နယူးယောက် ဧပြီ ၄
Caption Marvel လို့အမည်ရတဲ့ Hero ဇာတ်ကောင်သစ်ပါဝင်တဲ့ ရုပ်ရှင်ကားဟာ ရုံတင်ပြီး ၂၅ရက်အတွင်းမှာ အမေရိကန်ဒေါ်လာ သန်း၁၀၀၀ ဝင်ခဲ့တာကြောင့် office boxရဲ့စာရင်းမှာ ထိပ်တန်းရပ်တည်နိုင်ခဲ့ပါတယ်။
ဒီဇာတ်ကားဟာဆိုရင် ဝေါဒစ္စနေနဲ့ မာဗယ်စတူဒီယိုတို့ရဲ့ပူးပေါင်းထုတ်လုပ်မှုဖြစ်ပြီးတော့ အမျိုးသမီးသူရဲကောင်း ဇာတ်ကောင် ကို ဆိုလို ဦးဆောင်ရိုက်ကူးထားတာဖြစ်ပါတယ်။ မတ်လ ၈ရက်နေ့ကတည်းက ဝင်ငွေဟာ အမေရိကန်ဒေါ်လာ သန်း ၁၀၀၀ နီးပါး ရရှိထားတာဖြစ်ပါတယ်။
ရုပ်ရှင်ရိုက်ကူးစဉ်က အမေရိကန်ဒေါ်လာ ၃၅၈သန်းသာရင်းနှီးမြှုပ်နှံခဲ့တာဖြစ်ပေမဲ့ ရုံတင်ပြီး ၃ရက်အတွင်းမှာ အဲဒီပမာဏပြန်ရခဲ့တာပဲဖြစ်ပါတယ်။ အမေရိကန်နိုင်ငံမှာ ဒေါ်လာ ၆၄၅သန်းဝင်ငွေရှိခဲ့ပြီး တစ်ကမ္ဘာလုံးရဲ့ စုစုပေါင်းဝင်ငွေကတော့ သန်း ၁၀၀၀ကျော်သွားခဲ့ပါတယ်။
အထူးသဖြင့် အမေရိကန်မဟုတ်တဲ့ နိုင်ငံခြားတိုင်းပြည်တွေမှာ အထူးရေပန်းစားပြီး အာရှနိုင်ငံကြီးတွေဖြစ်တဲ့ တရုတ်နဲ့ ကိုရီးယားမှာလည်း စံချိန်တင်ဝင်ငွေရခဲ့ပါသေးတယ်။
ဒီစီစတူဒီယိုကနေ နောက်ဆုံးထုတ်ထားတဲ့ Aquamanဇာတ်ကားဟာဆိုရင် အမေရိကန်ပြင်ပနိုင်ငံကနေ ဝင်ငွေ အမေရိကန်ဒေါ်လာ ၁၀၁၄သန်း ရရှိခဲ့ဖူးပါတယ်။ ဒါပေမဲ့ ရုံတင်ရက် ခြောက်လအကြာမှာရရှိခဲ့တာဖြစ်ပြီး Captain Marvelကတော့ စံချိန်ချိုးလုနီးပါးဖြစ်နေပါပြီ။
Avengers ဇာတ်လမ်းတွေဖြစ်တဲ့ Infinity warဇာတ်ကားဟာ ပြီးခဲ့တဲ့နှစ်က ရုံတင်ရက်ခြောက်လအတွင်း အမေရိကန်ဒေါ်လာသန်း ၂၀၀၀ကျော်ရှိခဲ့ဖူးပါတယ်။Capatin Marvel ကတော့ ခြောက်လအတွင်းမှာ ထွက်ဖူးခဲ့သမျှ ဟီးရိုးဇာတ်ကောင်တွေရဲ့ကားတွေအကုန်လုံး ရဲ့ ဝင်ငွေစံချိန်ကိုချိုးပစ်နိုင်မယ်လို့ ရုပ်ရှင်ဝါသနာရှင်တွေက ခန့်မှန်းထားပါတယ်။
လာမယ့် ရက်သတ္တပတ်မှာ Marvel ရဲ့ Avengers: Endgame ကိုရုံတင်မှာဖြစ်ပြီး ရုပ်ရှင်နှစ်ခုရဲ့ ဝင်ငွေကို အားပြိုင်ရဦးမှာပါ။ မာဗယ်စတူဒီယိုဟာ ဒီဇာတ်ကားနှစ်ကားရဲ့ ဝင်ငွေကို အမေရိကန်ဒေါ်လာ ၁၈၀၀ကျော်အထိရနိုင်မယ်လို့ မျှော်မှန်းထားတယ်လို့ သိရပါတယ်။
CNBC