Advertisements

သံဖြူဇရပ်၊ အောက်တိုဘာ

သံဖြူဇရပ်မြို့နယ် မွန်အမျိုးသားပါတီ၊ ရုံးအုပ်နိုင်ဟန်က မွန်ပြည်သစ်ပါတီနာ မည်ကို အသုံးပြု၍ ရာမည အင်အားစုအစည်းအဝေး ဦးဆောင်သူများကို အောက်တိုဘာလ ၂ရက် နံနက် ၈ နာရီဝန်းကျင်က ဘုန်းကြီးကျောင်းဆရာတော် များနှင့် နေအိမ်များသို့ လာရောက် ခြိမ်းခြောက် ပြောဆိုခြင်းများ ပြုလုပ်ခဲ့ကြောင်း ဆရာတော် ဦးခေမာက မိန့်ဆိုသည်။

“သူက ဘုန်းဘုန်းကို ပြောတယ်။ ဒီလိုလုပ်နေတာ မွန်ပြည်သစ်ပါတီကလည်း အရေးယူ မယ်၊ မွန်အမျိုးသားပါတီကလည်း အရေးယူမယ်လို့ နိုင်ဟန်က ပြောခဲ့တယ်။သူကတော့ဘုန်းဘုန်းတို့ကိုသက်သက် လာခြိမ်းခြောက်တယ်”ဟု ဆရာတော်က မိန့်သည်။

သံဖြူဇရပ်မြို့နယ်၊ ကရုပ္ပိစံပြကျေးရွာတွင် အောက်တိုဘာလ ၁ ရက်က ရာမညအင်အားစုမှ အစည်းအဝေး တစ်ရပ်ကျင်းပခဲ့ပြီး ယင်းအစည်းအဝေးကျင်းပခြင်းကြောင့် သံဖြူဇရပ်မြို့နယ် မွန်အမျိုးသားပါတီရုံးအုပ် နိုင်ဟန်က ယင်းသို့ လာရောက်ခြိမ်းခြောက် ပြောဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ဒီရာမညအင်အားစုက ဗမာတွေရဲ့ လူတွေဖြစ်တယ်။ ပါတီအသစ်ထောင်ဖို့ ဗမာတွေ ပိုက်ဆံပေးထားတယ်။ ကျွန်တော်တို့လူမျိုးတွေပါတီများ အောင် လုပ်နေတယ်။ မွန်အမျိုး သားစည်းလုံးညီညွတ်ရေးကို သွေဖည်ဖျက် ဆီးနေတဲ့ အုပ်စုဖြစ်တယ်လို့ နိုင်ဟန်က ပြောကြားခဲ့တယ်” ဟု ဆရာတော် က ပြန်လည်မိန့်ကြားသည်။

ထို့ပြင် နိုင်ဟန်က ဘုန်းကြီးကျောင်းသို့ ရောက်ရှိလာပြီး မိမိတို့သည် မွန်ပြည်သစ် ပါတီက စေလွှတ်ထားသည့် လူများဖြစ်ကြောင်း၊ ရာမညအင်
အားစုမှ အစည်းအဝေး ပြုလုပ်ရေးအတွက် နေရာထပ်မံတောင်းဆိုလာပါက ခွင့်ပြုမပေးရန် ဆရာတော့်ကို ပြောဆိုခဲ့ကြောင်းဆရာတော်က မိန့်ကြားသည်။

“ကျွန်တော်တို့ကတော့ မွန်ပြည်သစ်ပါတီက လွှတ်ထားတယ်လို့ ပြောတော့ ဘုန်းဘုန်း က သံဖြူဇရပ်မြို့မှာရှိတဲ့ မွန်ပြည်သစ်ပါတီဆက်ဆံရေးရုံး
တာဝန်ရှိသူ နိုင်တင်ဖေကို ဖုန်း လှမ်းဆက်ပြီး မေးလိုက်တယ်။ ဒီကိစ္စက တပည့်တော်တို့နဲ့ မဆိုင်ဘူး။ တပည့်တော်တို့ လွှတ်ထားတာ မရှိဘူးလို့မွန်ပြည် သစ်ပါတီဆက်ဆံရေးရုံးက နိုင်တင်ဖေက ဖုန်းနဲ့ပြန်လည်ဖြေ ကြားပေးခဲ့တယ်”ဟုဆရာတော်က မိန့်ဆိုသည်။

