Advertisements

မော်လမြိုင်၊ သြဂုတ် ၂၈

မိုးတွင်းကာလဖြစ်သော်လည်း မွန်ပြည်နယ်အတွင်းရှိ ရိုးရာ အထည်ချုပ် လုပ်ငန်းများ ယခင်ထက် ပို၍ အားကောင်း လာကြောင်း အထည်ချုပ်လုပ်ငန်းရှင်များက ပြောဆိုသည်။

ယမန်နှစ်က အထည်ချုပ် လုပ်ငန်းများ ရပ်နားခဲ့ရသော်လည်း ယခုနှစ်တွင်မူ ထိုင်းနိုင်ငံက မြန်မာဝတ်စုံနှင့် စပန့််ဝမ်းဆက် ချုပ်ထည်များကို မှာယူလာသောကြောင့် လုပ်ငန်း ပို၍ အားကောင်းလာနေသည်ဟု မော်လမြိုင်မှ အထည်ချုပ် လုပ်ငန်းရှင် ဒေါ်အေးအေးချိုက ပြောသည်။

“ဒီနှစ်မှာကျတော့ မြဝတီတို့၊ ထိုင်းဘက်ကနေ မှာတာ မြန်မာဝတ်စုံတွေလိုချင်တယ်ဆိုပြီးတော့၊ အခုဆို တော်တော်ချုပ်ရတယ်”ဟု ၎င်းက ဆိုသည်။

ယခုအခါ မြန်မာဝတ်စုံများကို ပုံစံ မျိုးစုံ ချုပ်လုပ်ပေးနေရကာ ပုံစံ တစ်မျိုးလျှင် အရောင် လေးရောင်မှ ခြောက် ရောင်အထိ ချုပ်လုပ်ပေးရသည့်အပြင် ချုပ်ထည်များကို အိမ်တိုင်းလာရောက် လာယူနေသည်ဟု ၎င်းက ပြောဆိုသည်။

ထိုဝတ်စုံများကို ချုပ်လုပ်ပြီး တစ်ထည်လျှင် ၁၂၀၀၀ အထိ ရနေကြောင်း ၎င်းက ပြောသည်။
မွန်ရိုးရာ ဝတ်စုံများကိုလည်း ထိုင်းနိုင်ငံဘက်မှ မှာယူမှု ရှိလာသောကြောင့် ပိုမို ရောင်းအားသွက်နေသည်ဟု မော်လမြိုင်၊ စက်မှုဇုန်မှ ဝီမွန် အထည်ချုပ်လုပ်ငန်းမှ ဒီဇိုင်နာ မခင်စန်းဝင်းက ပြောသည်။

“ထိုင်းက မှာတယ်ပေါ့နော်၊ ချုပ်ပေးလို့ရလား သူတို့လာယူမယ်ပေါ့၊ အရင်နှစ်တွေတည်းက ကမ်းလှမ်းတာ ပို့တော့ပို့တယ်၊ ဒီနှစ်မှာတော့ ပိုပြီးတော့ များလာတယ်”ဟု ၎င်းက ပြောသည်။

ထိုသို့ မှာယူသော မွန်ရိုးရာ ဝမ်းဆက်များကို တစ်စုံလျှင် ကျပ် ၂၅၀၀၀ မှ ၅၀၀၀၀ အထိ ဈေးရနေသည်။

ထိုက်ထိုက်

Advertisements
<

Leave a Reply