ်ကုန်းရပ်ကွက်၊ အောက်လမ်းမကြီး၊ သီရိသံလွင်တည်းခိုခန်းအရှေ့တွင် ဖေဖေါ်ဝါရီ ၁ ရက် ည ၁၁ နာရီကျော်က ဖြစ်ပွားခဲ့သော ယာဉ်တိုက်မှုနှင့်ပတ်သက်၍ ယာဉ်မောင်းဖြစ်သူ ဒုရဲအုပ် အောင်ကျော်လင်းကို ရဲစည်းကမ်းထိန်းသိမ်းရေး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း မော်လမြိုင် မြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူးအောင်သန်းမြင့်က ပြောသည်။

(ဓါတ်ပုံ အညွှန်း – ရပ်နားထားသောယာဉ်ကို ဝင်တိုက်မိပြီး တိမ်းမှောက်သွားသော် မော်တော်ယာဉ်)
(ဓါတ်ပုံ အညွှန်း – ရပ်နားထားသောယာဉ်ကို ဝင်တိုက်မိပြီး တိမ်းမှောက်သွားသော် မော်တော်ယာဉ်)

“သူက အဲဒီညက မူးယစ်တရားခံကွင်းဆက် အမှုတစ်ခုကိုလိုက်ရင်း မတော်တဆဖြစ်တယ်လို့ ပြောတယ်၊ ခွေးကိုရှောင်ရင်း လမ်းဘေးပလက်ဖောင်းကို တိုက်ပြီးမှ ရပ်ထားတဲ့ကားကို ၀င်တိုက်တာပါ၊ ကျွန်တော်တို့ ဘက်က သူ့ကိုတော့ ရဲစည်းကမ်းထိန်းသိမ်းရေး ဥပဒေအရပဲ အရေးယူမှာပါ”ဟု ၎င်းက ထပ်မံပြောဆိုသည်။

ဒုရဲအုပ်အောင်ကျော်လင်း မောင်းနှင်လာသော HYUNDAI Getz အမျိုးအစား မော်တော်ယာဉ်သည် သံလွင် ဟိုတယ်ဘက်မှ အောက်လမ်းမကြီးအတိုင်း အရှိန်ဖြင့် မောင်းနှင်လာ၍ သီရိသံလွင် တည်းခိုခန်းအရှေ့၌ ရပ်နားထားသည့် TOYOTA WISH အမျိုးအစား မော်တော်ယာဉ်၏ နောက်ဘက်ခြမ်းကို ၀င်တိုက်ကာ လမ်းမအလယ်တွင် တိမ်းမှောက်သွားခဲ့ကြောင်း ၎င်းက ရှင်းပြသည်။

ယာဉ်တိုက်မှုနှင့် ပတ်သက်ပြီး ဒုရဲအုပ်မောင်းနှင်သည့် မော်တော်ယာဉ်သည် လိုင်စင်မဲ့ယာဉ် ဟုတ်မဟုတ်ကို မော်လမြိုင် မြို့မရဲစခန်းသို့ အတည်ပြုမေးမြန်းရာ ယင်းစခန်းမှူး ဒုရဲမှူးအောင်သန်းမြင့်က လိုင်စင်မဲ့ယာဉ် ဟုတ်မဟုတ်ကို ၎င်းအနေဖြင့် ပြောဆိုခွင့်မရှိဟု ဆိုသည်။

Leave a Reply