ယင်းအပြင် နိုင်ဟန်က အောက်တိုဘာလ၁ရက်နေ့တွင် ကျင်းပသည့် ရာမညအင်အားစု အစည်းအဝေးကိစ္စနှင့် ပတ် သက်ပြီး ကရုပ္ပိကျေးရွာရှိ နိုင်ဗညာတင်း(နာဲဗညာဍေန်)အိမ်သို့ ရောက်ရှိလာပြီး သံဖြူဇရပ်မြို့ရှိ မွန်ပြည်သစ်ပါတီ ဆက်ဆံရေးရုံးသို့လာရောက်ရှင်း လင်းရန် ပြောဆိုခဲ့ကြောင်း နိုင်
ဗညာတင်(နာဲဗညာဍေန်)ကဆိုသည်။

“သူလာတဲ့အချိန်က ကျွန်တော်အိမ်မှာမရှိဘူး။ ကလေး တွေပဲ ရှိတယ်။ သူက မွန်စစ်သားတဲ့။ သူတို့ရုံးက သံဖြူဇရပ်မှာရှိတယ်လို့ သူပြောလို့ ကလေး
တွေက ပြန်ပြောပြတယ်။ သူဒီလိုတွေ ပြောတော့ ကလေးတွေ က ကြောက်ကြတယ်”ဟု ၎င်းက ပြောသည်။

နိုင်ဟန်မှာ သံဖြူဇရပ်မြို့နယ်၊ မွန်အမျိုးသားပါတီ၏ ရုံးအုပ်ဖြစ်ကြောင်း၊ ကရုပ္ပိကျေးရွာမှာ ပငကျေးရွာနှင့် နီးစပ်သော်လည်း ယင်းကိစ္စများနှင့် ပတ်သက်ပြီး တစ်စုံတစ်ရာ သိရှိထားခြင်း မရှိကြောင်း မွန်အမျိုးသားပါတီ ဒုတိယဥက္ကဋ္ဌ နိုင်တင်အောင်က ပြောသည်။

ရာမညအင်အားစုမှ အကောင်အထည်ဖော် ဆောင် ရွက်နေသော မွန်အမျိုးသားစည်းလုံးညီညွတ်ရေးကိစ္စရပ်များနှင့် ပတ်သက်ပြီး မွန်နိုင်ငံရေးပါတီများ စည်းလုံးညီညွတ် မှု တည်ဆောက်ရေးညှိနှိုင်းရေးအဖွဲ့က အသိအမှတ်ပြုထောက်ခံကြောင်း ပြီးခဲ့သည့်လလယ် က မော်လမြိုင်မြို့၊ပဲခူးပရိယတ္တိ မွန်စာ သင်တိုက်တွင် ဆုံးဖြတ်ခဲ့သည်။

ရာမညအင်အားစုကို မွန်အမျိုးသားစည်းလုံးညီညွတ် ရေးနှင့် ကြုံတွေ့နေရသော မွန်နိုင်ငံရေး အကျပ်အတည်းများ မှ ကျော်လွှားနိုင်ရန် ရည်ရွယ်
၍ ပြန့်ကျဲနေသော မွန်နိုင်ငံရေးသမားများဖြင့် သြဂုတ်လ၁၂ ရက်က မော်လမြိုင်မြို့၊ ဓာတုမာလာပရိယတ္တိစာသင်တိုက်တွင် ရာမညအင်အားစုတစ်ခု ကိုဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

Written by – ရွှေရိုး

Advertisements
<

Leave a Reply