Advertisements

ချောင်းဆုံ ၊ မတ် ၂

ယခုလအတွင်း ရာသီဥတုအလွန်ုပူပြင်းခြောက်သွေ့လာ၍ ဒေသအတွင်းမှ နွားများ ရောဂါဖြစ်ပွားမှုများရှိလာပြီး သေဆုံးမှုအချို့လည်း ရှိလာကြောင်း၊ လယ်ယာသုံး ခိုင်းကျွဲ နွားများကို ဂရုတစိုက် စောင့်ရှောက်ရန် လိုအပ်လာပြီဖြစ်ကြောင်း ဘီလူးကျွန်းဒေသခံများထံမှ သိရသည်။

“ရွာတွေမှာနွားတွေရောဂါဖြစ်နေတယ်လို့ကြားတယ် ။ဆရာဝန်တွေကလယ်ကွင်းထဲထိဆင်းပြီးတိရစ္ဆာန်တွေကို ဆေးကုသပေးနေတာလည်းတွေ့ရတယ် ။ကျွဲ ၊နွားတွေကလည်းတန်ဖိုးကြီးနေတော့ ရောဂါမဖြစ်ခင်ကြိုတင်ကာ ကွယ်ဆေးတွေလည်းထိုးတယ်။ အိမ်မှာနွားရောဂါဖြစ်တာသိလို့ ဆရာဝန်တွေနဲ့ အချိန်မီပြခဲ့တယ်”ဟု လယ်သ မား ဦးနိုင်ဝင်းက ဆိုသည်။

ယခုအပတ်အတွင်းနွားများရောဂါဖြစ်ပွားနေသည်ကို ပိုင်ရှင်များကဆေးကုသပေးမှုနောက်ကျခဲ့၍ ဒေသတွင် ဒေါင့်သမ်းရောဂါဖြင့် နွား ၂ ကောင်သေဆုံးခဲ့ရကြောင်းရွာလွတ်ကျေးရွာမှဒေါက်တာအောင်မင်းထွန်းက ဆိုသည်။

“ကျွဲ ၊ နွားရောဂါတွေက စုံတယ် ၊ ဒေါင့်သမ်းရောဂါ ၊ ပေါင်ပုတ်လက်ပုတ်ရောဂါ ၊ ခွာနာလျှာနာရောဂါတွေလည်း ဖြစ်တာတွေ့ရတယ်။ရောဂါဖြစ်တာနဲ့အချိန်မီဆေးကုသမှုခံယူဖို့လိုတယ်။ဆေးကုသခံယူမှုနောက်ကျခဲ့ရင်ဆုံးရှုံး မှုတွေလည်းရှိလာနိုင်တယ်”ဟု ၎င်း ကရှင်းပြသည်။

ရောဂါမကူးစက်ရေးအတွက် ရောဂါကြောင့်သေဆုံးခဲ့သည့်ကျွဲ ၊နွား အမဲသားများအား စားသုံး ခြင်းမပြုရန် နွားမွေးမြူသူအချင်းချင်း သတိပေးနှိုးဆော်နေရကြောင်း နွားမွေးမြူသူ ဦးခွေးလေးက ဆိုသည်။

စက်မှုလယ်ယာစနစ်ကိုအသွင်ကူးပြောင်းလာပြီဖြစ်၍ ဒေသတွင် ကျွဲ ၊ နွားများကိုလယ်ယာလုပ်ငန်းတွင်အသုံး ပြုရန်မွေးမြူသူနည်းပါးလာပြီး ကျွဲ ၊ နွားရှားပါးလာကြောင်း ၊ တစ်ကောင်လျှင် တန်ဖိုးငွေကျပ်သိန်း ၃၀ ကျော်ရှိသည့် နွားချောနွားလှများကိုမွေးမြူထားသူလည်းရှိကြောင်း ဒေသခံများထံမှသိရသည်။

လွတ်လပ်မောင် (ယက္ခမြေ)
= = =

Advertisements
<

Leave a Reply