Advertisements

ဘေကျင်း။

တရုတ်နိုင်ငံသည် အလွန်ကြီးမားသော ရေသွယ်ယူရေးစီမံကိန်းဖြင့် တောင်ပိုင်းဒေသမှ ရေ ကုဗမီတာ ၁၀ ဘီလီယံကို မိုခေါင်နေသော နိုင်ငံမြောက်ပိုင်းသို့ သယ်ပို့ပေးခဲ့ကြောင်း အာဏာပိုင်များက ပြောသည်။

မကြားသေခင် ဆယ်စုနှစ်များမှ စတင်ကာ မိုးခေါင်မှု၊ လူဦးရေးတိုးပွားလာမှု၊ စိုက်ပျိုးရေးနှင့် မထင်မှတ်ထားသော ထုတ်လုပ်ရေးလုပ်ငန်းများ ကြီးထွားလာမှုကြောင့် တရုတ်နိုင်ငံမြောက်ပိုင်းတွင် ရေလိုအပ်ချက်များ ပေါ်ပေါက်လာခဲ့သည်။

တရုတ်နိုင်ငံသည် ၎င်းတို့၏ ကြီးမားသော ရေသွယ်ယူရေးစီမန်ကိန်းများဖြင့် ရေကုဗမီတာ ၄၄ ဒသမ ၈ ဘီလီယံကို သယ်ပို့ပေးရန် ရည်ရွယ်ထားသည်။ ထိုပမာဏမှာ တစ်နိုင်ငံလုံး သုံးစွဲသောရေပမာဏ၏ ၇ ရာခိုင်နှုန်းရှိသည်။

ငွေကုန်ကြေးကျ များပြားသော အဆိုပါ စီမံကိန်းမှာ လမ်းကြောင်းသုံးခုဖြင့် တောင်ပိုင်းမှရေများကို မြောက်ပိုင်းသို့ပို့ခြင်းဖြစ်ပြီး ၁၉၅၀ ခုနှစ်ဝန်းကျင်မှစကာ ယင်းစီမံကိန်းကို စဉ်းစားခဲ့ကြခြင်းဖြစ်သည်။

အလယ်လမ်းကြောင်းမှာ ယန်ဇီမြစ်မှ ရေများကို စုပ်ယူကာ ဘေဂျင်းမြို့၊ တီယန်ဂျင်းမြို့နှင့် ဟန်နန်၊ ဟာဘေး ပြည်နယ်များသို့ ပေးပို့နေသည်။ အဆိုပါလမ်းကြောင်းကို ၂၀၁၄ ခုနှစ်က စတင် အသုံးပြုခဲ့ခြင်းဖြစ်သည်။

တရုတ်နိုင်ငံသည် နှစ်စဉ်ရေသုံးစွဲမှုကို ကုဗမီတာ ၆၇၀ ဘီလီယံအောက် လျော့နည်းအောင် ၂၀၂၀ အထိ ထိန်းထားရန် ရည်ရွယ်ထားသည်။

Source: Reuters

Leave a Reply