Advertisements

မော်စကို ဧပြီ ၂၆

ရုရှား-မြောက်ကိုရီးယား ပထမအကြိမ် ထိပ်သီးအစည်း အဝေးကို ဗလာဒီဗိုစတော့ခ်မြို့တွင် ဧပြီလ ၂၅ရက်နေ့က ကျင်းပခဲ့သည်။

ထိုတွေ့ဆုံပွဲတွင် ရုရှားနှင့် မြောက်ကိုရီးယားခေါင်းဆောင်တို့က အမေရိကန်နိုင်ငံ၏ လွှမ်းမိုး မှုကို တုံ့ပြန်ရန် နှစ်နိုင်ငံ ပူးပေါင်းလုပ်ဆောင်သွားရန်သဘောတူခဲ့ကြောင်း သိရသည်။

သမ္မတဗလာဒီမာပူတင်က ကိုရီးယားကျွန်းဆွယ် ဒေသအတွင်း တင်းမာမှုများကို လျှော့ချရန်ကြိုးပမ်းရာတွင် အမေရိကန်နိုင်ငံ၏ သဘောထားနှင့် တူညီမှုရှိသည့် အတွက် နျူကလီးယားလက်နက်ကင်းစင်ပပျောက်ရေး လုပ်ငန်းစဉ်ကို ထောက်ခံပါကြောင်း ပြောကြားခဲ့သည်။

ပြုံယမ်းအနေဖြင့် နျူကလီးယားလက်နက်ကင်းစင်ပပျောက်ရေးလုပ်ငန်းစဉ်ကို အကောင်အထည် ဖော်ဆောင်မည်ဆိုပါက နိုင်ငံ၏လုံခြုံရေးနှင့် အချုပ်အခြာ အာဏာ တည်တံ့ခိုင်မြဲရေးအတွက် လုံလောက်သော အာမခံချက်ရှိရန် လိုအပ်ကြောင်း သမ္မတပူတင်က ဆို သည်။

ထို့ပြင် မြောက်ကိုရီးယားနိုင်ငံကို ကမာဘအရပ်ရပ်ရှိ အခြေအနေများကို ဆုံးဖြတ်ဖြေရှင်းပေးနိုင်သော နိုင်ငံ တကာဥပဒေ သက်ရောက်သည့် နိုင်ငံတစ်နိုင်ငံအသွင် ကူးပြောင်းရန် လိုအပ်သည်ဟု သမ္မတပူတင်က ဆက်လက်ပြောကြားခဲ့သည်။

မြောက်ကိုရီးယားခေါင်းဆောင်ကင်သည် ဧပြီ ၂၆ ရက်တွင် ရုရှား ယဉ်ကျေးမှုကပွဲများနှင့် ငါးပြတိုက်သို့ သွားရောက်ကြည့်ရှု မည်ဖြစ်ကြောင်း ရုရှားမီဒီယာက သတင်းဖော်ပြကြသည်။

ပြုံယမ်းနှင့် မော်စကို ဆက်ဆံရေးကို ပိုမိုတည်ငြိမ် ကောင်းမွန်သည့် ခေတ်သစ်ဆက်ဆံရေးအဖြစ် ဆက်လက် ထိန်းသိမ်းသွားမည်ဖြစ်ကြောင်း ခေါင်းဆောင်ကင်က ပြောကြားခဲ့သည်။ ထို့ပြင် ယခုထိပ်သီးအစည်းအဝေး သည် နှစ်နိုင်ငံ သံတမန်ဆက်ဆံရေးနှင့် စီးပွားရေးကဏ္ဍများတွင် ပိုမိုတိုးတက်မှုရှိစေရန် ရလဒ်ကောင်းများ ဆောင်ကြဉ်းပေး မည်ဟု ယုံကြည်ပါကြောင်း ခေါင်းဆောင်ကင်က ဆို သည်။

ပြုံယမ်းနှင့် အမေရိကန်ဆက်ဆံရေး တိုးတက် ကောင်းမွန်ရန်ကြိုးပမ်းခဲ့သည့် ခေါင်းဆောင်ကင်၏ လုပ်ဆောင်ချက်များကို အသိအမှတ်ပြုထောက်ခံပါ ကြောင်း သမ္မတပူတင်က ပြောကြားခဲ့သည်။ နျူကလီး ယားလက်နက် ကင်းစင်ပပျောက်ရေးအတွက် ရုရှားနိုင်ငံ အနေဖြင့် ကူညီနိုင်မည့်နည်းလမ်းများကို ရှာတွေ့နိုင် မည်ဟု မျှော်လင့်ပါကြောင်း သမ္မတပူတင်က ဆိုသည်။

ရုရှား-မြောက်ကိုရီးယား ထိပ်သီးအစည်းအဝေးသည် သဘောတူညီမှုတစ်ရပ်မျှ ချမှတ်ခဲ့ခြင်းမရှိသည့် ဝါရှင် တန်-ပြုံယမ်း ဒုတိယအကြိမ်ထိပ်သီးအစည်းအဝေးပြီးနောက် ခေါင်းဆောင်ကင်၏ ပထမဆုံးအကြိမ် ထိပ်သီး အစည်းအဝေးဖြစ်သည်။

နှစ်နာရီကျော်ကြာဆွေးနွေးခဲ့သော ရုရှား-မြောက်ကို ရီးယား ထိပ်သီးအစည်းအဝေးသည် ပြုံယမ်း၏ နျူကလီး ယားကင်းစင်ပပျောက်ရေးလုပ်ငန်းစဉ်တွင် မော်စကို၏အရေးပါမှုကို မီးမောင်းထိုးပြခဲ့သည်ဟု နိုင်ငံရေး စောင့်ကြည့်လေ့လာသူများက ဆိုသည်။

Ref: AFP

Advertisements
<

Leave a Reply