မတ် ၁၉၊ မော်စကို ။ ။ ရုရှားနိုင်ငံတောင်ပိုင်း၌ ယနေ့နံနက်ပိုင်းက ခရီးသည်တင်လေယာဉ်တစ်စီး ပျက်ကျခဲ့ပြီး လေယာဉ်ပေါ်ပါရှိသူ ခရီးသည် ၅၅ ဦးနှင့် လေယာဉ်ဝန်ထမ်း ခုနှစ်ဦးစလုံး သေဆုံးခဲ့ကြောင်း ရုရှားနိုင်ငံပိုင်သတင်းဌာနက ဖော်ပြထားသည်။

air-plane-crash-photo

မတ်လ ၁၉ ရက်နေ့ ဒေသစံတော်ချိန် နံနက် ၃ နာရီ ၅၀ မိနစ်တွင် ဒူဘိုင်းမှ ရုရှားသို့ပျံသန်းလာသော Fly Dubai လေကြောင်းလိုင်းမှ ခရီးသည်တင်လေယာဉ်သည် ရုရှားနိုင်ငံတောင်ပိုင်း Rostov-on-Don မြို့လေဆိပ်သို့ ဆင်းသက်ရာတွင် ပြေးလမ်းချော်၍ ပျက်ကျခဲ့ခြင်းဖြစ်ပြီး လေယာဉ်ပေါ်လိုက်ပါလာသူ အားလုံးသေဆုံးခဲ့ခြင်းဖြစ်သည်။

“ကံမကောင်းစွာနဲ့ပဲ သူတို့အားလုံးသေဆုံးသွားခဲ့ပါတယ်”ဟု ရုရှား ကယ်ဆယ်ရေးဝန်ကြီးဌာနမှ တာဝန်ခံ Viktor Yanutsenko က ရုရှားနိုင်ငံ အခြေစိုက် RIA news agencyသို့ တရားဝင်ထုတ်ဖော်ပြောကြား သည်။

ရုရှားနိုင်ငံသားအများစုပါဝင်သော အဆိုပါ လေယာဉ်ပျက်ကျရခြင်းအကြောင်းရင်းကို တိတိကျကျမသိရသေးသော်လည်း မြင်ကွင်းမရှင်းလင်းမှုနဲ့ လေပြင်းတိုက်ခတ်မှုများကြောင့် ဖြစ်နိုင်ဖွယ်ရှိကြောင်း လေကြောင်းလိုင်းမှ တာဝန်ရှိသူတစ်ဦးက ခန့်မှန်းပြောဆိုထားသည်။

ထို့ပြင် လေယာဉ်ပေါ်လိုက်ပါလာသောခရီးသည်စာရင်းတွင် နိုင်ငံခြားသားသုံးဦးပါဝင်နေကြောင်း လေကြောင်းလိုင်းက သတင်းထုတ်ပြန်သော်လည်း အမည်စာရင်းအတိအကျ မဖော်ပြထားကြောင်း Reuter သတင်းဌာနက ဖော်ပြထားသည်။
Ref : Reuters

Leave a Reply